ဂါနာ ကွင်းလယ် ကစားသမားသည် ချယ်လ်ဆီးအသင်းမှ ရီးယဲလ်မက်ဒရစ်သို့ အပြောင်းအရွှေ့ ဈေးကွက်ပိတ်ရက်တွင် အငှားပြောင်းရွှေ့ ရောက်ရှိလာခဲ့သည်။ ရီးယဲလ်ကို လက်ရှိ ကိုင်တွယ်နေသော ပေါ်တူဂီနည်းပြ မော်ရင်ဟိုသည် ချယ်လ်ဆီးကို မန်နေဂျာ အဖြစ် တာဝန်ယူစဉ်က အက်ဆီယန်အား လက်ရုံးတစ်ဆူသဖွယ် အားထားခဲ့ဖူးသည်။ အက်ဆီယန်သည် ဘာနေဗျူးသို့ တစ်ရာသီ အငှား စာချုပ်ဖြင့် ရောက်ရှိလာသည့်နှင့် ဂရန်နာဒါ အသင်းကို ဧည့်ခံ ကစားမည့် အိမ်ကွင်း ပွဲစဉ်အတွက် အယောက်(၂၀) လူစာရင်းတွင် ထည့်သွင်းရွေးချယ် ခံခဲ့ရသည်။

ဆရာဟောင်းအား ဖခင်တစ်ယောက်လို လေးစားမိသည်ဟု ဆိုသည့် အက်ဆီယန်
အသက်(၂၉)နှစ်ရှိ အက်ဆီယန်က "ကျွန်တော်ကတော့ မော်ရင်ဟိုကို ဒက်ဒီလို့ ချစ်စနိုး ခေါ်ပါတယ်။ ဘာလို့လဲဆိုတော့ ကျွန်တော်က သူ့ကို ဖခင်တစ်ယောက်လို သဘောထားလို့ပါပဲ"ဟု ဆိုသည်။ မော်ရင်ဟိုသည် (၂၀၀၅)ခုနှစ်က အက်ဆီယန်အား ချယ်လ်ဆီးသို့ ခေါ်ယူခဲ့သူ ဖြစ်သည်။ အက်ဆီယန်က "ကျွန်တော့်ကို သူက ချယ်လ်ဆီးအတွက် ဝယ်ခဲ့ကတည်းက ကျွန်တော်တို့ နှစ်ယောက်ကြားမှာ အရမ်းကောင်းတဲ့ ဆက်ဆံရေးတစ်ခု တည်ရှိခဲ့ပါတယ်။ ကျွန်တော်ကလည်း သူ့အပေါ် အများကြီး နားလည်နိုင်ခဲ့တယ်လေ" ဟုလည်း ဆက်လက် ပြောကြားသွားသည်။
ကျွန်တော်ကတော့ မော်ရင်ဟိုကို ဒက်ဒီလို့ ချစ်စနိုး ခေါ်ပါတယ်။ ဘာလို့လဲဆိုတော့ ကျွန်တော်က သူ့ကို ဖခင်တစ်ယောက်လို သဘောထားလို့ပါပဲ...
၎င်းက ဈေးကွက်ပိတ်ရက်တွင် အပြောင်းအရွှေ့ ဖြစ်မြောက်ခဲ့မှုနှင့် ပတ်သက်ပြီး "ကျွန်တော်က ဟိုတယ်က အခန်းထဲမှာပဲ ရှိနေတယ်။ အဲဒီအချိန်မှာ ကျွန်တော့် ဒက်ဒီဆီက ဖုန်းလာတယ်လေ။ သူက ကျွန်တော့်ကို သူ့ဆီမှာ လာကစားစေချင်တယ်လို့ ပြောပါတယ်။ အဲဒီနောက် ကိစ္စတိုင်းက မြန်မြန်ဆန်ဆန် ဖြစ်ကုန်တယ်။ သေချာတာကတော့ ကျွန်တော် ပျော်ပါတယ်"ဟုလည်း ဖွင့်ဟခဲ့သည်။ အက်ဆီယန်သည် ရီးယဲလ်တွင် ကျောနံပါတ် (၁၅) ဂျာစီကို ဝတ်ဆင်မည်ဟုလည်း သိရှိရသည်။
Ref: Daily Mail
0 comments:
Post a Comment
သတင်း၊ ဆောင်းပါး ၊တိုင်ကြားစာ ၊ နည်းပညာ ၊ တရားဟောချက် etc မည်သူမဆို လွှတ်လပ်စွာရေးသား ပေးပို့နိုင်ပါသည်။
သင်၏ဝေဖန်အကြံပြုစာသည် ကျတော်တို့အတွက် နောက်တဖန်ရေးသားဖို့ရန်အတွက် အားဆေးဖြစ်စေလိုပါသည်။ အချိန်ယူကာ ဝင်ရောက်ဖတ်ရှုခြင်းအတွက် အထူးကျေးဇူးတင်ပါသည်။
ခင်မင်လေးစားစွာဖြင့်- Admins
Email - simonkamta@thespiritfruit.com