ရခိုင်ပြည်နယ် ကျောက်ဖြူမြို့နယ်တွင်နိုင်ငံခြားစက်ရုံများနှင့် အလုပ်ရုံများမှ
စွန့်ပစ်သော အညစ် အကြေးများကြောင့် အနီးအနား ဘေးပတ်ဝန်းကျင်ရှိ
လယ်မြေများမှာ ထွန်ယက် စိုက်ပျိုး
၍ မရအောင်ထိ ပျက်စီးနေကြောင်း သတင်း ရရှိသည်။
ကပ်သပြေနှင့် စည်မော် စည့် ကျေးရွာများ ပါဝင်ကြောင်း သိရသည်။
ပျားတဲ အနီးတွင် အိန္ဒိယ PunjLloyd မှ အလုပ်သမားများ အတွက် Camp (စခန်း)
တစ်ခု တည်ဆောက် ထားရာ အဆိုပါ Camp မှ အလုပ်သမားမျာ စွန့်ထုတ်ပစ်သော
အညစ်အကြေးများနှင့် တခြား စွန့်ပစ် ပစ္စည်းများကြောင့် လယ်ဧက
၂၀၀ ခန့် ပျက်စီးနေကြောင်း လယ်သမားကြီး ဦးစံသာကျော်က
ပြောသည်။
“ ဒီ အိန္ဒိယက PunjLloyd ကန့်အနားမှာ လယ်ဧက ၆၀၀ ရှိပါတယ်။ အခုတော့
၂၀၀ခန့်က လုံးဝ စပါးစိုက်လို့ မရတော့ပါ။ အဲဒီက ထုတ်လိုက်တဲ့ အညစ်အကြေးနဲ့
အဲဒီ အလုပ်ရုံ ပတ်ဝန်းကျင်ကနေ စီးကျလာတဲ့ ရွံ့နွံတွေ ဖုံးပြီး လယ်တွေ
ပျက်စီးသွားပါတယ်” ဟု သူက ပြောသည်။
၎င်းပြင် အလုပ်ရုံ Camp မှ စွန့်ထုတ်ပစ်သော အညစ်အကြေးများ၏ အနံ့
အသက်များမှာလည်း အထူးဆိုးရွားနေပြီး အနီးအနားတွင် လယ်ယာထွန်ယက်
စိုက်ပျိုးသူများကို အထူး အနှောင့်အယှက် ဖြစ်စေသည်ဟု
သူက ပြောသည်။
ယခုကဲ့သို့ လယ်မြေများ ပျက်စီးနေကြောင်းကို သက်ဆိုင်ရာ မြို့နယ်
အုပ်ချုပ်ရေးမှူးသို့ တိုင်ကြားရာ တစ်စုံတစ်ရာ အရေးယူ ဆောင်ရွက်ပေးခြင်း
မရှိကြောင်း သိရသည်။
၎င်းပြင် အထက်ကို တိုင်ကြားမူအတွက် ကျေးရွာသားများကို တချို့ အရာရှိများက
စက်ရုံ အလုပ်ရုံ တာဝန်ရှိသူများနှင့် ပူးပေါင်းကာ ခြိမ်းခြောက်မူများလည်း
ရှိနေကြောင်းသိရသည်။

ကျောက်ဖြူမြို့နယ်ရှိ လယ်သမားအများစုမှာ နိုင်ငံခြားမှ လာရောက်
ရင်းနှီးမြုပ်နှံသော နိုင်ငံခြား ကုမ္ပဏီများကြောင့် လယ်မြေများ သိမ်းပိုက်ခံ
ရ၍ အကြီးအကျယ် ဆုံးရှုံးနေရသည့် အပြင် ကျန်ရှိနေသော လယ်မြေများတွင်
လည်း နိုင်ငံခြားမှ လာရောက် တည်ဆောက်သော စက်ရုံ အလုပ်ရုံများ၊
ဂတ်စ် ရေနံပိုက်လိုင်းများနှင့် တစ်ခြား လမ်းများ ဖေါက်လုပ်နေမူကြောင့်
ပျက်စီး ဆုံးရှုံး များ ရှိနေကြောင်း သိရသည်။
ဒေသဆိုင်ရာ အာဏာပိုင်များမှလည်း နိုင်ငံတော် စီမံကိန်းများ ဖြစ်သဖြင့်
နိုင်ငံခြားမှ လာရောက် လုပ်ကိုင်သည့် ကုမ္ပဏီများ အပေါ် တစ်စုံတစ်ရာ
ဟန့်တား ပြောဆိုနိုင်ခြင်း မရှိသဖြင့် ဒေသခံ ပြည်သူများမှာ အဆိုပါ
ကုမ္ပဏီများ၏ နိုင်ထက် စီးနှင်း ပြုလုပ်နေမူများကို ခါးစည်း ခံနေကြ
ရကာ အားကိုးရာမဲ့ ဖြစ်နေကြသည်ဟု အမည် မဖေါ်လိုသူ လူမူရေး
လုပ်နေသူ ကျောက်ဖြူ ဒေသခံ တစ်ဦးက ပြောဆိုသည်။
နိရဉ္စရာ



6:56 AM
Admin
Posted in: 


0 comments:
Post a Comment
သတင်း၊ ဆောင်းပါး ၊တိုင်ကြားစာ ၊ နည်းပညာ ၊ တရားဟောချက် etc မည်သူမဆို လွှတ်လပ်စွာရေးသား ပေးပို့နိုင်ပါသည်။
သင်၏ဝေဖန်အကြံပြုစာသည် ကျတော်တို့အတွက် နောက်တဖန်ရေးသားဖို့ရန်အတွက် အားဆေးဖြစ်စေလိုပါသည်။ အချိန်ယူကာ ဝင်ရောက်ဖတ်ရှုခြင်းအတွက် အထူးကျေးဇူးတင်ပါသည်။
ခင်မင်လေးစားစွာဖြင့်- Admins
Email - simonkamta@thespiritfruit.com