၂၀၁၂ ခုနှစ် စက်တင်ဘာလ ၂၅ ရက်က
မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နှင့် သမ္မတ
ဦးသိန်းစိန်တို့ နယူးယောက်မြို့ The Mark Hotel တွင် တွေ့ဆုံစဉ်။
"တစ်နေရာတည်းမှာ ရောက်နေတဲ့ လူကြီး
နှစ်ယောက်တွေ့ဆုံတဲ့ သဘောပဲ။ သမ္မတကြီးကို အစ်မကြီး ဒေါ်အောင်ဆန်းစုကြည်က
လာပြီးတော့ greet လုပ်တာပေါ့နော်။ အရင်တုန်းကလို မဟုတ်ဘူး။ ကျွန်တော်တို့က
အရင်တုန်းက မျက်နှာချင်းဆိုင်တဲ့ အလုပ်မလုပ်ဘူး။ အခုတော့ မောင်နှမလိုပဲ"
သမ္မတ ဦးသိန်းစိန်ဟာ အမေရိကန်နိုင်ငံခြားရေးဝန်ကြီး၊ ကုလသမဂ္ဂ
အတွင်းရေးမှူးချုပ်တို့နဲ့လည်း တွေ့ဆုံဆွေးနွေးဖို့ စီစဉ်ထားကြောင်း
သိရပါတယ်။ ဦးသိန်းစိန်နဲ့ အမေရိကန်သမ္မတ အိုဘားမား တွေ့ဆုံဖို့တော့
အစီအစဉ်မရှိဘူးလို့ ဦးစိုးသိန်းက ပြောပါတယ်။သမ္မတ ဦးသိန်းစိန်ရဲ့ ခရီးစဉ်နဲ့ ပတ်သက်ပြီး သမ္မတနဲ့အတူ နယူးယောက်မြို့ကို ရောက်နေတဲ့ သမ္မတရုံးဝန်ကြီး ဦးစိုးသိန်းကို အာအက်ဖ်အေ အဖွဲ့သူ မသင်းသီရိက တွေ့ဆုံ မေးမြန်းထားတာကို နားဆင်နိုင်ပါတယ်။
| ဆက်သွယ်မေးမြန်းချက်။ | |
| အသံဖိုင်ယူရန်။ |



5:59 AM
Admin
Posted in: 


0 comments:
Post a Comment
သတင်း၊ ဆောင်းပါး ၊တိုင်ကြားစာ ၊ နည်းပညာ ၊ တရားဟောချက် etc မည်သူမဆို လွှတ်လပ်စွာရေးသား ပေးပို့နိုင်ပါသည်။
သင်၏ဝေဖန်အကြံပြုစာသည် ကျတော်တို့အတွက် နောက်တဖန်ရေးသားဖို့ရန်အတွက် အားဆေးဖြစ်စေလိုပါသည်။ အချိန်ယူကာ ဝင်ရောက်ဖတ်ရှုခြင်းအတွက် အထူးကျေးဇူးတင်ပါသည်။
ခင်မင်လေးစားစွာဖြင့်- Admins
Email - simonkamta@thespiritfruit.com