မိမိ၏ ကစားသမား ဘဝကို မြှင့်တင် ပေးခဲ့သည့် ဝီဂန်ကို အမြဲတစေ အမှတ်ရ ကျေးဇူး တင်နေမည် ဖြစ်ကြောင်း ချယ်လ်ဆီး ကစားသမားသစ် ဗစ်တာမော့ဆက်စ်က ဖွင့်ဟ ပြောကြားလိုက်သည်။
နိုက်ဂျီးရီးယား လက်ရွေးစင် တိုက်စစ် ကစားသမားသည် ပြီးခဲ့သည့် နွေရာသီက ပေါင်စတာလင် (၉)သန်းဖြင့် ဝီဂန်မှ စတမ်းဖို့ဒ်ဘရစ်ဂ်ျသို့ ပြောင်းရွှေ့လာခဲ့သည်။ ၎င်းသည် DW ကွင်းကြီးတွင် အခြေစိုက်သော အသင်း၌ ပြီးခဲ့သည့် ရာသီက (၃၇)ပွဲ ကစားကာ (၂၁)ဂိုး သွင်းယူနိုင်ခဲ့သည်။ အသက်(၂၁)နှစ်ရှိ မော့ဆက်စ်က (၂၀၁၀)ပြည့်နှစ်တွင် ဝီဂန် အသင်းသို့ ပြောင်းရွှေ့ဖြစ်ခဲ့မှုကလည်း မိမိ၏ ကစားသမား ဘဝ တက်လှမ်းမှုကို များစွာ အထောက်အကူ ဖြစ်စေခဲ့သည်ဟု ယုံကြည်ကြောင်း ပြောဆိုခဲ့သည်။
"ဝီဂန်မှာ ကစားခွင့် ရခဲ့တာက ကျွန်တော့်ကို အများကြီး ဖွံ့ဖြိုး တိုးတက်လာစေပါတယ်။ ရောဘတ်တို မာတီနက်ဇ်ဟာ တကယ့် မန်နေဂျာကောင်း တစ်ယောက်ပါ။ သူက ဘောလုံး ကစားနေရတာကို ချစ်မြတ်နိုးတဲ့သူပါ။ ကျွန်တော်တို့ အနေနဲ့ ဘောလုံးကို မှန်ကန်တဲ့ နည်းလမ်းနဲ့ ကစားတတ်အောင် လမ်းညွှန်ပေးတဲ့ မန်နေဂျာ တစ်ယောက်နဲ့ တွဲပြီး အလုပ်လုပ်ခွင့် ရခဲ့တာကြောင့် ကိုယ့်ကိုယ်ကိုယ် ပရော်ဖက်ရှင်နယ် နည်းလမ်းကျအောင် သင်ယူနိုင်ခဲ့ပါတယ်။ သူနဲ့တူတူ အလုပ်တွဲ လုပ်ရတာဟာ တကယ့်ကို ကျေနပ်စရာပါပဲ" ဟု မော့ဆက်စ်က ပြောကြားသွားသည်။
ကျွန်တော်တို့ အနေနဲ့ ဘောလုံးကို မှန်ကန်တဲ့ နည်းလမ်းနဲ့ ကစားတတ်အောင် လမ်းညွှန်ပေးတဲ့ မန်နေဂျာ တစ်ယောက်နဲ့ တွဲပြီး အလုပ်လုပ်ခွင့် ရခဲ့တာကြောင့် ကိုယ့်ကိုယ်ကိုယ် ပရော်ဖက်ရှင်နယ် နည်းလမ်းကျအောင် သင်ယူနိုင်ခဲ့ပါတယ်...
မော့ဆက်စ်သည် ဩဂုတ်လ (၂၄)ရက်နေ့ ကတည်းက ချယ်လ်ဆီးနှင့် စာချုပ် ဖြစ်ခဲ့သော်လည်း တစ်ပွဲမျှ မကစားရသေးချေ။ မော့ဆက်စ်သည် လန်ဒန်ပြိုင်ဘက် QPRနှင့် တွေ့ဆုံမည့် ယခု သီတင်းပတ် ပွဲစဉ်တွင် ချယ်လ်ဆီး အတွက် ပွဲထွက်ခွင့် ရရန် မျှော်လင့်လျှက်ရှိသည်။
Ref: A Different League
0 comments:
Post a Comment
သတင်း၊ ဆောင်းပါး ၊တိုင်ကြားစာ ၊ နည်းပညာ ၊ တရားဟောချက် etc မည်သူမဆို လွှတ်လပ်စွာရေးသား ပေးပို့နိုင်ပါသည်။
သင်၏ဝေဖန်အကြံပြုစာသည် ကျတော်တို့အတွက် နောက်တဖန်ရေးသားဖို့ရန်အတွက် အားဆေးဖြစ်စေလိုပါသည်။ အချိန်ယူကာ ဝင်ရောက်ဖတ်ရှုခြင်းအတွက် အထူးကျေးဇူးတင်ပါသည်။
ခင်မင်လေးစားစွာဖြင့်- Admins
Email - simonkamta@thespiritfruit.com