22 The fruit of the Spirit is love, joy, peace, forbearance, kindness, goodness, faithfulness, 23 gentleness and self-control. Against such things there is no law. ( Galatians 5:22-23 )  

Tuesday, September 11, 2012

ကာတာလန် ကိုယ်စားပြု အရောင်ကို ဘာစီလိုနာ ပြောင်းလဲ ဝတ်ဆင်မည်ဟု သတင်းထွက်ပေါ်

ဘာစီလိုနာ အသင်းသည် လာမည့် ရာသီတွင် ကာတာလန် ဒေသ၏ အလံမှ အရောင်အတိုင်း ဂျာစီကို အရောင်ပြောင်းလဲ ဝတ်ဆင်မည်ဟု သိရှိရသည်။
ကာတာလန်၏ ဂုဏ်ဆောင်ဖြစ်သော စပိန်ထိပ်သီး အသင်းကြီးသည် ကာတာလန်၏ အမွေအနှစ် သမိုင်းကြောင်းများကို အစဉ်အဆက် ကိုယ်စားပြုခဲ့ကြောင်း ယင်းဒေသခံများက ဂုဏ်ယူခဲ့ကြသည်။ ယခုအခါတွင် ဘာစီလိုနာက (၂၀၁၃-၁၄) ဘောလုံးရာသီအတွက် ဂျာစီကို လက်ရှိ အရောင်မှ ပုံစံခွဲထွက် ပြောင်းလဲကာ အနီနှင့် ရွှေရောင်တို့ကို ရောစပ် ဝတ်ဆင်မည်ဟု Sportက ဖော်ပြခဲ့သည်။ ဘာစီလိုနာသည် အနီနှင့် အပြာကျား ဂျာစီကို အစဉ်အဆက် ဝတ်ဆင်ခဲ့သော်လည်း ကာတာလန်ကို ပိုမိုကိုယ်စားပြုသည့် အရောင်မျိုး ရွေးချယ်ရန် အာသီသ ရှိနေကြောင်း သတင်းများက ဆိုသည်။

Sportက ပရိသတ်များ အနေဖြင့် (၁၁၃)နှစ်ကြာ စောင့်ဆိုင်းပြီးနောက် ၎င်းတို့၏ အလံရောင်ကို ၎င်းတို့ ချစ်မြတ်နိုးသည့် အသင်း၏ ကိုယ်စားပြု ဂျာစီ၌ တွေ့မြင်နိုင်တော့မည်ဟု ဖော်ပြခဲ့သည်။ ဘာစီလိုနာ တာဝန်ရှိသူများသည် အနီနှင့် ရွှေရောင်ကျား ဂျာစီကို ရွေးချယ်ခြင်းဖြင့် ကလပ်အသင်းက မိမိတို့ ကိုယ်စားပြုသော ဒေသနှင့် ကာတာလန် နယ်သားတို့အပေါ် အလေးပေး အာရုံစိုက်မှုကို ထင်ဟပ်စေမည်ဟု မျှော်လင့်နေကြောင်း သိရသည်။ လက်ရှိ ဘာစီလိုနာ အသင်းသည် အိမ်ကွင်းနှင့် အဝေးကွင်း ဝတ်စုံများ၌ ကာတာလန် အလံ၏ အရောင်ကို ကျောဘက်တွင် ထည့်သွင်းထားပြီး ယင်းအထိမ်းအမှတ်ကို ဥက္ကဋ္ဌ ဂျိုအန်လာပေါ်တာလက်ထက် (၂၀၀၃)ခုနှစ်က ကတည်းက စတင်ခဲ့ခြင်းဖြစ်သည်။
ဘာစီလိုနာက (၂၀၁၃-၁၄) ဘောလုံးရာသီအတွက် ဂျာစီကို လက်ရှိ အရောင်မှ ပုံစံခွဲထွက် ပြောင်းလဲကာ အနီနှင့် ရွှေရောင်တို့ကို ရောစပ် ဝတ်ဆင်မည်ဟု Sportက ဖော်ပြခဲ့...
Print Friendly and PDFPrintPrint Friendly and PDFPDF

0 comments:

Post a Comment

သတင်း၊ ဆောင်းပါး ၊တိုင်ကြားစာ ၊ နည်းပညာ ၊ တရားဟောချက် etc မည်သူမဆို လွှတ်လပ်စွာရေးသား ပေးပို့နိုင်ပါသည်။

သင်၏ဝေဖန်အကြံပြုစာသည် ကျတော်တို့အတွက် နောက်တဖန်ရေးသားဖို့ရန်အတွက် အားဆေးဖြစ်စေလိုပါသည်။ အချိန်ယူကာ ဝင်ရောက်ဖတ်ရှုခြင်းအတွက် အထူးကျေးဇူးတင်ပါသည်။

ခင်မင်လေးစားစွာဖြင့်- Admins
Email - simonkamta@thespiritfruit.com

Zawgyi Converter

Note - If you don't install zawgyi myanmar font in your computer, can be use this zawgyi converter

ရှာလို့လွယ်အောင် အသစ်တင်သမျှ ခေါင်းစဉ် ( 70 )