22 The fruit of the Spirit is love, joy, peace, forbearance, kindness, goodness, faithfulness, 23 gentleness and self-control. Against such things there is no law. ( Galatians 5:22-23 )  

Monday, July 18, 2011

ငါ့သိုးတို့သည် ငါ့စကားကိုနားထောင်၏

   ကမ္ဘာ ဦး ကျမ်း မှ အာ ဗြ ဟံ ကို အ ခြေ ခံ ၍ ကျမ်း စာ လေ့ လာ ပါ မည်..  အာ ဗြ ဟံ အ မည် ကို ကျမ်း စာ ၌ ၃၀၈ ကြိမ် (ဓမ္မ ဟောင်း ၂၃၄ ကြိမ်၊ ဓမ္မ သစ် ၇၄ ကြိမ်) ဖေါ် ပြ ထား ပါ သည်။ နောက် တ ဖန် သင် ၏ အ မည် ကို အာ ဗြံ ဟု မ ခေါ် ရ။ သင် ၏ အ မည် ကို အာ ဗြ ဟံ ဟု ခေါ် ရ ၏။ အ ကြောင်း မူ ကား၊ ငါ သည် သင့် ကို များ စွာ သော လူ အ မျိုး တို့ ၏ အ ဘ အ ရာ ၌ ခန့် ထား ပြီ။
ဖတ်ရန် ကျမ်း ချက် များ။ ။  ကမ္ဘာ ၁၁း၂၇-၂၉ ။ ယောရှုမှတ်စာ ၂၄း၂-၂ ။
    ကျွန် တော် တို့ က ဘု ရား ကို ရှာ တွေ့ ခြင်း မ ဟုတ် ပါ။ ဘု ရား က ရုပ် တု ကိုး ကွယ် သော အာ ဗြံ ကို ခေါ် ထုတ် လာ ခြင်း ဖြစ် သည်။ လူ့ ဘက် က ဘု ရား ကို သိ ခြင်း ထက် ဘု ရား က မိ မိ ကို သိ ရန် လို ပါ သည်။ သင်း အုပ် ဆ ရာ ကို သိုး ထိန်း ဟု မ မြင် ရန်.. သိုး ထိန်း သည် ဘု ရား သ ခင် ဖြစ် ပါ သည်။ လူ များ က သင်း အုပ် ဆ ရာ ကို သိုး ထိန်း အ ဖြစ် မြင် လာ ပါ က .. သင်း အုပ် ဆ ရာ လည်း မိ မိ ကိုယ် ကို သိုး ထိန်း အ ဖြစ် ခံ ယူ လာ တတ် ပါ သည်။ သ ခင် ယေ ရှု ကို ငါ့ ဘု ရား .. ငါ့ ဘု ရား  ဟု ပြော နေ ကြ သော် လည်း ဘု ရား က လက် ခံ၊ သ ဘော တူ ရန် အ ရေး ကြီး ပါ သည်။

   များ စွာ သော ဂိုဏ်း ဃ န များ သည်.. သ ခင် ခ ရစ် တော် ကို သိုး ထိန်း ဟု ခံ ယူ ပါ သည်။ ခ ရစ် တော် က ငါ့ သိုး ဟု ပြော သည်။ ဘု ရား က သင့် ကို ပိုင် ပါ သည်။  တံ ဆိပ် ခတ် ထား ခြင်း.. သန့် ရှင်း သော ၀ိ ညာဉ် တော် နှင့် တံ ဆိပ် ခတ် ထား ပါ သည်။

ယောဟန် ၁၀ ငါ့သိုး ...

ကျွန် တော် တို့ ဘု ရား ကို သိ ခြင်း။
မိ မိ တို့ မှတ် ဥာဏ် များ ချို့ ယွင်း သွား နိုင် ပါ သည်။ အ ချို့ အ သက် ကြီး သော သူ များ Daily Bread ဖတ်သော်လည်း မေ့ သွား ပါ သည်။ သ ခင် ယေ ရှု ကို မ သိ တော့ သည် အ ထိ မှတ် ဥာဏ် ပျက် စီး သွား သော် လည်း ဘု ရား သ ခင် က သူ တို့ ကိုသိ နေ ပါ သေး သည်။ ထို သိုး တို့ ကို ငါ သိ ၏။ ဘု ရား ဖက် မှ သိ နေ ပါ သည်။ ယေ ရှု ဖက် မှ သိ နေ ခြင်း က အ ရေး ကြီး ပါ သည်။ ယုံ ကြည် သူ များ သည် ဘု ရား လက် ထဲ ရှိ ပါ သည်။ သင် ဖြစ် စေ ချင် တဲ့ အ တိုင်း ဖြစ် ရန် ထက် ဘု ရား သ ခင် ဖြစ် စေ ချင် သည့် အ တိုင်း ဖြစ် ရန် အ ရေး ကြီး ပါ သည်။


   ဆု တောင်း ချက် များ ကို ရိုး ရိုး ပြန် စဉ်း စား လျှင် မိ မိ လုပ် ချင် တာ များ ကို ဘု ရား ကို သ ဘော တူ ခိုင်း နေ တတ် ပါ သည်။ ဘု ရား သ ခင် ဖြစ် စေ ချင် သည် ကို မိ မိ တို့ ၀န် ခံ ရ မည် ဖြစ် ပါ သည်။ သို့ မှ သာ ပုံ စံ ကျ သော ယုံ ကြည် သူ ဖြစ် လာ ပါ မည်။ သို့ မ ဟုတ် ပါ က စီး ပွား ဖြစ် ရန် နတ် ကိုး ကွယ် သူ ၏  နတ် ကန္နား ပေး သ ကဲ့ သို့  ဖြစ် နေ မည် ဖြစ် ပါ သည်။

  ဆံ ပင် ညှပ် ဆိုင် တွင် ဆံ ပင် ညှပ် ဆ ရာ ပြော သည့် အ တိုင်း လက် ခံ လုပ် ဆောင် မှ မိ မိ ဆံ ပင် ပုံ ပေါ် လာ မည် ဖြစ် သည်။ သို့ မ ဟုတ် ပါ က ဆံ ပင် ပုံ ပျက် သွား နိုင် ပါ သည်။ ထို့ အ တူ ဘ ၀ အ သက် တာ ပုံ ပေါ် လာ စေ ရန် အ တွက် ဘု ရား လုပ်ခိုင်း တဲ့ အ တိုင်း ၀န် ခံ လုပ် ဆောင် ရ မည် ဖြစ် သည်။
ဘု ရား ကို ကူ ညီ ချင် သော သူ များ...
သ မီး က ဘယ် ဘု ရား ကျောင်း ရယ် လို့ မ ဟုတ် ပါ ဘူး။ အား နည်း တဲ့ အ သင်း တော် ကို တက် တယ်။ အန် ကယ် တို့ က တော့ ဂိုဏ်း ဃ န အ စွဲ မ ရှိ ပါ ဘူး.. မ နက် ဆို ဒီ ဘု ရား ကျောင်း ကို အား ပေး ပြီး ည နေ ပိုင်း ဆို ဟို ဘု ရား ကျောင်း ကို အား ပေး တယ်။ ..စ သ ဖြင့် လူ တော် တော် များ များ ဘု ရား ကို အား ပေး ချင် ကြ တယ်။ ကူ ညီ ချင် ကြ တယ်။ မိတ် ဆွေ.. သင့် အ သက် တာ မှာ ဘု ရား သ ခင် ရဲ့ က တိ တော် ပြည့် စုံ ဖို့ ရန် သင် လည်း တ ခု ခု ကူ ညီ ရ မယ် ထင် နေ ရင် နောင် တ ရ ဖို့ အ ချိန် ဖြစ် တယ်။ အာ ဗြ ဟံ နဲ့ စာ ရာ တို့ အား ဘု ရား သ ခင် က လူ မျိုး ကြီး ဖြစ် စေ မည်ဟု ပြော ခဲ့ သော် လည်း သား မ ရှိ ဖြစ် နေ သော ကြောင့် ဘု ရား ရဲ့ က တိ တော် ပြည့် စုံ ရန် ကူ ညီလိုက် သော အ ခါ ၀မ်း မြောက် ရ ပါ သ လား... သင် ကူ ညီ ရင် လည်း ထို ကဲ့ သို့ ဖြစ် သွား နိုင် ပါ သည်။

သင့် ဖက် က ဘာ မှ လိုက် ပြီး ဘု ရား ကို ကူ ညီ နေ စ ရာ မ လို ပါ။ 
ဘု ရား သ ခင် ကို မိ မိ က ကိုင် ထား သည် ထက် ဘု ရား က မိ မိ ကို ကိုင် ထား သည် က ပို မို ကျိန်း သေ ပါ သည်။ ဘု ရား သ ခင် ကို ဖက် ယမ်း ထား ပါ.. မိ မိ လက် မ ခိုင်သော အ ချိန် တွင် ဘု ရား သ ခင် က မိ မိ ကို ကိုင် မ ထား ပါ က ပြုတ် ကျ သွား မည် ဖြစ် သည်။
ငါ့ သိုး တို့ သည် ငါ့ စ ကား သံ ကို နား ထောင် ၍ ငါ့ နောက် သို့ လိုက် ကြ ၏။ ထို သိုး တို့ ကို ငါ သိ ၏။ ထာ ဝ ရ အ သက် ကို လည်း ငါ ပေး ၏။ ထို သိုး တို့ သည် ပျက် စီး ခြင်း နှင့် အ စဉ် မ ပြတ် ကင်း လွတ် ကြ လိမ့် မည်။ အ ဘယ် သူ မျှ ထို သိုး တို့ ကို ငါ့ လက် မှ မ နှုတ် မ ယူ ရာ။
နှုတ် က ပတ် တော် သည် အ ယောက် စီ တိုင်း အတွက်  လုံ ခြုံ မှု နှင့် က တိ တော် ဖြစ် ပါ စေ။ အာ မင် ....
မှတ်ချက်။ MP3 Audio နားထောင်ရန် နှင့် ရည်ညွန်း ကျမ်းချက်များ...
http://burmesebible.com/audio/Saya.Zaw.Thu.Linn_8.11.2009.wma
၁။ ကမ္ဘာဦး ၁၇း၅
၂။ ကမ္ဘာဦး ၁၁း၂၇-၂၉
၃။ ယောရှု ၂၄း၂-၃
၎။ ယောဟန် ၁၀း ၂၇-၂၈
Print Friendly and PDFPrintPrint Friendly and PDFPDF

0 comments:

Post a Comment

သတင်း၊ ဆောင်းပါး ၊တိုင်ကြားစာ ၊ နည်းပညာ ၊ တရားဟောချက် etc မည်သူမဆို လွှတ်လပ်စွာရေးသား ပေးပို့နိုင်ပါသည်။

သင်၏ဝေဖန်အကြံပြုစာသည် ကျတော်တို့အတွက် နောက်တဖန်ရေးသားဖို့ရန်အတွက် အားဆေးဖြစ်စေလိုပါသည်။ အချိန်ယူကာ ဝင်ရောက်ဖတ်ရှုခြင်းအတွက် အထူးကျေးဇူးတင်ပါသည်။

ခင်မင်လေးစားစွာဖြင့်- Admins
Email - simonkamta@thespiritfruit.com

Zawgyi Converter

Note - If you don't install zawgyi myanmar font in your computer, can be use this zawgyi converter

ရှာလို့လွယ်အောင် အသစ်တင်သမျှ ခေါင်းစဉ် ( 70 )