22 The fruit of the Spirit is love, joy, peace, forbearance, kindness, goodness, faithfulness, 23 gentleness and self-control. Against such things there is no law. ( Galatians 5:22-23 )  

Monday, May 28, 2012

ရန်ကုန်တို့ အမှတ်ပေး ဇယားထိပ် ပြန်လည် ရောက်ရှိလာသည့် စနေ၊ တနင်္ဂနွေ နေရှင်နယ်လိဂ် ပွဲစဉ်များ

ပြီးခဲ့သည့် စနေ၊ တနင်္ဂနွေ နေ့များက ယှဉ်ပြိုင် ကစားခဲ့သည့် မြန်မာ နေရှင်နယ်လိဂ် ပွဲစဉ်များ အပြီးတွင် ရန်ကုန် ယူနိုက်တက် အသင်းသည် အမှတ်ပေး ဇယား ထိပ်ဆုံးသို့ ပြန်လည် တက်လှမ်း နိုင်ခဲ့သည်။

ရန်ကုန် အသင်းသည် အဝေးကွင်းတွင် ဇေယျာရွှေမြေအား အနိုင် ရရှိခဲ့ခြင်း ဖြစ်ပြီး အသင်းကြီးများ ဖြစ်သည့် ဧရာဝတီ ယူနိုက်တက်၊ ကမ္ဘောဇတို့လည်း နိုင်ပွဲများ ကိုယ်စီ ရရှိခဲ့သည်။ ထို့ကြောင့် အမှတ်ပေး ဇယား ဦးဆောင်သူ ရတနာပုံတို့ တနင်္လာနေ့ ပွဲစဉ် မကစားမီ အချိန်အထိ ရန်ကုန် ယူနိုက်တက် အသင်းက ဇယား ထိပ်ဆုံးသို့ ရမှတ်တူ ဂိုးကွာခြားချက် အရ တက်လှမ်းခွင့် ရခဲ့ခြင်း ဖြစ်သည်။
ရန်ကုန်ယူနိုက်တက် Vs ဇေယျာရွှေမြေ

ရန်ကုန် ယူနိုက်တက် အသင်းသည် မုံရွာတွင် ကစားခဲ့သည့် ပွဲစဉ်တွင် ပွဲပယ် ခံထားရသည့် ကြည်လင်းမှ လွဲ၍ လူစုံနီးပါး ပါဝင်ခဲ့ပြီး ဇေယျာရွှေမြေ အသင်းတွင်မူ အဓိက ဂိုးသမား ညီညီလွင် ပါဝင်နိုင်ခြင်း မရှိဘဲ ဆာဆာ၊ ကျော်ကိုကို၊ ချူကွာဇူ အစရှိသည့် အဓိက ကစားသမား များဖြင့် ကစားခဲ့သည်။ ပွဲအစ မိနစ် အနည်းငယ် အတွင်းမှာပင် ဧည့်သည် ရန်ကုန်တို့ တစ်လုံးတည်းသော ဂိုးအား ရရှိခဲ့ကာ ဒေးဗစ်ထန် ဖန်တီးပေးရာမှ ဇေယျာရွှေမြေ ကစားသမားဟောင်း ရာဇာဝင်းသိန်းက ဧရိယာ အတွင်းမှ ဘယ်ခြေဖြင့် အဆုံးသတ် ကန်သွင်းခဲ့ခြင်း ဖြစ်သည်။ ထို့နောက်တွင် အိမ်ရှင် အသင်းက ပွဲအား အဓိက လွှမ်းမိုးချုပ်ကိုင် ကစားနိုင်ခဲ့ သော်လည်း ရန်ကုန် နောက်ခံလူနှင့် ဂိုးသမားတို့ ကောင်းမွန်နေခြင်းနှင့် အဆုံးသတ် အားနည်းခြင်းတို့ကြောင့် ဂိုးမရခဲ့ဘဲ ဖြစ်ခဲ့သည်။ ဒုတိယပိုင်းတွင် ပရိသတ် အချို့ ကွင်း အတွင်းသို့ အရာဝတ္ထုများနှင့် ပစ်ပေါက်ခဲ့၍ ၄မိနစ်ကြာခန့် ပွဲအား ရပ်နားခဲ့ရသည်။ နာကျင် အချိန်ပို မိနစ်များ ကုန်ဆုံးချိန် အထိ အိမ်ရှင်အသင်း ဂိုးပေါက် ရှာမတွေ့ခဲ့ရာ ရန်ကုန်တို့ အနိုင် ရခဲ့ခြင်း ဖြစ်သည်။

တောင်ကြီးကွင်း ပွဲစဉ်တွင်မူ ကမ္ဘောဇ အသင်း အနေဖြင့် ပထမပိုင်းတွင် သွင်းဂိုး ရရှိခဲ့ခြင်း မရှိသော်လည်း ဒုတိယပိုင်းတွင် ၄ဂိုးဆက်တိုက် သွင်းယူကာ ချင်းယူနိုက်တက်အား အနိုင် ရရှိခဲ့သည်။ ကမ္ဘောဇ အသင်းအတွက် ဂိုးများအား နိုင်ငံခြားသား ကစားသမားများ ဖြစ်ကြသည့် ချားစ်အိုဘီ၊ ဟန်ဆန်၊ နူးနက်စ်တို့နှင့် လှအေးထွေးတို့က တစ်ဂိုးစီ သွင်းယူ ပေးခဲ့ကြသည်။

ဧရာဝတီ ယူနိုက်တက်နှင့် မောဝ်ရ၀တီတို့ ပွဲစဉ်တွင်မူ ဧရာဝတီ ယူနိုက်တက် အသင်းက ၄ဂိုး ၁ဂိုးဖြင့် အနိုင်ရရှိခဲ့သည်။ ပွဲချိန် ၂၅မိနစ်တွင် မီရိုက အဖွင့်ဂိုး စတင် သွင်းယူပေးခဲ့ကာ ပထမပိုင်းအပြီး တစ်ဂိုးအသာဖြင့် ဦးဆောင်ခဲ့သည်။ ဒုတိယပိုင်း ပွဲစစချင်းတွင် နောက်ခံလူ ဂျွန်က နောက်ထပ် ဦးဆောင်ဂိုး သွင်းယူပေးခဲ့ကာ ၅၃မိနစ်တွင် ဂျူပီတာက နောက်တစ်ဂိုး သွင်းပေးခဲ့သည်။ ထို့နောက်တွင် မောဝ်ရ၀တီ အသင်းအတွက် ထွန်းလင်းလင်းက ချေပခဲ့ပြီး ၈၃မိနစ်တွင် ဂျူပီတာက ပွဲသိမ်း အနိုင်ဂိုး သွင်းယူပေးခဲ့သည်။

အခြားပွဲစဉ် တစ်ခုတွင်မူ ဟံသာဝတီက အောင်မိုးနှင့် စတန်လေတို့၏ ပထမပိုင်း သွင်းဂိုးနှစ်ဂိုးဖြင့် ဇွဲကပင် ယူနိုက်တက်အား အနိုင် ရရှိခဲ့သည်။

တနင်္ဂနွေနေ့ ပွဲစဉ် တစ်ခုဖြစ်သည့် နေပြည်တော်နှင့် ရက္ခပူရတို့ ပွဲစဉ်တွင်မူ ဂိုးမရှိ သရေပွဲ အဖြစ်သာ ပြီးဆုံးခဲ့သည်။ အခြားပွဲစဉ် တစ်ခုတွင်မူ မနောမြေ အသင်းက မကွေး အသင်းအား ၂ဂိုး ၁ဂိုးဖြင့် အနိုင်ရရှိခဲ့သည်။ မနောမြေ တိုက်စစ်မှူး အဆာလေက ၂၆မိနစ်တွင် ဦးဆောင်ဂိုး စတင် သွင်းယူပေးခဲ့ သော်လည်း ကိုနေက ၃၁မိနစ်တွင် ပြန်လည် ချေပခဲ့သည်။ ထို့နောက် ၅မိနစ် အကြာတွင် အေးမင်းဝင်းက မနောမြေ အတွက် အနိုင်ရမှတ် အပြည့် ရစေမည့် ဂိုးအား သွင်းယူ ပေးနိုင်ခဲ့သည်။
Print Friendly and PDFPrintPrint Friendly and PDFPDF

0 comments:

Post a Comment

သတင်း၊ ဆောင်းပါး ၊တိုင်ကြားစာ ၊ နည်းပညာ ၊ တရားဟောချက် etc မည်သူမဆို လွှတ်လပ်စွာရေးသား ပေးပို့နိုင်ပါသည်။

သင်၏ဝေဖန်အကြံပြုစာသည် ကျတော်တို့အတွက် နောက်တဖန်ရေးသားဖို့ရန်အတွက် အားဆေးဖြစ်စေလိုပါသည်။ အချိန်ယူကာ ဝင်ရောက်ဖတ်ရှုခြင်းအတွက် အထူးကျေးဇူးတင်ပါသည်။

ခင်မင်လေးစားစွာဖြင့်- Admins
Email - simonkamta@thespiritfruit.com

Zawgyi Converter

Note - If you don't install zawgyi myanmar font in your computer, can be use this zawgyi converter

ရှာလို့လွယ်အောင် အသစ်တင်သမျှ ခေါင်းစဉ် ( 70 )