ဘင်ဖီကာ အသင်းမှ တိုက်စစ်မှူး နယ်လ်ဆင် အိုလီဗီရာကို ချယ်လ်ဆီးနှင့် မန်ချက်စတာ စီးတီး အသင်းများက အပြိုင် ကြိုးပမ်းနေကြောင်း သိရှိရသည်။
အသက်(၂၀)သာ ရှိသေးသော်လည်း တောက်ပသော ခြေစွမ်းကို ပြသနေသည့် ကစားသမားလေး၏ ပေါက်ဈေးသည် ပေါင်စတာလင် (၂၄)သန်းထိ မြင့်တက်လျှက် ရှိနေသည်။ အိုလီဗီရာအား ဥရောပ ကလပ်အသင်း အမြောက်အမြားက စောင့်ကြည့်နေသော်လည်း မန်စီးတီးနှင့် ချယ်လ်ဆီးတို့သည် ရှေ့ဆုံးမှ ဦးဆောင်နေသည်ဟု ယူဆရသည်။ ချယ်လ်ဆီးသည် ပြီးခဲ့သည့် ရာသီကုန်က အော်စကာ ကာဒိုဇိုအစား လူစားဝင် ကစားပြီး အိုလီဗီရာ အထူးတလည် ခြေစွမ်းပြခဲ့သည့် နောက်ပိုင်း အိုလီဗီရာကို တောက်လျှောက် စောင့်ကြည့်နေခဲ့ကြောင်း သိရသည်။

U-20 ကမ္ဘာ့ဖလား ပြိုင်ပွဲတွင် ဒုတိယ အကောင်းဆုံး ဆုရှင် အိုလီဗီရာ
လက်ရှိတွင် ဘာစီလိုနာကလည်း ကစားသမားလေးအား လေ့လာနေသလို ရီးယဲလ်မက်ဒရစ် နည်းပြ ဟိုဆေး မော်ရင်ဟိုကလည်း ၎င်း၏ အေးဂျင့် ဂျော့ဂ်ျမန်းဒက်စ်ပင် ကိုယ်စားပြုထားသည့် လူငယ်လေးအား နှစ်သက် သဘောကျနေသည်။ အရပ်(၆)ပေ၊ (၁)လက်မ မြင့်သော အိုလီဗီရာသည် မြန်နှုန်းမြင့်မားသလို အသင်းဖော်များနှင့် ချိတ်ဆက် ကစားမှု ကောင်းမွန်ပြီး အဆုံးသတ်ပိုင်း သပ်ရပ်ကြောင်း ချီးကျူး ခံထားရသည်။ ၎င်းသည် ပြီးခဲ့သည့်နှစ်က အသက်(၂၀)အောက် ကမ္ဘာ့ဖလား ဘောလုံးပြိုင်ပွဲတွင် ဒုတိယအကောင်းဆုံး ကစားသမားဆုကို ရရှိခဲ့သည်။
အရပ်(၆)ပေ၊ (၁)လက်မ မြင့်သော အိုလီဗီရာသည် မြန်နှုန်းမြင့်မားသလို အသင်းဖော်များနှင့် ချိတ်ဆက် ကစားမှု ကောင်းမွန်ပြီး အဆုံးသတ်ပိုင်း သပ်ရပ်ကြောင်း ချီးကျူး ခံထားရ...
လက်ရှိတွင် အိုလီဗီရာသည် ပထမအသင်း အတွေ့အကြုံ ပြည့်ဝရန် စပိန်ကလပ် ဒီပို့တီဗို လာကရူးနားတွင် တစ်ရာသီ အငှားကစားလျှက် ရှိသည်။ ၎င်းသည် ဘင်ဖီကာနှင့် (၂၀၁၇)ထိ စာချုပ်ရှိနေပြီး စာချုပ်ပါ တန်ကြေး သတ်မှတ်ချက်မှာ ပေါင်စတာလင် (၂၄)သန်းဟု သတင်းများက ဖော်ပြသွးသည်။
Ref: Daily Mail
0 comments:
Post a Comment
သတင်း၊ ဆောင်းပါး ၊တိုင်ကြားစာ ၊ နည်းပညာ ၊ တရားဟောချက် etc မည်သူမဆို လွှတ်လပ်စွာရေးသား ပေးပို့နိုင်ပါသည်။
သင်၏ဝေဖန်အကြံပြုစာသည် ကျတော်တို့အတွက် နောက်တဖန်ရေးသားဖို့ရန်အတွက် အားဆေးဖြစ်စေလိုပါသည်။ အချိန်ယူကာ ဝင်ရောက်ဖတ်ရှုခြင်းအတွက် အထူးကျေးဇူးတင်ပါသည်။
ခင်မင်လေးစားစွာဖြင့်- Admins
Email - simonkamta@thespiritfruit.com