22 The fruit of the Spirit is love, joy, peace, forbearance, kindness, goodness, faithfulness, 23 gentleness and self-control. Against such things there is no law. ( Galatians 5:22-23 )  

Monday, May 28, 2012

လူးကက်စ်အတွက် ပြိုင်ဘက်ကောင်း တွေ့လာသည့် ချယ်လ်ဆီး

လူးကက်စ်မိုရာကို ရရှိရေး အတွက် အဓိက လုပ်ဆောင် ကြိုးပမ်းနေသော ချယ်လ်ဆီး အတွက် ပြိုင်ဘက်ကောင်း ပေါ်လာပြီဟု ယူဆစရာ ဖြစ်လာခဲ့သည်။

အသက်(၁၉)နှစ်သာ ရှိသေးသည့် ကွင်းလယ် ဖန်တီးရှင်၏ ခြေစွမ်းကို ရီးယဲလ်မက်ဒရစ် နည်းပြ ဟိုဆေး မော်ရင်ဟိုက ကိုယ်တိုင်ကိုယ်ကျ လေ့လာနေကြောင်း သိရှိရသည်။ ချယ်လ်ဆီးသည် ဆော်ပေါ်လိုတွင် ကစားနေသည့် ဘရာဇီးလ် လက်ရွေးစင် ကစားသမားလေးအား ကမ်းလှမ်းမှု တစ်ခု ပြုလုပ်ထားပြီး မအောင်မြင်ခဲ့ချေ။ သို့သော်လည်း ဆော်ပေါ်လို ဥက္ကဋ္ဌ ဂျူဗီနယ်လ် ဂျူဗန်နီကို ကိုယ်တိုင်က ချယ်လ်ဆီးသည် လူးကက်စ်ကို ခေါ်ယူရန် အလားအလာ အကောင်းဆုံး ဖြစ်နေကြောင်း ၀န်ခံထားသည်။ မော်ရင်ဟိုသည် ဂျာမနီသို့ ပြီးခဲ့သည့် သီတင်းပတ်က လေယာဉ်ဖြင့် သွားရောက်ကာ လူးကက်စ်၏ ကစားပုံကို စောင့်ကြည့်ခဲ့သည်။
ရီးယဲလ်မှ စိတ်ဝင်စားလာသည့် လူးကက်စ်

လူးကက်စ်သည် ဒိန်းမတ်နှင့် ကစားသည့် ဘရာဇီးလ် လက်ရွေးစင် အသင်းတွင် ရွေးချယ်ခြင်း ခံရသည်။ တောင်အမေရိက ထိပ်သီး ဘရာဇီးလ်သည် ဒိန်းမတ်အား (၃-၁)ဖြင့် အနိုင်ရခဲ့ရာ လူးကက်စ်က ခြေစွမ်းပြပြီး (၂)ဂိုး ဖန်တီးပေးခဲ့သည်။ မော်ရင်ဟိုသည် အဆိုပါ ပွဲစဉ်တွင် (၈၂)မိနစ်ကြာ ၀င်ကစားသည့် လူးကက်စ်အား အသေအချာ လာရောက် အကဲ ခတ်သွားကြောင်း AS သတင်းဌာနက ဖော်ပြခဲ့သည်။ မော်ရင်ဟို၏ ပြောရေးဆိုခွင့်ရ အရာရှိ အယ်လာဒီရို ပါရာမက်စ်က မော်ရင်ဟိုသည် ယင်းပွဲသို့ သွားရောက် ကြည့်ရှုကြောင်း အတည်ပြုခဲ့သော်လည်း မည်သည့် အကြောင်းရင်းကြောင့် ဆိုသည်ကို ငြင်းဆန်ခဲ့သည်။

မော်ရင်ဟိုသည် ဂျာမနီသို့ ပြီးခဲ့သည့် သီတင်းပတ်က လေယာဉ်ဖြင့် သွားရောက်ကာ လူးကက်စ်၏ ကစားပုံကို စောင့်ကြည့်ခဲ့...
အစောပိုင်းက ဆော်ပေါ်လို အသင်း၏ ဥက္ကဋ္ဌ ဂျူဗန်နီကိုသည် ချယ်လ်ဆီးထံမှ လူးကက်စ် အတွက် ကမ်းလှမ်းမှု တစ်ခုကို ငြင်းဆန်ခဲ့ကြောင်း အတည် ပြုခဲ့ပြီး ဥရောပ ချန်ပီယံ အသင်း၏ ကြိုးပမ်းမှုကို ကြာရှည် တောင့်ခံနိုင်ဖွယ် မရှိကြောင်း ၀န်ခံခဲ့သည်။
Print Friendly and PDFPrintPrint Friendly and PDFPDF

0 comments:

Post a Comment

သတင်း၊ ဆောင်းပါး ၊တိုင်ကြားစာ ၊ နည်းပညာ ၊ တရားဟောချက် etc မည်သူမဆို လွှတ်လပ်စွာရေးသား ပေးပို့နိုင်ပါသည်။

သင်၏ဝေဖန်အကြံပြုစာသည် ကျတော်တို့အတွက် နောက်တဖန်ရေးသားဖို့ရန်အတွက် အားဆေးဖြစ်စေလိုပါသည်။ အချိန်ယူကာ ဝင်ရောက်ဖတ်ရှုခြင်းအတွက် အထူးကျေးဇူးတင်ပါသည်။

ခင်မင်လေးစားစွာဖြင့်- Admins
Email - simonkamta@thespiritfruit.com

Zawgyi Converter

Note - If you don't install zawgyi myanmar font in your computer, can be use this zawgyi converter

ရှာလို့လွယ်အောင် အသစ်တင်သမျှ ခေါင်းစဉ် ( 70 )