အဲဗာတန် အသင်းနှင် မိမိ၏ အနာဂတ်သည် ပြီးဆုံးလုနီးနီး ဖြစ်နေပြီဟု ကွင်းလယ်လူ မော်ရို ဖယ်လိုင်နီက ထုတ်ဖော် ပြောကြားလိုက်သည်။
အသက်(၂၄)နှစ်ရှိ ဘယ်လ်ဂျီယံ လက်ရွေးစင်သည် အဲဗာတန် အသင်း၏ ခြေစွမ်း အတောက်ပဆုံး ကစားသမား တစ်ဦးအဖြစ် ရပ်တည်နေသူ ဖြစ်သည်။ ယခုအခါ ၎င်း၏ မိမိ၏ အဲဗာတန် ကစားသမားဘဝကို အဆုံးသတ်ပြီး ခြေလှမ်းသစ် စတင် လိုပြီဟု ဖွင့်ဟခဲ့သည်။ ဖယ်လိုင်နီသည် ဂွတ်ဒီဆင်ပါ့ခ်တွင် ဆက်ကစားရန် နောက်ထပ် စာချုပ်သက်တမ်း (၄)နှစ် ကျန်ရှိနေဆဲ ဖြစ်သည်။ ၎င်းက အဲဗာတန်တွင် ကစားသမား ဘဝ (၅)နှစ်အပြီး၌ ခြေလှမ်းသစ် တစ်ခု စတင်လိုပြီ ဖြစ်ကြောင်း ပြောဆိုသွားသည်။
ဖယ်လိုင်နီက "ကျွန်တော် ခုဆိုရင် အဲဗာတန်အတွက် ပဉ္စမမြောက် ဘောလုံးရာသီကို ကစားပေးနေတာပါ။ ဒါဟာ ကျွန်တော့်အတွက် အဲဗာတန်မှာ နောက်ဆုံးရာသီ ဖြစ်ပါလိမ့်မယ်။ ကျွန်တော် အသင်းနဲ့ ပတ်သက်သမျှ အားလုံး တွေ့မြင် ကြားသိပြီးပါပြီ။ ဇန်နဝါရီလမှာဖြစ်ဖြစ်၊ ရာသီကုန်မှာ ဖြစ်ဖြစ် ကျွန်တော် တခြားအသင်း တစ်သင်းကို ပြောင်းပါမယ်။ ချန်ပီယံ ရှစ်ကိုပဲ ဖြစ်ဖြစ်ပေါ့" ဟု ပြောဆိုခဲ့သည်။ ဖယ်လိုင်နီသည် ယခုရာသီ အဲဗာတန် အသင်း၏ အဖွင့်ဂိုးကို မန်ချက်စတာ ယူနိုက်တက် အသင်းဘက်သို့ ခေါင်းတိုက် သွင်းယူပေးကာ အိမ်ကွင်းတွင် အနိုင်ရအောင် စွမ်းဆောင်ပေးခဲ့သည်။ ၎င်းကို မန်ယူနှင့် ချယ်လ်ဆီး အသင်းများက ချိတ်ဆက်ခဲ့ဖူးသည်။
ကျွန်တော် ခုဆိုရင် အဲဗာတန်အတွက် ပဉ္စမမြောက် ဘောလုံးရာသီကို ကစားပေးနေတာပါ။ ဒါဟာ ကျွန်တော့်အတွက် အဲဗာတန်မှာ နောက်ဆုံးရာသီ ဖြစ်ပါလိမ့်မယ်...

0 comments:
Post a Comment
သတင်း၊ ဆောင်းပါး ၊တိုင်ကြားစာ ၊ နည်းပညာ ၊ တရားဟောချက် etc မည်သူမဆို လွှတ်လပ်စွာရေးသား ပေးပို့နိုင်ပါသည်။
သင်၏ဝေဖန်အကြံပြုစာသည် ကျတော်တို့အတွက် နောက်တဖန်ရေးသားဖို့ရန်အတွက် အားဆေးဖြစ်စေလိုပါသည်။ အချိန်ယူကာ ဝင်ရောက်ဖတ်ရှုခြင်းအတွက် အထူးကျေးဇူးတင်ပါသည်။
ခင်မင်လေးစားစွာဖြင့်- Admins
Email - simonkamta@thespiritfruit.com