22 The fruit of the Spirit is love, joy, peace, forbearance, kindness, goodness, faithfulness, 23 gentleness and self-control. Against such things there is no law. ( Galatians 5:22-23 )  

Tuesday, August 9, 2011

စိတ်အာဟာရ (၂)


  • စာကလေးသည် အမြီးကို ၀န်ထုတ်ဝန်ပိုးသဖွယ် သယ်ပိုးထားရသည့် ဒေါင်းကိုကြည့်ပြီး သနားနေလေ၏….တဲ့။ ဒေါင်းဟာသူ့ရဲ့အမြီးလှပမှုအပေါ် ဂုဏ်ယူစရာလို့ ထင်မြင်ယူဆနေပေမယ့် စာကလေးကတော့ ၀န်ထုတ်ဝန်ပိုးလို့ မြင်ပြီး ဒေါင်းကိုသနားလေရဲ့….  ကိုယ်ဟာဒေါင်းနေရာမှာရောက်နေရင် စာကလေးရဲ့အတွေးအမြင်ကို သတိရရမယ်…..။
  • မျှော်လင့်ချက်နဲ့ အဖြစ်မှန် အခြေအနေမှန်ကို မျှအောင်လုပ်ပြီးနေသွားရတာဟာ လောကမှာ ဥာဏ်အမြော်အမြင်ရှိတဲ့ တစ်ခုတည်းသောနေနည်းပဲ….။
  • မှန်မှန်ကန်ကန်နည်းနဲ့ပြဿနာကိုဖြေရှင်းပါ။ ပြဿနာကိုမဆိုင်တဲ့ဘက်ကို လွှဲရင် ပြဿနာ တိုးလာတယ်။ စိတ်ကို အာရုံလွှဲတာ ကောင်းတဲ့ပြဿနာ ဖြေရှင်းနည်း မဟုတ်ဘူး။
  • ကိုယ့်အကြောင်းကိုယ်တောင် ရာနှုန်းပြည့်သိဖို့ မလွယ်ဘူး။ ဒါကြောင့်သူတစ်ပါးအကြောင်း လည်း ရာနှုန်းပြည့်မသိနိုင်ဘူး။ မသိဘဲနဲ့တော့ တစ်ဖက်သတ်ကြီး မထင်ထားပါနဲ့။ မစွပ်စွဲပါနဲ့။ မသိသေးရင် အကောင်းဆုံးကတော့ အကောင်းကိုပဲ တွေးထားလိုက်ပါ။
  • ဒေါသဖြစ်တာဟာ အဆိပ်ကိုမြိုတာနဲ့တူတယ်။ ဒေါသဖြစ်လာရင် စနစ်မရှိတော့ဘူး။ တစ်နာရီပြင်းပြင်းထန်ထန် ဒေါသဖြစ်ရတာက ဆယ့်နှစ်နာရီအလုပ် ပင်ပင်ပန်းပန်းလုပ်ရတာ ထက ပိုပြီးအားကုန်ပါတယ်။
  • ပစ္စည်းဥစ္စာ ဘယ်လောက်ရှိရှိ ၊ ဘွဲ့ထူး ရာထူး ဘယ်လောက်ရှိရှိ ကိုယ့်ကိုယ်ကို လေးစားမှု မရှိတဲ့သူဟာ အောင်မြင်တဲ့သူလို့မဆိုနိုင်ဘူး။
  • အရင့်ကျက်ဆုံးလူဟာ အခြိုးခြံဆုံးလူ၊ ငဲ့ညှာတဲ့စိတ်ဟာ မြင့်မြတ်တဲ့စိတ်၊ ပေးနိုင်တဲ့စိတ်ဟာ အင်အားကြီးတဲ့စိတ်။
  • ကိုယ့်ဘ၀ရဲ့စစ်မှန်တဲ့ အောင်မြင်မှုကို ပြင်ပကနေ တိုင်းတာပေးလို့မရဘူးနိုင်ဘူး ဆိုတာကို သဘောပေါက်ဖို့လိုတယ်။
  • အဆိုးတွေ ဘယ်လောက်ပဲကြုံရကြုံရ အကောင်းကို မျှော်လင့်ချက်ထားပြီး လုပ်သင့်တာကို ဆက်လုပ်နိုင်ရမယ်။
  • သူများထက်သာအောင်လုပ်နိုင်မှ ငါဟာတန်ဘိုးရှိတဲ့သူမဟုတ်ဘူး။ စိတ်ကောင်းရှိတဲ့၊ လူသားပီသတဲ့ လူတစ်ယောက် ဖြစ်နေရင်ကိုပဲ အင်မတန် တန်ဘိုးရှိနေပြီလေ။
  • အဆင်မပြေမှုတွေ၊ မမျှတမှုတွေရှိတိုင်း၊ မြင်ရတိုင်း၊ ကြားရတိုင်း အမြဲတမ်း ဒေါသဖြစ်ရမယ် ဆိုရင် အေးချမ်းဖို့ရာ အလားအလာ လုံးဝမရှိတော့ဘူး။ အဆင်မပြေမှုတွေက ပျောက်သွားမှာ မဟုတ်ဘူး။
  • စိတ်ဆိုး စိတ်တို နေတဲ့အခါ ကိုယ့်ကိုယ်ကိုမေးပါ။ ငါ…ဒေါသဖြစ်ချင်နေသလား။ ဒေါသ..ဆိုတဲ့ ခံစားမှု ဖြစ်ချင်နေသလား။
  • ချစ်စရာကောင်းတယ် မကောင်းဘူးဆိုတာ ဘယ်သူဘယ်ဝါက ကိုယ့်ကိုချစ်တာမချစ်တာနဲ့ မဆိုင်ပါဘူး။ ကိုယ့်ကို သူကချစ်စရာမကောင်းဘူးလို့ ထင်ရင်တောင်မှ ဒါသူ့အထင်ပဲ။ တခြားတစ်ယောက်ယောက်က ကိုယ့်ကို ချစ်စရာကောင်းတယ်လို့ထင်မှာပဲ။ အရေးကြီးတာက ကိုယ့်ကိုယ်ကို တကယ်ချစ်တတ်ဖို့ပါ။
  • တခြားကိစ္စတွေမှာ မအောင်မြင်ရင်ရှိပါစေတော့။စိတ်ချမ်းသာအောင်နေတတ်တယ် ဆိုရင် အောင်မြင် တယ်လို့မှတ်ပါ။ စိတ်ချမ်းသာမှုဟာ အကြီးမားဆုံး အောင်မြင်မှုပဲ

Print Friendly and PDFPrintPrint Friendly and PDFPDF

0 comments:

Post a Comment

သတင်း၊ ဆောင်းပါး ၊တိုင်ကြားစာ ၊ နည်းပညာ ၊ တရားဟောချက် etc မည်သူမဆို လွှတ်လပ်စွာရေးသား ပေးပို့နိုင်ပါသည်။

သင်၏ဝေဖန်အကြံပြုစာသည် ကျတော်တို့အတွက် နောက်တဖန်ရေးသားဖို့ရန်အတွက် အားဆေးဖြစ်စေလိုပါသည်။ အချိန်ယူကာ ဝင်ရောက်ဖတ်ရှုခြင်းအတွက် အထူးကျေးဇူးတင်ပါသည်။

ခင်မင်လေးစားစွာဖြင့်- Admins
Email - simonkamta@thespiritfruit.com

Zawgyi Converter

Note - If you don't install zawgyi myanmar font in your computer, can be use this zawgyi converter

ရှာလို့လွယ်အောင် အသစ်တင်သမျှ ခေါင်းစဉ် ( 70 )