
ပေါက်တောရွာမှာ ခိုးဝင်လာသူ ဘင်္ဂလီကုလား
အယောက် သုံးဆယ် အနက်က ဆယ်ယောက်ကို
မနေ့က စက်တင်ဘာလ ၁၄-ရက်နေ့
ညခုနစ်နာရီခန့်မှာ ဖမ်းမိခဲ့တယ်။
အလောင်းတော် ကဿပသွား တောလမ်းမှာ ရွာသားတစ်ယောက်ကတွေ့လို့ သတင်းပို့တဲ့အတွက် ကျေးရွာအုပ်ချုပ်ရေးမှူးနဲ့ အရံမီးသတ်တပ်ဖွဲ့ဝင်တွေက ဝိုင်းဝန်းဖမ်းဆီးခဲ့ကြတာဖြစ်တယ်။ ပေါက်တောရွာ အုပ်ချုပ်ရေးမှူးအိမ်မှာ ခေတ္တ ထိန်းသိမ်းထားပြီးနောက် ကလေးမြို့ရဲစခန်းက စက်လှေနဲ့ လာခေါ်သွားခဲ့တယ်။
ဖမ်းမိတဲ့ ဆယ်ကျော်သက်အရွယ် ဘင်္ဂလီ ဆယ်ယောက်ကို လမ်းပြခေါ်လာခဲ့သူ ဗုဒ္ဓဘာသာဝင် ဗမာလူမျိုး ကိုစိန်ဝင်းဟာ မင်းကင်းနယ် တောင်တွင်းရွာကဖြစ်ပါတယ်။ တမူးမှ ကလေးကို ဆိုင်ကယ်ဖြင့် ပို့ဆောင်ခ ငါးသိန်းကျပ်ရပြီးတော့၊ တမူးကနှေ မန္တလေးတရောက် ပို့ပေးရင် တစ်ယောက်ကို (၁၅)သိန်းရတယ် လို့ဆိုပါတယ်။ ခါတိုင်းလိုပဲ အလွယ်တကူ ဖြတ်ကျော်လို့ရမယ်ထင်ပြီး အတင့်ရဲရဲ ဖြတ်ကျော်လာတဲ့အတွက် ဖမ်းမိသွားတာဖြစ်တယ်လို့ ဆိုပါတယ်။
အခု ဖမ်းမိတဲ့ ဘင်္ဂလီတွေဟာ(၂၇)ယောက်အုပ်စုအနေနဲ့ ၀င်လာကြတာဖြစ်ပြီး၊ ကျန်(၁၇)ယောက်
ကတော့ လွတ်မြောက်နေသေးတယ်။
အနီးအနားက ဆင်ရွာမှာလည်း (၃၀)ယောက် အုပ်စုတစ်အုပ်စု ရှိနေသေးတယ်လို့ သတင်းထွက်တယ်။ အင်းစိန်တံငါရွာမှာလည်း ဘင်္ဂလီများ ရောက်ရှိနေကြောင်း ကြားရလို့ နေသာရွာ ဆရာတော် ဦးဓမ္မိက က လူလွှတ်ပြီး စုံစမ်းနေတယ်လို့ သိရပါတယ်။
ဖမ်းမိလာသော ဘင်္ဂါလီ (၁၀)ဦးနှင့် မြန်မာ တစ်ဦးအား
တောင်ဦကျေးရွာသို့ ခေါ်ဆောင်လာစဉ်
အခု ဖမ်းမိတဲ့ ကိုစိန်ဝင်းဟာ လမ်းပြအဆင့်သာဖြစ်ပြီးတော့ ဘင်္ဂလီတွေကို ခိုးသွင်းပေးနေတဲ့ ဂိုဏ်းခေါင်းဆောင် ဒေသခံ တစ်ဦး ကလေးမြို့မှာ ရှိနေပြီလို့ တွက်ဆကြတယ်။ အဆိုပါ ဒေသခံခေါင်းဆောင်ဟာလည်း ဗုဒ္ဓဘာသာဝင် ဗမာလူမျိုးတစ်ယောက်ပဲ ဖြစ်ပြီးတော့ စုံစမ်းရှာဖွေဆဲဖြစ်တယ်။
ပြီးခဲ့တဲ့ စက်တင်ဘာလ (၁၃)ရက်နေ့က ကလေးမြို့မှာ ပူပူနွေးနွေး ကျင်းပထားတဲ့ ဘင်္ဂါလီခိုးဝင်သူရှုတ်ချပွဲကြောင့် အခုလို ပြည်သူလူထုဘက်က ပူးပေါင်းဆောင်ရွက်ပေးတာကို ဒေသခံပြည်သူ့ရဲတွေကလည်း အားရကျေနပ်နေကြတယ်
လို့သိရတယ်။
လူဝင်မှုကြီးကြပ်ရေးဝန်ကြီးဦးခင်ရီကတော့ ဘင်္ဂလီတွေ ခိုးဝင်လာတာကို
မတွေ့ရဘူး ဆိုတဲ့သဘာမျိုးကို မကြာသေးခင်က သတင်းစာရှင်းလင်းပွဲ တစ်ခုမှာ
ပြောကြားသွားခဲ့တယ်။
Coral Arakan News Agency
0 comments:
Post a Comment
သတင်း၊ ဆောင်းပါး ၊တိုင်ကြားစာ ၊ နည်းပညာ ၊ တရားဟောချက် etc မည်သူမဆို လွှတ်လပ်စွာရေးသား ပေးပို့နိုင်ပါသည်။
သင်၏ဝေဖန်အကြံပြုစာသည် ကျတော်တို့အတွက် နောက်တဖန်ရေးသားဖို့ရန်အတွက် အားဆေးဖြစ်စေလိုပါသည်။ အချိန်ယူကာ ဝင်ရောက်ဖတ်ရှုခြင်းအတွက် အထူးကျေးဇူးတင်ပါသည်။
ခင်မင်လေးစားစွာဖြင့်- Admins
Email - simonkamta@thespiritfruit.com