အာဆင်နယ် မန်နေဂျာ အာစင်ဝင်းဂါးက အသင်း၏ ကစားပုံကို စွဲမက်ဖွယ် ကောင်းလာအောင် ကွင်းလယ်လူ ဆန်တီ ကာဇိုလာက ကူညီ ပေးနိုင်ခဲ့သည်ဟု ချီးကျူး ပြောကြားလိုက်သည်။
မာလာဂါ အသင်းမှ ပေါင်စတာလင် (၁၅)သန်းဖြင့် ပြောင်းရွှေ့ ရောက်ရှိလာသည့် စပိန် လက်ရွေးစင်သည် အမ်းမရိတ်စ်တွင် ခြေစွမ်း ထက်မြက် ပေါ်လွင်စွာ ကစားပြနိုင်ခဲ့ပြီး ပရိသတ် အားပေးမှုကို လျင်မြန်စွာ ရယူနိုင်ခဲ့သည်။ ၎င်းသည် အန်းဖီးလ်တွင် လီဗာပူးလ် အသင်းကို (၂-၀)ဖြင့် အနိုင် ရခဲ့သော အာဆင်နယ် အတွက် ပွဲဦးထွက် ဂိုးကိုလည်း သွင်းယူ ပေးခဲ့သည်။ အသက်(၂၇)နှစ်ရှိ ကစားသမားသည် ယခုအခါ ဆောက်သမ်တန် အသင်းနှင့် ယှဉ်ပြိုင်ရာတွင် အာဆင်နယ် အသင်းအတွက် ပါဝင် ကစားပေးရန် အသင့် ရှိနေပြီ ဖြစ်သည်။
ဝင်းဂါးက "ကာဇိုလာဟာ အသင်းမှာ လူတိုင်းရဲ့ လေးစားမှုကို လျင်လျင်မြန်မြန် ရလာခဲ့ပါတယ်။ ပြီးတော့ သူဟာ နှိမ့်နှိမ့်ချချ နေတတ်သူ တစ်ယောက်ပါ။ ကာဇိုလာက ပွဲတွေအပေါ် စိတ်နှစ် ကစားတတ်ပြီး ဒီအချက်ဟာ မန်နေဂျာ တစ်ယောက် အတွက် ကစားသမားတိုင်းဆီက တကယ် လိုချင်တဲ့ အရာမျိုးလေ" ဟု ဆိုသည်။ ၎င်းက ဆက်လက်၍ "ကာဇိုလာဟာ ကစားနိုင်သမျှ အားထုတ်လေ့ ရှိပါတယ်။ သူဟာ ပွဲတွေကို ချစ်ခင်တဲ့ စိတ်နဲ့ ကစားတတ်သူပါ။ သူနဲ့ တွဲဖက် ကစားရတဲ့ သူတွေက ကစားကွက်ကို အကောင်းဆုံး ပုံဖော်နိုင်ဖို့ လွယ်ကူ သွားပါတယ်။ ဒါကြောင့်လည်း လူတိုင်းရဲ့ လေးစားမှုကို သူရနေတာပေါ့" ဟုလည်း မှတ်ချက် ပြုသွားသည်။
ကာဇိုလာက ပွဲတွေအပေါ် စိတ်နှစ် ကစားတတ်ပြီး ဒီအချက်ဟာ မန်နေဂျာ တစ်ယောက် အတွက် ကစားသမားတိုင်းဆီက တကယ် လိုချင်တဲ့ အရာမျိုးလေ...
0 comments:
Post a Comment
သတင်း၊ ဆောင်းပါး ၊တိုင်ကြားစာ ၊ နည်းပညာ ၊ တရားဟောချက် etc မည်သူမဆို လွှတ်လပ်စွာရေးသား ပေးပို့နိုင်ပါသည်။
သင်၏ဝေဖန်အကြံပြုစာသည် ကျတော်တို့အတွက် နောက်တဖန်ရေးသားဖို့ရန်အတွက် အားဆေးဖြစ်စေလိုပါသည်။ အချိန်ယူကာ ဝင်ရောက်ဖတ်ရှုခြင်းအတွက် အထူးကျေးဇူးတင်ပါသည်။
ခင်မင်လေးစားစွာဖြင့်- Admins
Email - simonkamta@thespiritfruit.com