22 The fruit of the Spirit is love, joy, peace, forbearance, kindness, goodness, faithfulness, 23 gentleness and self-control. Against such things there is no law. ( Galatians 5:22-23 )  

Monday, September 3, 2012

မော်တင်ဟိုအား ခေါ်ယူရန် စပါးအသင်း သဘော တူညီမှု ရခဲ့သော်လည်း စာရွက်စာတမ်း ကိစ္စများကြောင့် ပျက်ပြယ်ခဲ့ရ

တော့တင်ဟမ် ဟော့စပါး အသင်းသည် ပေါ်တို ကွင်းလယ်လူ ဂျိုအို မော်တင်ဟိုအား ခေါ်ယူရန် အလုံးစုံ သဘော တူညီမှု ရခဲ့ပြီးမှ စာရွက်စာတမ်း ကိစ္စ နှောင့်နှေးမှုများကြောင့် အပြီး မသတ်နိုင်ခဲ့သည့် အတွက် စိတ်ပျက်စရာ ဖြစ်ခဲ့ကြောင်း သိရသည်။

နွေရာသီ ဈေးကွက်ကာလ အပိတ်နေ့တွင် စပါး အသင်းသည် အသက်(၂၅)နှစ်ရှိ ပေါ်တူဂီ လက်ရွေးစင် ကွင်းလယ် ဖန်တီးရှင်အား ပေါင်စတာလင် (၂၄)သန်းဖြင့် ဝယ်ယူနိုင်ပြီဟု သတင်းများက ဖော်ပြခဲ့သည်။ စပါးသည် ထိုအချိန်တွင် မော်တင်ဟိုအား ခေါ်ယူကာ လူကာမိုဒရစ်၏ နေရာ၌ အစားထိုးရန် မြန်မြန်ဆန်ဆန် လုပ်ဆောင်ခဲ့သော်လည်း ဈေးကွက် ပိတ်သိမ်းချိန်ထိ အပြီး မသတ်နိုင်ခဲ့ချေ။ စာရွက်စာတမ်း ကိစ္စများ ကြန့်ကြာမှုကြောင့် မန်နေဂျာ အန်ဒရီ ဗီးလက်စ် ဘိုအာ့စ်သည် ပေါ်တိုကို ကိုင်တွယ်စဉ်က တပည့်ဟောင်း ဖြစ်ခဲ့သည့် ၎င်း၏ လက်ရှိ ဦးစားပေး ပစ်မှတ်ကို လက်လွတ် ခံခဲ့ရသည်။
စပါးမှ လက်လွှတ်ခဲ့ရသည့် မော်တင်ဟို

အဓိက ပြဿနာမှာ ကစားသမားကို ပေါ်တိုက ပိုင်ဆိုင်ထားမှုအနက် (၁၅)ရာခိုင်နှုန်းသည် ကြားလူ ရင်းနှီးမြှုပ်နှံမှု အောက်တွင် ရှိနေခြင်းကြောင့် ယင်းကိစ္စကို ပရီးမီးယားလိဂ်က စစ်ဆေးမှုများ ပြုလုပ်ရာ အချိန် (၁)နာရီမျှ ပိုကြာသွားခဲ့သည်။ ထို့ကြောင့်ပင်လျှင် စပါးသည် ၎င်းတို့၏ မဟာဗျူဟာမြောက် ကစားသမားသစ် ခေါ်ယူမှု စီမံကိန်းကို လက်လွှတ် ဆုံးရှုံး ခံခဲ့ရသည်။ ပေါ်တူဂီမှ လူသိများသော အားကစား ဂျာနယ်လစ် တစ်ဦးဖြစ်သူ ဂျိုအိုရူလာက ယခုကိစ္စတွင် ပေါ်တို၏ အမှားနှင့်လည်း သက်ဆိုင်ကြောင်း Twitterတွင် ရေးသားခဲ့သည်။

ပေါ်တူဂီမှ လူသိများသော အားကစား ဂျာနယ်လစ် တစ်ဦးဖြစ်သူ ဂျိုအိုရူလာက ယခုကိစ္စတွင် ပေါ်တို၏ အမှားနှင့်လည်း သက်ဆိုင်ကြောင်း Twitterတွင် ရေးသားခဲ့...
ပေါ်တိုအသင်းနှင့် နီးစပ်သော ဆက်ဆံရေးရှိသည့် ဂျိုအိုရူလာက "ပေါ်တိုရယ်၊ စပါးရယ်၊ မော်တင်ဟိုရယ် အားလုံးက အပြောင်းအရွှေ့အတွက် သဘော တူညီမှု ရခဲ့ပြီးပြီ။ ဒါပေမဲ့ ပေါ်တိုက ပို့ပေးလိုက်တဲ့ စာချုပ်မှတ်တမ်း တစ်ခုက ရှေ့နောက် မညီဘူး ဖြစ်နေတယ်။ ဒါကို ပြန်ပြင်ဖို့က အချိန် မမီတော့ဘူးလေ" ဟု ဆိုသည်။ စပါးသည် ဈေးကွက် ပိတ်ရက်တွင် မော်တင်ဟိုအား လက်လွှတ် ခဲ့ရသော်လည်း ဟူဂိုလောရစ်နှင့် ကလင့်ဒမ့်ဆေးတို့ကိုမူ အပြီးသတ် ဝယ်ယူနိုင်ခဲ့သည်။
Ref: Sport 360
Print Friendly and PDFPrintPrint Friendly and PDFPDF

0 comments:

Post a Comment

သတင်း၊ ဆောင်းပါး ၊တိုင်ကြားစာ ၊ နည်းပညာ ၊ တရားဟောချက် etc မည်သူမဆို လွှတ်လပ်စွာရေးသား ပေးပို့နိုင်ပါသည်။

သင်၏ဝေဖန်အကြံပြုစာသည် ကျတော်တို့အတွက် နောက်တဖန်ရေးသားဖို့ရန်အတွက် အားဆေးဖြစ်စေလိုပါသည်။ အချိန်ယူကာ ဝင်ရောက်ဖတ်ရှုခြင်းအတွက် အထူးကျေးဇူးတင်ပါသည်။

ခင်မင်လေးစားစွာဖြင့်- Admins
Email - simonkamta@thespiritfruit.com

Zawgyi Converter

Note - If you don't install zawgyi myanmar font in your computer, can be use this zawgyi converter

ရှာလို့လွယ်အောင် အသစ်တင်သမျှ ခေါင်းစဉ် ( 70 )