22 The fruit of the Spirit is love, joy, peace, forbearance, kindness, goodness, faithfulness, 23 gentleness and self-control. Against such things there is no law. ( Galatians 5:22-23 )  

Monday, May 28, 2012

ဘာတန်သည် အသင်းအတွက် ၀န်ထုပ်ဝန်ပိုး ဖြစ်စေသူဟု ကိန်းဝေဖန်

ဂျိုယေး ဘာတန်သည် အသင်းကို ၀န်ထုပ်ဝန်ပိုး ဖြစ်စေသော ကစားသမားမျိုးဟု ရွိုင်ကိန်းက ပွင့်ပွင့်လင်းလင်း ဝေဖန် ပြစ်တင်လိုက်သည်။


မန်ချက်စတာ ယူနိုက်တက် အသင်း ခေါင်းဆောင်ဟောင်းက (၁၂)ပွဲပယ် ပြစ်ဒဏ် ကျခံရသော ဘာတန်သည် QPR အတွက် မနှစ်မြို့ဖွယ် ကစားသမား တစ်ဦးအဖြစ် ရှုမြင်နေသည်။ မန်ချက်စတာ စီးတီးနှင့် ပွဲတွင် အဆင်အခြင်မဲ့ ပြုမူမှုများကြောင့် (၁၂)ပွဲပယ် ပြစ်ဒဏ် ချမှတ်ခြင်း ခံရသူ ဘာတန်အား QPR က အသင်းမှ ထုတ်ပယ် လိုသော်လည်း လျော်ကြေး ပေါင်စတာလင် (၁၁)သန်းထိ ပေးချေရမည့် အနေအထားကြောင့် လက်ရွံ့လျှက် ရှိနေသည်။ ကစားသမား ဘ၀တွင် ကိုယ်တိုင်လည်း စိတ်လွတ်ကိုယ်လွတ် ပြုမူမှုများ ရှိခဲ့ဖူးသည့် ကိန်းက ဘာတန်သည် QPR အတွက် ဆိုးကျိုးသာ ဖြစ်စေသော အရှုပ်ထုပ်ဟု ယူဆလျှက်ရှိသည်။


The Sun နှင့် အင်တာဗျူးတွင် ကိန်းက "ခုချိန်မှာတော့ ဘာတန်ဟာ QPRရဲ့ ၀န်ထုပ်ဝန်ပိုး သက်သက် ဖြစ်လာပါပြီ။ ဘယ်မန်နေဂျာမှ အ၀တ် လဲခန်းထဲမှာ ကောင်းကင် တမန်လို သူတော်စင်တွေနဲ့ ပြည့်နေမယ်လို့ မျှော်လင့်ထားမှာ မဟုတ်ပါဘူး။ ကစားသမားတွေရဲ့ အမှား တချို့ကို မန်နေဂျာတွေက ခွင့်ပြု ရပါလိမ့်မယ်။ ဒါပေမဲ့ ဘာတန်ကတော့ လိုတာထက် ပိုလွန်းတယ်" ဟု ဆိုသည်။ ကိန်းက လက်ရှိ အချိန်တွင် ဘာတန်က ပြုမူ မိသမျှကို တောင်းပန်စကား ပြောနေလျှင်လည်း အသုံး မ၀င်ဟု ထောက်ပြခဲ့သည်။

ဘယ်မန်နေဂျာမှ အ၀တ် လဲခန်းထဲမှာ ကောင်းကင် တမန်လို သူတော်စင်တွေနဲ့ ပြည့်နေမယ်လို့ မျှော်လင့်ထားမှာ မဟုတ်ပါဘူး။ ကစားသမားတွေရဲ့ အမှား တချို့ကို မန်နေဂျာတွေက ခွင့်ပြု ရပါလိမ့်မယ်။ ဒါပေမဲ့ ဘာတန်ကတော့ လိုတာထက် ပိုလွန်းတယ်...
"ကိုယ့်ကို လူတွေက တကယ်ပဲ ခွင့်လွှတ် စေချင်ရင် ကျွန်တော် တောင်းပန်ပါတယ်၊ ကျွန်တော့်ကို နားလည်ပေးပါလို့ ပြောနေရုံနဲ့ မလုံလောက်ပါဘူး။ ဒါဟာ ကွင်းပြင်ကို မောင်းထုတ် ခံရတဲ့ သူ့ရဲ့ ပထမဆုံး အတွေ့အကြုံ မဟုတ်သလို အများကြီးလည်း ကွဲပြားပါတယ်။ ဘာတန်ဟာ လက်ရှိ အနေအထားတွေကနေ ဘယ်တုန်းကမှလည်း သင်ခန်းစာ မယူခဲ့ပါဘူး" ဟုလည်း ကိန်းက ပြောကြားသွားသည်။
Ref: Goal
Print Friendly and PDFPrintPrint Friendly and PDFPDF

0 comments:

Post a Comment

သတင်း၊ ဆောင်းပါး ၊တိုင်ကြားစာ ၊ နည်းပညာ ၊ တရားဟောချက် etc မည်သူမဆို လွှတ်လပ်စွာရေးသား ပေးပို့နိုင်ပါသည်။

သင်၏ဝေဖန်အကြံပြုစာသည် ကျတော်တို့အတွက် နောက်တဖန်ရေးသားဖို့ရန်အတွက် အားဆေးဖြစ်စေလိုပါသည်။ အချိန်ယူကာ ဝင်ရောက်ဖတ်ရှုခြင်းအတွက် အထူးကျေးဇူးတင်ပါသည်။

ခင်မင်လေးစားစွာဖြင့်- Admins
Email - simonkamta@thespiritfruit.com

Zawgyi Converter

Note - If you don't install zawgyi myanmar font in your computer, can be use this zawgyi converter

ရှာလို့လွယ်အောင် အသစ်တင်သမျှ ခေါင်းစဉ် ( 70 )