22 The fruit of the Spirit is love, joy, peace, forbearance, kindness, goodness, faithfulness, 23 gentleness and self-control. Against such things there is no law. ( Galatians 5:22-23 )  

Monday, May 28, 2012

ရီးယဲလ်က စိတ်ဝင်စား နေသော်လည်း ချယ်လ်ဆီးတွင်သာ ဆက်နေလိုကြောင်း အိုင်ဗန်နိုဗစ်ဆို

ရီးယဲလ် မက်ဒရစ် အသင်း၏ စိတ်ဝင်စား နေမှုကို သိရှိ ထားသော်လည်း လတ်တလောတွင် ချယ်လ်ဆီး အတွက်သာ အပြည့်အ၀ အာရုံ စိုက်သွားမည်ဟု ဘရာနီဆလက်ဗ် အိုင်ဗန်နိုဗစ်က ပြောကြားလိုက်သည်။

ဥရောပ ချန်ပီယံလိဂ် ဆုရှင် ဆာဘီးယား လက်ရွေးစင် ခံစစ်မှူးသည် ယခုရာသီ စတမ်းဖို့ဒ် ဘရစ်ဂ်ျတွင် စွမ်းစွမ်းတမံ ပြသခဲ့သော ခြေစွမ်းများကြောင့် ရီးယဲလ်နည်းပြ ဟိုဆေး မော်ရင်ဟို၏ အာရုံကို ဖမ်းစားနိုင်ခဲ့သည်။ မော်ရင်ဟိုသည် ရီးယဲလ် ခံစစ်ကြောင်းတွင် အသက်အရွယ် အရ အကျပိုင်း ရောက်နေပြီဖြစ်သည့် ရီကာဒို ကာဗယ်လ်ဟို နေရာတွင် အိုင်ဗန်နိုဗစ်နှင့် အစားထိုးရန် ရည်ရွယ် ထားသော်လည်း အိုင်ဗန်နိုဗစ်က မိမိသည် လန်ဒန်မြေတွင် ပျော်ရွှင်နေကြောင်း အတည်ပြု ပြောဆိုခဲ့သည်။
ချယ်လ်ဆီးတွင် ဆက်ရှိနေဦးမည့် အိုင်ဗန်နိုဗစ်

အသက်(၂၈)နှစ်ရှိ အိုင်ဗန်နိုဗစ်က Marcaနှင့် အင်တာဗျူးတွင် "ကျွန်တော့်ကို ရီးယဲလ်က လိုချင်နေတာကို ကျွန်တော် သဘော ပေါက်ပါတယ်။ လောလောဆယ်တော့ လက်ရွေးစင် အသင်းအတွက် ကျွန်တော် အာရုံစိုက်နေတယ်။ ပြီးတော့ ကျွန်တော် ချယ်လ်ဆီးမှာပဲ ကစားချင်ပါတယ်။ လန်ဒန်မှာ ကျွန်တော် သိပ်ကို ပျော်ရွှင် နေပါပြီ။ ကျွန်တော် ချန်ပီယံလိဂ် ဆုဖလားကို ဒီအသင်းနဲ့ အတူ ရယူထားတာ ဘယ်လောက်မှ မကြာသေးပါဘူး။ ခုအချိန်က အပြောင်းအရွှေ့ ကိစ္စတွေ စဉ်းစားဖို့ သိပ်ကို ရှုပ်ထွေးနေပါသေးတယ်" ဟု ပြောဆိုခဲ့သည်။

ကျွန်တော့်ကို ရီးယဲလ်က လိုချင်နေတာကို ကျွန်တော် သဘောပေါက်ပါတယ်။ လောလောဆယ်တော့ လက်ရွေးစင် အသင်းအတွက် ကျွန်တော် အာရုံစိုက်နေတယ်။ ပြီးတော့ ကျွန်တော် ချယ်လ်ဆီးမှာပဲ ကစားချင်ပါတယ်...
အိုင်ဗန်နိုဗစ်သည် (၂၀၀၈)ခုနှစ်က ရုရှားကလပ် လိုကိုမိုးတစ်ဗ် မော်စကိုမှ ချယ်လ်ဆီးသို့ ပေါင်စတာလင် (၉)သန်းဖြင့် ပြောင်းရွှေ့  ရောက်ရှိလာခဲ့သူ ဖြစ်သည်။
Ref: Daily Mail
Print Friendly and PDFPrintPrint Friendly and PDFPDF

0 comments:

Post a Comment

သတင်း၊ ဆောင်းပါး ၊တိုင်ကြားစာ ၊ နည်းပညာ ၊ တရားဟောချက် etc မည်သူမဆို လွှတ်လပ်စွာရေးသား ပေးပို့နိုင်ပါသည်။

သင်၏ဝေဖန်အကြံပြုစာသည် ကျတော်တို့အတွက် နောက်တဖန်ရေးသားဖို့ရန်အတွက် အားဆေးဖြစ်စေလိုပါသည်။ အချိန်ယူကာ ဝင်ရောက်ဖတ်ရှုခြင်းအတွက် အထူးကျေးဇူးတင်ပါသည်။

ခင်မင်လေးစားစွာဖြင့်- Admins
Email - simonkamta@thespiritfruit.com

Zawgyi Converter

Note - If you don't install zawgyi myanmar font in your computer, can be use this zawgyi converter

ရှာလို့လွယ်အောင် အသစ်တင်သမျှ ခေါင်းစဉ် ( 70 )