ဘာစီလိုနာမှ ထွက်ခွာတော့မည့် နည်းပြ ဂျိုးဆက် ဂွာဒီယိုလာသည် ၎င်းအား ဆက်ခံသူ တီတို ဗီလာနိုဗာအား အနိုင် ရခဲ့ကြောင်း သိရှိရသည်။
ဆင်းရဲမှု တိုက်ဖျက်ရေး ရန်ပုံငွေပွဲ အဖြစ် ကစားသည့် ကာတာလန် Futsal ပွဲစဉ် တစ်ခုတွင် ဘာစီလိုနာ အသင်းသားများ နှစ်ဖက် အသင်းတွင် လူခွဲကာ ပါဝင် ကစားခဲ့ပြီး နည်းပြနှစ်ဦးက တစ်ဖက်စီ ကိုင်တွယ်ခဲ့ကြသည်။ ပေါ်လာအူ ဆန်ဂျော်ဒီတွင် ကစားသော အဆိုပါ ပွဲစဉ်တွင် ဂွာဒီယိုလာ ကိုင်တွယ်သော အသင်းက ဗီလာနိုဗာ၏ အသင်းအား အနိုင် ရခဲ့ခြင်း ဖြစ်သည်။ တနင်္ဂနွေနေ့က ကစားသည့် ပွဲစဉ်တွင် ရရှိလာသော အကျိုးအမြတ်များအား ဆင်းရဲမှု တိုက်ဖျက်ရေး ရန်ပုံငွေ အတွက် လှူဒါန်း ပေးအပ်လိုက်ကြောင်း သတင်းများက ဖော်ပြခဲ့သည်။
ရန်ပုံငွေပွဲအတွက် ကစားခဲ့သည့် Futsal ပွဲ
စပိန်ဘုရင့်ဖလား ဗိုလ်လုပွဲအပြီး (၂)ရက် အကြာတွင် ပြုလုပ်သော အဆိုပါ Futsal ပွဲတွင် ဂွာဒီယိုလာ၏ အသင်းက (၁၁-၉)ဖြင့် ဗီလာနိုဗာ၏ အသင်းကို အနိုင်ရခဲ့ခြင်း ဖြစ်သည်။ ဘာစီလိုနာ ကွင်းလယ်လူ နှစ်ဦးဖြစ်သော ဆာဂျီယို ဘုရှ်ကွက်စ်နှင့် အန်းဒရက်စ် အင်နီယေစတာတို့သည် ဆရာဟောင်း၏ အသင်းဘက်တွင် ၀င်ကစားခဲ့သည်။ ဘာစီလိုနာ နည်းပြသစ် ဖြစ်လာမည့် ဗီလာနိုဗာဘက်တွင် Playmaker ရှာဗီဟာနန်ဒက်ဇ်နှင့် နောက်ခံလူ ဂျရတ်ပီကေးတို့ ပါဝင်ခဲ့သည်။ ဒဏ်ရာရနေသော အသင်းခေါင်းဆောင် ကားလက်စ်ပူယိုးလ်သည် အသင်းဖော်များအား လာရောက် အားပေးခဲ့သည်။
စပိန် ဘုရင့်ဖလား ဗိုလ်လုပွဲ အပြီး (၂)ရက် အကြာတွင် ပြုလုပ်သော အဆိုပါ Futsal ပွဲတွင် ဂွာဒီယိုလာ၏ အသင်းက (၁၁-၉)ဖြင့် ဗီလာနိုဗာ၏ အသင်းကို အနိုင် ရခဲ့ခြင်း ဖြစ်...
တိုက်စစ်မှူး ဒေးဗစ်ဗီလာကမူ ဗီလာနိုဗာ၏ အသင်းဘက်မှ နည်းပြအဖွဲ့ဝင် အဖြစ် ပါဝင် ခဲ့ပြန်သည်။ ဒဏ်ရာကြောင့် ဥရောပ ဖလားပြိုင်ပွဲဝင် စပိန်လက်ရွေးစင် အသင်းတွင် ပါဝင်ခွင့် မရခဲ့သော ဗီလာသည် ပွဲအပြီးတွင် ကာတာလန်ရိုးရာ ဆာဒါနား အကကိုပင် ကပြခဲ့သေးသည်။ ယခုပွဲတွင် ထူးခြားမှု တစ်ခုမှာ ဂိုးသမား ဟိုဆေးပင်တိုသည် တစ်ကွင်းလုံး အလျားနီးပါး ဘောလုံး ဆွဲပြေးကာ ဂိုးသွင်းခဲ့ခြင်း ဖြစ်သည်။ ပင်တိုသည် တိုက်စစ်မှူးအဖြစ် ၀င်ကစားခဲ့ခြင်း ဖြစ်သည်။ ပွဲအပြီးတွင် ဘာစီလိုနာ အသင်းသားများသည် အသည်းအစားထိုးမှု ခံယူထားရသော နောက်ခံလူ အဲရစ် အဘီဒယ်လ်အတွက် ပရိသတ်များနှင့်အတူ ဆုမွန်ကောင်း တောင်းပေးခဲ့ကြသည်။
Ref: Goal
7:51 PM
Admin
Posted in: 

0 comments:
Post a Comment
သတင်း၊ ဆောင်းပါး ၊တိုင်ကြားစာ ၊ နည်းပညာ ၊ တရားဟောချက် etc မည်သူမဆို လွှတ်လပ်စွာရေးသား ပေးပို့နိုင်ပါသည်။
သင်၏ဝေဖန်အကြံပြုစာသည် ကျတော်တို့အတွက် နောက်တဖန်ရေးသားဖို့ရန်အတွက် အားဆေးဖြစ်စေလိုပါသည်။ အချိန်ယူကာ ဝင်ရောက်ဖတ်ရှုခြင်းအတွက် အထူးကျေးဇူးတင်ပါသည်။
ခင်မင်လေးစားစွာဖြင့်- Admins
Email - simonkamta@thespiritfruit.com