နယူးကာဆယ်လ် ယူနိုက်တက် အသင်း ကွင်းလယ် ကစားသမား ယိုဟန် ကာဘာယီက ၎င်းသည် အသင်းတွင် လက်ရှိ မပျော်ပိုက်နိုင်ဘဲ ဖြစ်နေကြောင်း သတင်းများအား ငြင်းဆိုသွားခဲ့သည်။
ပြင်သစ် လက်ရွေးစင် ကာဘာယီက ဘာစီလိုနာ၊ မန်ချက်စတာ ယူနိုက်တက်နှင့် အာဆင်နယ်တို့ကဲ့သို့ အသင်းများက စိတ်ဝင်စားနေကြောင်း သတင်းထွက်ပေါ် နေသည့်တိုင် နယူးကာဆယ်လ်တွင်သာ အခြေချ ကစားလိုကြောင်း ဆိုသည်။ နယူးကာဆယ်လ်သည် ပြီးခဲ့သည့် အပြောင်းအရွှေ့ ကာလအတွင်း အဓိက ကစားသမားများဖြစ်သည့် ကာဘာယီ အပါအဝင် ချိခ်တီယော့တီ၊ ပက်ပစ်ဆစ်ဆေး၊ ဒမ်ဘာဘားတို့ကို အသင်းတွင် ဆက်ရှိနေအောင် ရုန်းကန် ထိန်းသိမ်းထား နိုင်ခဲ့သည်။
ကာဘာယီက "ကျွန်တော် အသင်းက ထွက်ချင်တယ် ဆိုတဲ့ သတင်းတွေက မမှန်ပါဘူး။ ကျွန်တော် ဒီမှာ ပျော်နေပါတယ်။ တခြားဆန့်ကျင်ဘက် ကိစ္စမျိုး ကျွန်တော် လုံးဝ မတွေးခဲ့ပါဘူး။ ဘောလုံးရာသီ တစ်ခုပြောင်းတော့ ကျွန်တော့်အတွက် ခြားနားတဲ့ အတွေ့အကြုံသစ်တွေ ရလာပါတယ်။ လက်ရှိမှာ ကျွန်တော် ကြံ့ခိုင်မှု မပြည့်သေးပါဘူး။ အဲဒီအတွက်လည်း ဆင်ခြေ ပေးနေမှာ မဟုတ်ဘဲ အပြည့်အဝ ကြံ့ခိုင်လာတဲ့ထိ ကျွန်တော် အကောင်းဆုံး ကြိုးစားသွားမှာပါ" ဟု ထုတ်ဖော် ပြောကြားသွားခဲ့သည်။
ကျွန်တော် အသင်းက ထွက်ချင်တယ် ဆိုတဲ့ သတင်းတွေက မမှန်ပါဘူး။ ကျွန်တော် ဒီမှာ ပျော်နေပါတယ်။ တခြားဆန့်ကျင်ဘက် ကိစ္စမျိုး ကျွန်တော် လုံးဝ မတွေးခဲ့ပါဘူး...
0 comments:
Post a Comment
သတင်း၊ ဆောင်းပါး ၊တိုင်ကြားစာ ၊ နည်းပညာ ၊ တရားဟောချက် etc မည်သူမဆို လွှတ်လပ်စွာရေးသား ပေးပို့နိုင်ပါသည်။
သင်၏ဝေဖန်အကြံပြုစာသည် ကျတော်တို့အတွက် နောက်တဖန်ရေးသားဖို့ရန်အတွက် အားဆေးဖြစ်စေလိုပါသည်။ အချိန်ယူကာ ဝင်ရောက်ဖတ်ရှုခြင်းအတွက် အထူးကျေးဇူးတင်ပါသည်။
ခင်မင်လေးစားစွာဖြင့်- Admins
Email - simonkamta@thespiritfruit.com