မန်ချက်စတာ စီးတီး အသင်းသည် လာမည့် (၂)နှစ်အတွင်း ၎င်းတို့၏ အဆင့်မြင့် လေ့ကျင့်ရေး ကွင်းသစ်သို့ ပြောင်းရွှေ့ရန် စီစဉ်ထားကြောင်း သိရသည်။
ပေါင်စတာလင် သန်း(၁၀၀) တန်ဖိုးရှိသော ဆောက်လုပ်ဆဲ ကွင်းသစ်သည် ကမ္ဘာပေါ်တွင် အကောင်းဆုံး လေ့ကျင့်ရေးကွင်းဟု ပရီးမီးယားလိဂ် ချန်ပီယံ အသင်းက ကြွေးကြော်ထားဖူးသည်။ မန်စီးတီးသည် ဧက (၈၀) ကျယ်ဝန်းသော မြေနေရာပေါ်တွင် ယင်းလေ့ကျင့်ရေးကွင်းကို ဆောက်လုပ်နေခြင်း ဖြစ်သည်။ မန်ချက်စတာ အရှေ့ပိုင်းတွင် တည်ရှိသော လေ့ကျင့်ရေးကွင်းကို (၂၀၁၄-၁၅) ဘောလုံးရာသီတွင် စတင် အသုံးပြုနိုင်ရန် မန်စီးတီး တာဝန်ရှိသူများက မျှော်လင့်ထားသည်။
လေ့ကျင့်ရေး ကွင်းတွင် ဘောလုံးကွင်းပေါင်း (၁၇)ကွင်း ပါဝင်ပြီး အရန်အသင်း ကစားရန်အတွက် ပရိသတ် (၇၀၀၀) ဝင်ဆံ့သည့် ကွင်းတစ်ကွင်းကိုလည်း ထည့်သွင်း ဆောက်လုပ်ထားသည်။ ကျန်ကွင်းများ အနက် အများစုမှာ လူငယ်အသင်းမှ ကစားသမားများ လေ့ကျင့်ရန် ဖြစ်သည်။ မန်စီးတီး၏ သံတမန်တစ်ဦး ဖြစ်သော ပက်ထရစ် ဗီအဲရာက "ဒါဟာ ကမ္ဘာပေါ်မှာ အားကစားနည်း အားလုံးနဲ့ ယှဉ်ရင်တောင် အကောင်းဆုံး လေ့ကျင့်ရေးကွင်း တစ်ခု ဖြစ်ပါလိမ့်မယ်" ဟု ကြွေးကြော်ခဲ့သည်။
မန်စီးတီးသည် လေ့ကျင့်ရေး ကွင်းမှ ကွင်းပေါင်း (၁၇)ကွင်းအနက် (၁၂)ကွင်းကို အသက်(၈)နှစ်မှ (၂၁)နှစ်ထိ လူငယ် အသင်းများ အတွက် အသီးသီး အသုံးပြု သွားမည်ဟုလည်း သိရှိရသည်။
ဒါဟာ ကမ္ဘာပေါ်မှာ အားကစားနည်း အားလုံးနဲ့ ယှဉ်ရင်တောင် အကောင်းဆုံး လေ့ကျင့်ရေးကွင်း တစ်ခု ဖြစ်ပါလိမ့်မယ်...

0 comments:
Post a Comment
သတင်း၊ ဆောင်းပါး ၊တိုင်ကြားစာ ၊ နည်းပညာ ၊ တရားဟောချက် etc မည်သူမဆို လွှတ်လပ်စွာရေးသား ပေးပို့နိုင်ပါသည်။
သင်၏ဝေဖန်အကြံပြုစာသည် ကျတော်တို့အတွက် နောက်တဖန်ရေးသားဖို့ရန်အတွက် အားဆေးဖြစ်စေလိုပါသည်။ အချိန်ယူကာ ဝင်ရောက်ဖတ်ရှုခြင်းအတွက် အထူးကျေးဇူးတင်ပါသည်။
ခင်မင်လေးစားစွာဖြင့်- Admins
Email - simonkamta@thespiritfruit.com