22 The fruit of the Spirit is love, joy, peace, forbearance, kindness, goodness, faithfulness, 23 gentleness and self-control. Against such things there is no law. ( Galatians 5:22-23 )  

Tuesday, July 19, 2011

နောင်တတရား

ကျနော့်စိတ်ထဲမှာအမြဲရှိနေတဲ့"နောင်တတရား"ကိုဝေငှလိုပါတယ်။နောင်တတရားဆိုတာ ခရစ်ယာန်သြ၀ါဒ
သွန်သင်ချက်ထဲကအရေးကြီးတဲ့ အချက်တစ်ချက်ဖြစ်ပေမယ့်အနည်းဆုံးဟောတဲ့ အချက်လည်း ဖြစ်ပါတယ်။ သိပ်ပြီးဂရုမစိုက်၊လျစ်လျူရှုကြတဲ့ အချက်လည်းဖြစ်ပါတယ်။သိပ်ပြီးဂရုမစိုက်၊လျစ်လျူရှုကြတဲ့အရာလည်း 
ဖြစ်ပါတယ်။တစ်ချို့ကနောင်တရရမယ်လို့ပြောရင် နောင်တရစရာမလိုပါဘူးလို့ပြန်ပြောမယ့်လူရှိပါလိမ့်မယ်။ ဒါပေမယ့် နောင်တတရားဆိုတာ အရေးကြီးကြောင်းကို သမ္မာကျမ်းစာထဲမှာ ကမ္ဘာဦးကျမ်း ကနေဗျာဒိတ်
ကျမ်းအထိအများဆုံးသုံးတဲ့ စကားလုံး လည်းဖြစ်ပါတယ်။ ဘုရားသခင်ကိုယ်တိုင် နောင်တရ ခဲ့တာကို
တွေ့ရပါတယ်။
ဘုရားသခင်က ချစ်ခြင်းမေတ္တာရှင်ဖြစ်တယ် လို့ဆိုပြီး လူတွေက နောင်တတရားကို ပေါ့ပေါ့တန်တန် ခံယူကြတယ်။ ဘာပဲလုပ်လုပ်ခွှင့်လွှတ်တယ်၊ ချစ်တယ် ဆိုပြီး နောင်တတရားကို သိပ်မပြောချင်ကြတော့ဘူး။ ဒါပေမယ့်တစ်ဖက်မှာဘုရားသခင်ကချစ်ခြင်းမေတ္တာရှင်ဖြစ်သလိုတရားစီရင်မယ့်သူဖြစ်တယ်ဆိုတာလုံးဝမမေ့ သင့်ဘူး။ မိခင်တစ်ယောက်အနေနဲ့ ယောက်ျားလေး မွေးမယ်၊ မိန်းကလေးမွေးမယ်ဆိုတာ သူ ဆုံးဖြတ်လို့ မရဘူး။ ဘုရားသခင်ပေးတဲ့အတိုင်းပဲဖြစ်တယ်။ ယုံကြည် သူတစ်ယောက်အနေနဲ့ ဘယ်လိုအသက်ရှင်ရမယ် ဆိုတာကိုကောင်းကောင်းသိကြပေမယ့် အဲဒီလိုအသက် မရှင်မိတာကို နောင်တရဖို့ဖြစ်တယ်။
ဘာတွေကိုနောင်တရရမှာလဲကျနော်တို့ဆုတောင်းရမယ်ဆိုတာသိကြပေမယ့်ဆုမတောင်းကြတာကိုဒီနေ့အထိ ခရစ်ယာန်တွေကအပြစ်လို့မမြင်ကြဘူး။ကျမ်းစာဖတ်ပြီးကျမ်းစာအတိုင်းအသက်ရှင်ဖို့သိကြပေမယ့်မဖတ်ချင်၊ အသက်မရှင်ချင် ကြတာကိုလည်း အပြစ်မမြင်ကြဘူး။ ဒီလိုပဲ ဆယ်ဖို့ တစ် ဖို့ပေးရမယ်ဘုရားကျောင်းသွားပြီး ဘုရားရှိခိုးရ မယ်ဆို တာ သိနေပေမယ့် သိသိကြီးနဲ့ မပေးတာ၊ မသွားတာကို အပြစ်လို့ မမြင်ကြတော့ဘူး။ ဆုတောင်းဖို့ဆိုတာ မခက် တော့ ထမင်းစားချိန်၊ အိပ်ရာဝင်ချိန်မှာပဲ ဆုတောင်း ကြတယ်။ ဘုရားသခင်က သူနဲ့အချိန်အများကြီးယူဖို့ဖြစ်စေချင်ပေမယ့်ကျနော်တို့ကအချိန်သိပ်မယူချင်ကြဘူး။ဒီကနေ့ခရစ်ယာန်တွေ
အပြစ်လုပ်နေကြတာကို အပြစ်လို့မထင်တဲ့ ပြုမူကျင့်ကြံခြင်းတွေကို နောင်တရဖို့ ဖြစ်ပါတယ်။ ဘာတွေ နောင်တရမလဲဆိုတာကို လူတိုင်း မိမိကိုယ်ကိုသိကြပါတယ်။ ဒါကြောင့် နောင်တတရားက ဘာကြောင့် အရေးကြီးသလဲဆိုရင် ဓမ္မဟောင်းထဲမှာ ပရောဖက်တွေ၊ ဣသရေလလူမျိုးတွေ၊ တိုင်းနိုင်ငံတွေ၊ လူမျိုးတိုင်းဘုရားသခင်ဆီကထွက်သွားပြီး မိမိကြိုက် သလို အသက်ရှင်ကြတယ်။ ဘုရားသခင်ကို ပုန်ကန်တဲ့ ဘ၀ကနေပြန်လာပြီး နောင်တရကြဖို့ မိန့်ဆိုထားပါတယ် (ယေဇကျေလ ၁၈း ၃၀-၃၂)။ ဘုရားသခင်က လူသား တွေကို အပြစ်ကင်းတဲ့ဘ၀နဲ့ ဖန်ဆင်းထားပေမယ့် အပြစ်ထဲကျသွားတဲ့အခါမှာ မျိုးဆက်အလိုက် အပြစ် တွေ လုပ်လာကြတယ်။ ဒါကြောင့် ဓမ္မဟောင်းထဲမှာ နောင်တတရားနဲ့ ပတ်သက်တဲ့အရာအများကြီး ရှိတယ်။ ဒါကြောင့် ကျမ်းစာဖတ်တဲ့အခါ ဘာတွေလုပ်ရမလဲ၊ ဘာတွေသွန်သင်ထားတယ်ဆိုတာသိဖို့ အရေးကြီး ပါ တယ်။ ဓမ္မသစ်ကျမ်းမှာ နှစ်ခြင်းဆရာယောဟန်ရဲ့ ပထမဦးဆုံးတရားဟောချက်က "နောင်တရကြလော့။နိုင်ငံတော်တည်လုနီးပြီး"ဆိုတာ ဖြစ်ပါတယ်။ ယေရှု ခရစ်ကိုယ်တိုင် ကောင်းကင်ဘုံကို မတက်ကြွမီ လူမျိုး တိုင်းအပေါ်နောင်တတရားကို ဟောကြားဖို့ တပည့် တော်များကိုမှာထားပါတယ် (ရှင်လုကာ၂၄း၄၇)။ရှင်ပေတရုကပင်တေကုတေနေ့မှာဣသရေလလူမျိုးတွေကို နောင်တရကြဖို့ ဟောပြောခဲ့တယ်။ ဘာဖြစ်လို့လဲဆိုတော့ ဣသရေလတွေကယေရှုကို မေရှိယ ကယ်တင်ရှင်မှန်းမသိဘဲ လက်ဝါးကပ်တိုင်မှာ ရိုက်သတ်တဲ့အပြစ်မှနောင်တရဖို့ ဟောနေခြင်းဖြစ် တယ်။ ရှင်ပေါလုကလည်း ဣသရေလလူမျိုးတွေအပြင် လူမျိုးအားလုံး နောင်တရဖို့ ပြောတာကို (တမန်တော် ၂၆း၂၀)မှာတွေ့ရတယ်။ လူသားတိုင်း နောင်တရဖို့ ပညတ်ထားတာကို(တမန်တော်၁၇း၃၀) မှာလည်းတွေ့ ရတယ်။ ဒါကြောင့် နောင်တတရားရဖို့ကကျမ်းစာရဲ့
သွန်သင်ချက် ဖြစ်တယ်ဆိုတာ တွေ့ရတယ်။နောင်တတရားဆိုတာဘာလဲ တစ်ချို့ လူတွေကမှားပါတယ်
ဆိုပြီးနောင်တတော့မရကြဘူး။ နောင်တရခြင်းမဟုတ်တာက (၁)အပြစ်ကိုနောင်တစိတ်မပါဘဲဖော်ပြခြင်း၊ (၂) အပြစ် လုပ်ပြီးဝမ်းနည်းတာလည်း နောင်တမဟုတ်ဘူး။ လောက မှာ အပြစ်လုပ်မိပြီး ၀မ်းနည်းလို့ အသက်ရှင်နေတာ ဘာထူးတော့မလဲဆိုပြီးကိုယ့်ကိုကိုယ် အဆုံးစီရင်သူတွေ လည်း ရှိပါတယ်။ (၃) အပြုအမူက ပြောင်းလဲပေမယ့် နှလုံးသားက နောင်တစိတ်မရှိဘူး။ အဲဒီအရာအားလုံးက နောင်တတရားတွေ မဟုတ်ဘူး။နောင်တတရားရဲ့ အလွယ်ကူဆုံး အဓိပ္ပါယ်ကတော့ "နောင်မှတခြင်း"ဖြစ်တယ်။ ကြိုတင်သိထား
တဲ့အရာဆိုရင် ဘယ်သူမှ အမှားလုပ်မိမှာမဟုတ်ဘူး။ ဒါကြောင့် မိမိမှားယွင်း ကြောင်း၊ပြစ်မှားမိကြောင်း
ကိုသိပြီး လမ်းမှန်ကို ပြန် လှည့်လာခြင်းက စစ်မှန်တဲ့ နောင်တဖြစ်တယ်။ အပြစ် ဆိုတာသိတာပဲမဟုတ်ဘဲ၊ အပြစ်ထဲမှာ ဆက်မနေတော့ ဘဲရပ်တန့်ပြီးပြန်လာခြင်းဖြစ်တယ်။ ဒါကြောင့် မှားယွင်း တဲ့အပြုအမူ၊ဒုစရိုက်
လမ်းတွေကနေ ဦးတည်ချက်ပြောင်း ပြီးဘုရားသခင်ဆီပြန်လှည့်ခြင်းကို စစ်မှန်သောနောင်တ ဟုခေါ်သည်။ ဥပမာ- နိနဝေမြို့က ကြီးမားတဲ့အပြစ် ဒုစရိုက်မြောက်မြားစွာလုပ်ကြပေမယ့်ယောနတရား ဟောတဲ့အခါ
မင်းကြီးကစပြီး လူတွေအားလုံးဘုရား သခင်ရှေ့မှာ မိမိတို့ ကျင့်ကြံပြုမူမှုများ မှားတယ်ဆိုတာ သိရုံတင်
မဟုတ်ဘဲနောင်တတရားနဲ့ အစာရှောင် ဆုတောင်းတဲ့အခါ ဘုရားသခင်က ကယ်တင်ခဲ့တယ်။ ဒါကြောင့် ဘုရားသခင်ဆီ မှန်ကန်တဲ့နည်းလမ်းအတိုင်း ပြန်လှည့်လာခြင်းက နောင်တတရားဖြစ်တယ်။ "နောင်တ
တရား၊ခွင့်လွှတ်ခြင်းနဲ့ကယ်တင်ခြင်းက လုံးဝခွဲလို့ မရဘဲ ဆက်နွယ်တဲ့အရာတွေ ဖြစ်တယ်။ (၂ကော ၇-၉း၁၀)မှာ နောင်တရခြင်း (၂) မျိုးကိုတွေ့ရတယ်။
(၁)လောကရဲ့ဝမ်းနည်းခြင်းနဲ့ သက်ဆိုင်တဲ့နောင်တ တရားဖြစ်ပြီး သေခြင်းသို့ ပို့ဆောင်တဲ့အရာဖြစ်တယ်။ ကိုယ့်အမှားတစ်ခုအတွက် ၀မ်းနည်းပြီး ကိုယ့်ကိုကိုယ် အဆုံးစီရင်ခြင်းဖြစ်တယ်။ ဥပမာ- ယုဒရှကာရုတ်ရဲ့ နောင်တရခြင်းက ဘာအကျိုးအမြတ်မှ မပေးဘူး။
(၂) ရှင်ပေါလုက ကောရိန်သုအသင်းသားတွေ မဖြစ် သင့်တဲ့အရာတွေ ဖြစ်တဲ့အခါမှာ အပြင်းထန်ဆုံးသော စကားလုံးတွေကို အသုံးပြုပြီး စာရေးခြင်း ဖြစ်တယ်။ =ငါစာရေးတာ မင်းတို့ကို ၀မ်းနည်းစေတယ်။ ဒါပေမယ့် ၀မ်းနည်းပြီး နောင်တတရားရကာ လမ်းမှန်သို့ ပြန်ရောက်ရင် မင်းတို့အတွက် ကယ်တင်ခြင်းရှိတယ်"။
တစ်ခါတစ်လေလူတွေက သွန်သင်ခြင်းကို ခံရရင် ခံပြင်း ကြတယ်။ တစ်ချို့ကခံယူချင်တယ်။ တစ်ချို့က မခံ ယူချင် ကြဘူး။ ကျမ်းစာဖတ်တဲ့အခါ သွန်သင်တဲ့ အခန်းတွေကို ကျော်မသွားဘဲ ခံယူတတ်ရင် ကောင်းကြီး မင်္ဂလာတွေ ရှိတယ်။ ပရောဖက်နာသန်က အပြစ်ကို ဖော် ပြတဲ့အခါ ဒါဝိဒ်မင်းကြီးနောင်တရခြင်းက ဆာလံ ၅၁ဖြစ်ပေါ်လာတဲ့အကြောင်းရင်းဖြစ်တယ်။ရှင်ဘုရင်ဖြစ်ပေမယ့်ဂုံနီအိတ်နဲ့ပြာလူးပြီးဘုရားကိုတောင်းပန်ရဲတဲ့ သူ့အရည် အချင်းကအရေးကြီးတယ်။ မှန်ကန်တဲ့ နောင်တတရားနဲ့ ဒါဝိဒ်က၀န်ခံတာကြောင့်ဘုရားသခင်ရဲ့ စိတ်တော်နဲ့တွေ့သောသူ ဆိုပြီး မှတ်တမ်းတင်ခံရခြင်း ဖြစ်တယ်။ ဇက္ခဲလည်းပဲ မှန်ကန်တဲ့နောင်တ တရားရပြီးယေရှုဆီမှာမိမိအပြစ်ကိုဝန်ခံခဲ့တယ်။ယောသပ်ကလည်းသူ့အစ်ကို တွေ နောင်တရကြောင်းကိုသိပြီး သူ့ကိုယ်သူဖွင့်ပာခဲ့တယ်။ပျောက်သောသားလည်းနောင်တနဲ့ပြန်လာတဲ့အခါသားအရာကို ပြန်ရလာခဲ့တာ ဖြစ်တယ်။ ဒါကြောင့်စစ်မှန်တဲ့နောင်တတရားမှာအမြဲတမ်းကယ်တင်ခြင်းရှိပါတယ်ကျနော်ဘုရားသခင်ဆီ နောင်တနဲ့
ပြန်လာ တဲ့အခါ ခွင့်လွှတ်ခြင်းရပြီး ၀မ်းမြောက်ခြင်း၊ သန့်ရှင်း သောဝိညာဉ်တော်ရဲ့မစခြင်းကို ရရှိခဲ့ပါတယ်။ ဒါကြောင့်ဘုရားသခင်ဆီအပြစ်အားလုံးကိုဝန်ချတောင်းပန်ကြရ အောင်။ဘုရားသခင်ရဲ့ခွင့်လွှတ်ခြင်းနဲ့အတူ
ကောင်းကြီး မင်္ဂလာက မိတ်ဆွေအတွက် အမြဲအသင့် ရှိနေပါတယ်။အယောက်စီတိုင်းအပေါ်မှာ
ဘုရားသခင်ကောင်းကြီးရှိပါစေ
Print Friendly and PDFPrintPrint Friendly and PDFPDF

0 comments:

Post a Comment

သတင်း၊ ဆောင်းပါး ၊တိုင်ကြားစာ ၊ နည်းပညာ ၊ တရားဟောချက် etc မည်သူမဆို လွှတ်လပ်စွာရေးသား ပေးပို့နိုင်ပါသည်။

သင်၏ဝေဖန်အကြံပြုစာသည် ကျတော်တို့အတွက် နောက်တဖန်ရေးသားဖို့ရန်အတွက် အားဆေးဖြစ်စေလိုပါသည်။ အချိန်ယူကာ ဝင်ရောက်ဖတ်ရှုခြင်းအတွက် အထူးကျေးဇူးတင်ပါသည်။

ခင်မင်လေးစားစွာဖြင့်- Admins
Email - simonkamta@thespiritfruit.com

Zawgyi Converter

Note - If you don't install zawgyi myanmar font in your computer, can be use this zawgyi converter

ရှာလို့လွယ်အောင် အသစ်တင်သမျှ ခေါင်းစဉ် ( 70 )