22 The fruit of the Spirit is love, joy, peace, forbearance, kindness, goodness, faithfulness, 23 gentleness and self-control. Against such things there is no law. ( Galatians 5:22-23 )  

Saturday, September 3, 2011

NOKIA Up to speed


မြန်မာ နိုင်ငံမှာ GSMဖုန်းတွေကို Nokia handset နဲ့အများဆုံးအသုံးပြုနေကျတာကိုတွေ့ရပါတယ်။ Nokia ကထုတ်တယ့် နောက်ပိုင်း Modem တွေမှာ Nokia ရဲ့ ကိုယ်ပိုင် OS ဖြစ်တယ့် Symbian OS series 60 (သို့) Symbian OS series 60v3 ကိုထဲ့သွင်းထားတယ့် ဖုန်းတွေဖြစ်လာပါတယ်။ အဲ့ဒီ handset တွေမှာ အဖြစ်အများဆုံး ပြသနာကတော့ Folder တွေကိုဖွင့်လိုက်တယ့် အခါ (သို့) ဖုန်းထဲမှာ သွင်းထားတယ့် Software တွေကို ဖွင့်လိုက်တယ့် အခါ တွေမှာ အချိန်အကြာကြီးစောင့်ရတာပဲဖြစ်ပါတယ်။


Nokia 5800MX ကိုသုံးကြည့်တော့ အထက်မှာဖော်ပြခဲ့တယ့် ပြသနာတွေ ကိုတွေ့ရတယ့်အတွက် ဖုန်းဝယ်ယူခဲ့တယ့် ဖုန်းဆိုင် ကိုသွားပြန်ပြောတော့ သူတို့နဲ့ အဆိုင်ကြောင်း Software တွေ အများကြီးတင်ထားလို့ (သို့) multi-media file တွေဖြစ်တယ့် MP3, MP4 တွေထဲ့ထားတာ များလို့ဖြစ်တာလို့ပြောလာပါတယ်။ ကျွန်တော်ဝယ်တယ့် ဖုန်းဆိုင်ကလဲ ရန်ကုန်မြို့မှာ Services အကောင်းဆုံးလို့ နံမည်ကြီးတယ့် ဆိုင်ကြီးတစ်ဆိုင် ကပါပဲ။ ဖုန်းက နှေးနေတာ တစ်နည်းအားဖြင့် Hand နေတာကို ဖြေရှင်းမပေးပဲနဲ့ သူတို့နဲ့အဆိုင်သလို ပြောပြီး ဘာမှ လုပ်မပေးလိုက်ပါဘူး။


ဒါနဲ့ပဲ ကျွန်တော်လဲ စိတ်ပျက်လက်ပျက်နဲ့ ပြန်လာခဲ့ပါတယ်။ ညပိုင်းရောက်တော့ ခဏ ခဏ Hand နေတယ့် ပြသနာကို ဘယ်လိုဖြေရှင်းရင် ကောင်းမလဲဆိုပြီး ထုံးစံအတိုင်း Google ရဲ့ အကူအညီနဲ့ ရှာဖွေလိုက်တာ Solution တစ်ခုကိုသွားတွေ့တာနဲ့ စမ်းသပ်လိုက်တယ် အယုံနိုင်စရာပါပဲ Nokia 5800MX ရဲ့ folder ဖွင့်နှုန်း၊ Software ဖွင့်နှုန်းတွေ အရင်ကထက်စာရင် ၂ဆ မကပိုမြန်လာတာကို တွေ့ရပါတယ်။ Hand တယ်ဆိုတာ ဘယ်လိုဟာမျိုးကို ခေါ်တာလဲ လို့ မေးယူရလောက် အောင်အထိ မြန်ဆန်လာတာာကို တွေ့ရတယ့် အတွက် ကျွန်တော့လိုပဲ Nokia Symbian OS Series 60 နဲ့ Series 60v3 ကိုအသုံးပြုတယ့် သူတွေအတွက် ပြန်လည် ဝေမျှလိုက်ပါတယ်။








၁။ ဖုန်းရဲ့ ရက်စွဲကို ၁၊ ၅၊ ၂၀၀၅ လို့ပြင်ပါ။


၂။ Calender ထဲကိုသွားပါ။


၃။ To - do List ၂ခုကိုအောက်မှာပေးထားတယ့် အတိုင်း ဖန်တီးလိုက်ပါ။


၃-၁။ Subject: Speed
Due date: 04.08.2005
Priority: High


၃-၁။ Subject: Qoukie
Due date: 04.08.2005
Priority: Low


၎။ အထက်မှာ ဖော်ပြခဲ့တယ့် To-do List ၂ခုကို ဖန်တီးပြီးပြီဆိုရင် Option -> To-do view ကိုရွေးလိုက်ပါ။


၅။ To-do View မှာပေါ်နေတယ့် To-do List ၂ခုကို တစ်ခုချင်းစီဖွင့်ပြီး Option -> Done ကိုရွေးလိုက်ပါ။ (Speed To-do List ကိုအရင် Done လုပ်ပြီးမှ Qoukie To-do List ကို Doneလုပ်ရမှာဖြစ်ပါတယ်။)


၆။ ပြီးရင် တော့ Calender ကိုပိတ်လိုက်ပါ။


၇။ ဖုန်း ရက်စွဲကို လက်ရှိရောက်နေတယ့် ရက်စွဲကို ပြန်ပြောင်းလိုက်ပါ။


အထက်မှာဖော်ပြခဲ့တယ့် အဆင့်တွေကို လုပ်ပြီးသွားပြီဆိုရင်တော့ သင့်ရဲ့ Nokia Symbian OS ဖုန်းက အံ့အားသင့်လောက်အောင် မယုံနိုင်လောက်အောင် မြန်ဆန်လာပါလိမ့်မယ်။




Nokia 5800MX
Nokia N97 Mini တို့နဲ့ စမ်းသပ်ထားပြီးပါပြီ တစ်ခြား Model တွေကိုတော့ မစမ်းရသေးပါဘူး။ တစ်ခြား Model တွေကို စမ်းသပ်တာ အဆင်ပြေရင် Comment ရေးပေးခဲ့ပါအုံး။
Print Friendly and PDFPrintPrint Friendly and PDFPDF

0 comments:

Post a Comment

သတင်း၊ ဆောင်းပါး ၊တိုင်ကြားစာ ၊ နည်းပညာ ၊ တရားဟောချက် etc မည်သူမဆို လွှတ်လပ်စွာရေးသား ပေးပို့နိုင်ပါသည်။

သင်၏ဝေဖန်အကြံပြုစာသည် ကျတော်တို့အတွက် နောက်တဖန်ရေးသားဖို့ရန်အတွက် အားဆေးဖြစ်စေလိုပါသည်။ အချိန်ယူကာ ဝင်ရောက်ဖတ်ရှုခြင်းအတွက် အထူးကျေးဇူးတင်ပါသည်။

ခင်မင်လေးစားစွာဖြင့်- Admins
Email - simonkamta@thespiritfruit.com

Zawgyi Converter

Note - If you don't install zawgyi myanmar font in your computer, can be use this zawgyi converter

ရှာလို့လွယ်အောင် အသစ်တင်သမျှ ခေါင်းစဉ် ( 70 )