22 The fruit of the Spirit is love, joy, peace, forbearance, kindness, goodness, faithfulness, 23 gentleness and self-control. Against such things there is no law. ( Galatians 5:22-23 )  

Monday, September 3, 2012

" ကနေဒါ တိုရန်တိုမှာ ရခိုင်ကိစ္စ ဆန္ဒပြပွဲနှင့် ပတ်သက်ပြီး ဆက်သွယ်မေးမြန်းချက် "

.စက်တင်္ဘာလ (၁) ရက်နေ့ နေ့လည်
 ၁ နာရီခန့်မှာ မြန်မာနိုင်ငံသား အယောက်
 (၈၀) ခန့်ကနေဒါ နိုင်ငံ တိုရန်တို မြို့က
 အထင်ကရ နေရာ (၂) ခုမှာ ဆန္ဒဖေါ်ထုတ်
ပွဲ တစ်ခုကို ပြုလုပ်ခဲ့ကြပါတယ်။

ဒီဆန္ဒပြပွဲကို ဦးဆောင် ပြုလုပ်သူတွေထဲက တစ်ဦး ဖြစ်တဲ့ ထားဝယ် အမျိုးသား
ကိုအောင်မိုးကို ဆန္ဒပြပွဲနဲ့ ပတ်သက်ပြီး မေးမြန်းကြည့်တဲ့ အခါ သူက အခုလို
 ဖြေကြား ပြောဆိုသွားပါတယ်။

မေး- ပြုလုပ်ခဲ့တဲ့ နေရာက စပြီး အရင် ပြောပြပါလား။

 နေရာက ကျနော်တို့ နှစ်နေရာ (၂) ခုမှာ ပြုလုပ်ခဲ့တာ ဖြစ်ပါတယ်၊ တစ်ခုက
တိုရန်တို  စတား သတင်းစာတိုက်နဲ့ နောက်တစ်ခုက ပြည်နယ်ဝန်ကြီး ရုံးပေါ့ အဲဒီမှာ
ကျနော်တို့ ဆန္ဒပြကြတာ ဖြစ်ပါတယ်၊

မေး-  ဆန္ဒပြရတဲ့ အကြောင်းရင်းလေး သိပါရစေ။

ကျနော်တို့ ဒီ တိုရန်တိုမြို့မှာ ရိုဟင်ဂျာ အမည်ခံထားတဲ့ လူတွေနဲ့ နောက် ဒီက ဗမာ
မူဆလင်အသင်းတွေနဲ့  ဒီက ကနေဒီယန် မူဆလင် အသင်းတွေက ပူပေါင်း ပြီးတော့ ဆန္ဒပြပွဲ နှစ်ခါလုပ်တယ်။



 နှစ်ခါ လုပ်ပီးတော့ နောက်ပိုင်းမှာ တိုရန်တို သတင်းစာကနေ  သူတို့ ဆီကရတဲ့
အိမ်ဖေါ်မေးရှန်း (သတင်းအချက်အလက်) တွေနဲ့  ဆောင်းပါး နှစ်ခု ထွက်လာ
 ပါတယ်။
 အဲဒီဆောင်းပါးတွေက သူတို့ တစ်ဖက်သတ် သတင်း အမှားတွေကို ရေးထားတာ
ကျနော်တို့  တွေ့တယ်။

  နောက်တစ်ခုက ဒီသတင်းစာရဲ့အာဘော်အရ ကျနော်တို့ ဒီတိုရန်တိုမြို့နေ လူတွေ အထဲမှာ ဗမာ ကွန်မြူနတီ (မြန်မာ မိသားစု အသိုင်းအ၀ိုင်း)ရော ကနေဒီယန် ကွန်မြူနတီ အထဲမှာရော ဟိုဟာတွေ မလိုလားအပ်တဲ့ ပြဿနာတွေ ဖြစ်လာတယ်။

 အထင်အမြင်တွေ လွှဲလာတာကို တွေ့ရတယ်။ အဖြစ်မှန်ကို မသိတဲ့အခါ ကျတော့ ကျနော်တို့
 အပေါ် တမျိုးမြင်နေကြတယ်။ အဲဒီတော့ ကျနော်တို့ ဗမာ ကွန်မြူနတီ အနေနဲ့ ဒီမှာနေတဲ့
လူတွေ အနေနဲ့ပေါ့ ဖြစ်ရပ်မှန်ကို သိရှိအောင် ကျနော်တို့က သူတို့ကို တန်ပြန်ပြီးတော့
ဆန္ဒပြတဲ့ ပုံစံမျိုးနဲ့ ပြုလုပ် ရတာ ဖြစ်ပါတယ်။

မေး- အဲဒီ ဆန္ဒပြပွဲ့မှာ ဘာတွေကို တောင်းဆိုမှုတွေ လုပ်ခဲ့ပါသလဲ။

ကျနော်တို့ အဓိက တောင်းဆိုတာကတော့ တိုရန်တို စတားကို တော်ကြာပြောသလို
 ပေါ့နော် ဒီ မဟုတ်မမှန် သတင်းတွေကို မသုံးဖို့နဲ့ အဲဒီက တကယ်လို့  Publish
လုပ်မယ် ထုတ်မယ်ဆိုရင် ကျနော်တို့ ဆိုက်ကိုလည်း မေးကြည့်ပေါ့။
 အဲဒီ တာဝန်ရှိတဲ့ သူတစ်ယောက်နဲ့ ကျနော်တို့ တွေ့ခဲ့တယ်။ ကျနော်တို့ဆီက
 တောင်းဆိုတဲ့ အိတ်ဖွင့်ပေးစာကို ပေးဖြစ်တယ်။

 နောက်သူတို့နှင့်လည်း သေသေချာချာ ဆွေးနွေးဖြစ်ခဲ့တယ်။ ပြည်နယ် ၀န်ကြီးရုံးရှေ့မှာ Member of Parliament ပေါ့ ကနေဒါ ပါလီမန် အမတ်တစ်ယောက် ရောက်လာပြီးတော့  ကျနော်တို့ အားပေး စကားတွေပြောတယ်။ ကျနော်တို့ ဒီလိုဆန္ဒပြတဲ့ဟာကို လေးစားတယ်ဆိုတာကိုပြောပါတယ်။

မေး- အခုလိုဒီလိုပြောတဲ့အတွက်တော့ သတင်းစာတိုက်က ဘာတွေပြောပါသလဲ။

သတင်းစာတိုက်ကတော့ နောက်ပိုင်းကျရင် သူတို့ ကျနော်တို့ဘက်ကိုလည်း
ဆက်သွယ် ပါမယ်လို့ ပြောလာပါတယ်၊ နောက်ပြီးတော့ ဒီ ကနေဒါနိုင်ငံမှာ ဆိုရင်
သတင်းစာ လွတ်လပ်ခွင့်တော့ရှိတယ်။

ခုနားကပြောသလို သတင်းစာ လွတ်လပ်ခွင့်မှာ  မဟုတ်မမှန် သတင်းတွေ ထုတ်လွင့်ပြီးတော့
 ပြည်သူတွေကို အနှောင့်အယှက် ဖြစ်လာစေတဲ့ ဟာတွေ ဖြစ်လာရင် ကျနော်တို့အနေနဲ့ တရားစွဲလို့ရတယ်ဆိုတာ သူတို့သိတယ်လေ။ ကျနော်တို့ အဲဒါတွေကို ထောက်ပြ ဖြစ်တယ်။
 အဲဒါကို သူတို့ သဘောပေါက်တယ်။ နောက်နောင်မှာ နှစ်ဘက်ကို နားထောင်ပါ့မယ်။
ကျနော်တို့ကို ဆက်သွယ်ပါမယ်လို့ ပြောပါတယ်။

မေး- မနေ့ကဘယ်အချိန်မှာသွားပြီးတော့ ဆန္ဒပြတာပါလဲ။ စုစုပေါင်း အချိန်
ဘယ်လောက်ကြာပါလဲ။

၁ ရက်နေ့ အဲဒီ တစ်နာရီလောက်မှာ အဲဒီ တိုရန်တို စတား သတင်းစာတိုက်ရှေ့မှာ
ကျနော်တို့် ဆန္ဒပြတယ်။

 နောက် ၄၅ မိနစ်လောက် လမ်းလျှောက်ပြီးတော့ သွားရတဲ့ Queensbar အဲဒီမှာ
၂ နာရီဝန်းကျင်လောက်  ထိုင်ဆန္ဒပြတယ်။ ၄ နာရီဝန်းကျင်လောက်မှ
 ပြီးသွားပါတယ်။

(ပြီး)

နိရဉ္စရာ
Print Friendly and PDFPrintPrint Friendly and PDFPDF

0 comments:

Post a Comment

သတင်း၊ ဆောင်းပါး ၊တိုင်ကြားစာ ၊ နည်းပညာ ၊ တရားဟောချက် etc မည်သူမဆို လွှတ်လပ်စွာရေးသား ပေးပို့နိုင်ပါသည်။

သင်၏ဝေဖန်အကြံပြုစာသည် ကျတော်တို့အတွက် နောက်တဖန်ရေးသားဖို့ရန်အတွက် အားဆေးဖြစ်စေလိုပါသည်။ အချိန်ယူကာ ဝင်ရောက်ဖတ်ရှုခြင်းအတွက် အထူးကျေးဇူးတင်ပါသည်။

ခင်မင်လေးစားစွာဖြင့်- Admins
Email - simonkamta@thespiritfruit.com

Zawgyi Converter

Note - If you don't install zawgyi myanmar font in your computer, can be use this zawgyi converter

ရှာလို့လွယ်အောင် အသစ်တင်သမျှ ခေါင်းစဉ် ( 70 )