တောင်တရုတ်နဲ့ အရှေ့တရုတ်ပင်လယ်ပြင်က ကျွန်းတွေကို တရုတ်နဲ့
ဂျပန်တို့က ပိုင်ဆိုင်မူ အငြင်းပွားနေပြီး နှစ်ဖက်စလုံးက တဦးပေါ်တဦး
ရန်စတဲ့အပြုအမူတွေ လုပ်နေတဲ့အတွက် စစ်ဖြစ်နိုင်ပြီး တခြားနိုင်ငံတွေပါ ပါဝင်လာတဲ့အထိ ပြဿနာရှိနိုင်တယ်လို့ အမေရိကန်ကာကွယ်ရေးဝန်ကြီး
Leon Panetta က ပြောသွားတာဖြစ်ပါတယ်။
ပိုင်ဆိုင်မူအငြင်းပွားနေတဲ့ ကျွန်းကို ဂျပန်က ဝယ်ယူမယ်လို့ပြောပြီးနောက်
ဂျပန်ကို ဆန့်ကျင်တဲ့အနေနဲ့ တရုတ်နိုင်ငံမှာ ရက်ဆက်ဆိုသလို ဆန့်ကျင်
ဆန္ဒပြမူတွေ လုပ်နေပါတယ်။
ဂျပန်ကို ဆန့်ကျင်တဲ့ဆန္ဒပြမူတွေ တရုတ်နိုင်ငံတလွှားမှာ ဖြစ်နေတဲ့အတွက်
တရုတ်နိုင်ငံတွင်းရှိ ဂျပန်နိုင်ငံသားတွေနဲ့ ဂျပန်စီးပွားရေးတွေကို လုံခြုံရေးအပြည့်
အဝပေးဖို့ ဂျပန်အစိုးရက တရုတ်အစိုးရကို ပြောလိုက်ပြီးနောက် အမေရိကန်နိုင်ငံက
ခုလို သတိပေးချက်တွေ ပြောဆိုလိုက်တာဖြစ်ပါတယ်။
မြို့ကြီး ၈၀ ကျော်က ဆန္ဒပြတရုတ်ပြည်သူတွေက ဂျပန်လူမျိုးတွေ ဂျပန်နိုင်ငံကို
ပြန်ဖို့ ပြောဆိုနေပြီး စနေနေ့တုန်းက ဂျပန်သံရုံးကို ကျောက်တွေ၊ ရေဗူးတွေ၊
ကြက်ဥတွေနဲ့ ပစ်ပေါက်ပြီးနောက် လုံခြုံရေးတွေ တင်းကြပ်ထားပါတယ်။
တချို့မြို့တွေမှာတော့ ဂျပန်နိုင်ငံနဲ့ ဆက်စပ်မူရှိတဲ့ ဈေးဆိုင်ကို ဝင်ရောက်
လုယူမူတွေနဲ့ ကားရောင်းဝယ်ရေးဌာနတခုကို မီးရှို့ဖျက်ဆီးမူတွေ လုပ်
ခဲ့ကြောင်းလဲ သိရပါတယ်။
BBC (မြန်မာပိုင်း)

0 comments:
Post a Comment
သတင်း၊ ဆောင်းပါး ၊တိုင်ကြားစာ ၊ နည်းပညာ ၊ တရားဟောချက် etc မည်သူမဆို လွှတ်လပ်စွာရေးသား ပေးပို့နိုင်ပါသည်။
သင်၏ဝေဖန်အကြံပြုစာသည် ကျတော်တို့အတွက် နောက်တဖန်ရေးသားဖို့ရန်အတွက် အားဆေးဖြစ်စေလိုပါသည်။ အချိန်ယူကာ ဝင်ရောက်ဖတ်ရှုခြင်းအတွက် အထူးကျေးဇူးတင်ပါသည်။
ခင်မင်လေးစားစွာဖြင့်- Admins
Email - simonkamta@thespiritfruit.com