22 The fruit of the Spirit is love, joy, peace, forbearance, kindness, goodness, faithfulness, 23 gentleness and self-control. Against such things there is no law. ( Galatians 5:22-23 )  

Tuesday, August 9, 2011

စိတ်အာဟာရ (၃)


• ဖန်ခွက်ထဲမှာ ရေတစ်ဝက်ပြည့်နေတယ်လို့ မြင်တဲ့သူက ရေတစ်ဝက်လျော့နေတယ်လို့ မြင်တဲ့သူထက် စိတ်ပိုချမ်းသာတယ်။
• စက်တစ်ခုမှာမူလီတိုင်းဟာ သူ့နေရာနဲ့သူ အရေးပါပါတယ်။ လူ့အသိုင်းအ၀ိုင်းထဲမှာ လူတိုင်းဟာ သူ့နေရာနဲ့သူ အရေးပါပါတယ်။
• ကိုယ့်ကိုသူများ ဒုက္ခပေးခဲ့တာတွေကို သဲပေါ်မှာရေးထားပါ။ ကိုယ့်ကို ကြင်နာမှုတွေ၊ မေတ္တာတွေ ပေးခဲ့တာကို ကျောက်ပြားပေါ်မှာ ထွင်းထားပါ။
• ပြင်ပအကြောင်းအရာတွေနဲ့ လူတွေက ကိုယ့်အလိုအတိုင်း မဖြစ်နိုင်ဘူး။ ကိုယ့်စိတ်ချမ်းသာမှုက သူတို့အပေါ်မူတည်နေရင် မရေရာတော့ဘူး။ မသေချာတော့ဘူး။ ကိုယ့်ဘ၀ကို သူတို့လွှမ်းမိုးနိုင်အောင် ကိုယ်ကခွင့်ပြု ထားသလိုဖြစ်နေမယ်။
• စိတ်မချမ်းသာတာ ဘာကြောင့်လဲ။ ကိုယ့်စိတ်ချမ်းသာမှုဟာ ကိုယ့်လက်ထဲမှာ မရှိလို့ပဲ။ ကိုယ့်ဘ၀မှာ အင်မတန်အရေးကြီးတဲ့ တန်ဖိုးကြီးတဲ့ စိတ်ချမ်းသာမှုကို ဘာဖြစ်လို့ သူများ လက်ထဲထည့်ရမလဲ။ ဒါလောက်အရေးကြီးတဲ့ ကိစ္စကို ကိုယ်တိုင်လုပ်တာကောင်းပါတယ်။ သူများနဲ့မလွှဲသင့်ဘူး။ ငါ့စိတ်ချမ်းသာမှုကို ငါကိုယ်တိုင်လုပ်မယ်။ ဘာပဲဖြစ်နေနေ စိတ်ချမ်းသာအောင်နေလို့ ရတယ်ဆိုတာ နားလည်ပါ။


• ရသင့်တဲ့ အခွင့်အရေးကို မရတာထက် ရသင့်တဲ့စိတ်ချမ်းသာမှုကို မရတာက ပိုပြီးနစ်နာပါတယ်။ ကိုယ့်ကိုယ်ကို စိတ်ချမ်းသာမှု ပေးနိုင်ရက်နဲ့ မပေးတာက ပိုပြီးရက်စက်ရာ မကျဘူးလား။
• အခြေအနေကလုပ်သမျှ ခံရတဲ့သူဖြစ်မလား။ အခြေအနေကို ကိုယ်က နိုင်နင်းတဲ့သူဖြစ်မလား။
• ငါဟာငါ့ရဲ့ အကောင်းဆုံးမိတ်ဆွေဖြစ်နိုင်သလို အဆိုးဆုံးရန်သူလည်း ဖြစ်နိုင်တယ်။ သူများက ငါ့ကိုနေရာမရွေး အချိန်မရွေး ဒုက္ခမပေးနိုင်ဘူး။ ငါ့စိတ်ကိုငါ မထားတတ်ရင် အချိန်မရွေး နေရာမရွေး စိတ်ဆင်းရဲနိုင်တယ်။ ငါ့စိတ်ကို ငါသိလို့ စိတ်ထားတတ်ရင်လည်း နေရာမရွေး အချိန်မရွေး စိတ်ချမ်းသာနိုင်တယ်။
• ငါမှန်တယ်သူမှားတယ်ဆိုတာထက် စိတ်ချမ်းသာမှုက ပိုအရေးကြီးပါတယ်။
• လိုချင်တာရမှ စိတ်ချမ်းသာမယ်လို့ သဘောမထားပါနဲ့။ လိုချင်တာရဖို့ စိတ်ချမ်းချမ်းသာသာ နဲ့ လုပ်မယ်လို့သဘောထားပါ။
• သောကဖြစ်နေတာဟာ မနက်ဖြန်တွေ့ရမယ့် ဒုက္ခကို မပျောက်စေနိုင်ဘူး။ ဒါပေမယ့် ဒီနေ့ရှိနေတဲ့အင်အားကို ကုန်ခမ်းသွားစေတယ်။
• ဖြစ်မယ်လို့ မသေချာတဲ့ကိစ္စအတွက် သောကများနေတာဟာ မချေးရသေးတဲ့ငွေအတွက် အတိုးပေးနေတာနဲ့တူတယ်။
• သင်၏ မိတ်ဆွေများအကြောင်းကို အကောင်းပြောပါ။ သင်၏ရန်သူအကြောင်းကိုတော့ ဘာမှမပြောပါနှင့်။

Print Friendly and PDFPrintPrint Friendly and PDFPDF

0 comments:

Post a Comment

သတင်း၊ ဆောင်းပါး ၊တိုင်ကြားစာ ၊ နည်းပညာ ၊ တရားဟောချက် etc မည်သူမဆို လွှတ်လပ်စွာရေးသား ပေးပို့နိုင်ပါသည်။

သင်၏ဝေဖန်အကြံပြုစာသည် ကျတော်တို့အတွက် နောက်တဖန်ရေးသားဖို့ရန်အတွက် အားဆေးဖြစ်စေလိုပါသည်။ အချိန်ယူကာ ဝင်ရောက်ဖတ်ရှုခြင်းအတွက် အထူးကျေးဇူးတင်ပါသည်။

ခင်မင်လေးစားစွာဖြင့်- Admins
Email - simonkamta@thespiritfruit.com

Zawgyi Converter

Note - If you don't install zawgyi myanmar font in your computer, can be use this zawgyi converter

ရှာလို့လွယ်အောင် အသစ်တင်သမျှ ခေါင်းစဉ် ( 70 )