လီဗာပူးလ် အသင်း၏ မန်နေဂျာသစ် ဖြစ်လာမည်ဟု သတင်း ကြီးနေသော ရောဘတ်တို မာတီနက်ဇ်က ၎င်း၏ အနာဂတ်ကို အင်္ဂါနေ့တွင် တိတိကျကျ ဆုံးဖြတ်မည်ဟု ပြောကြားလိုက်သည်။
ဝီဂန် အသင်းကို တန်းဆင်းဇုန်မှ လွတ်မြောက်အောင် အံ့ဩလောက်ဖွယ် စွမ်းဆောင်မှုမျိုးဖြင့် ဆွဲတင်နိုင်ခဲ့သော စပိန်သားသည် လာမည့်ရာသီ လီဗာပူးလ်၏ မန်နေဂျာ ဖြစ်လာမည်ဟု သတင်းများ ကျယ်ကျယ်ပြန့်ပြန့် ထွက်ပေါ်နေသည်။ ယခုအခါ မာတီနက်ဇ်သည် လာမည့်ရာသီ ၎င်း၏ အနာဂတ်နှင့် ပတ်သက်၍ ရှင်းရှင်းလင်းလင်း ကြေညာချက် တစ်ခု ထုတ်ပြန်ရန် အသင့် ရှိနေကြောင်း သိရသည်။ အသက်(၃၈)နှစ်ရှိ မာတီနက်ဇ်သည် လီဗာပူးလ် အသင်း ပိုင်ရှင်များနှင့် မီယာမီတွင် တွေ့ဆုံဆွေးနွေးခဲ့ပြီး ဖြစ်သည်။
ဝီဂန်အသင်း မန်နေဂျာ မာတီနက်ဇ်
မာတီနက်ဇ်သည် လီဗာပူးလ် မန်နေဂျာ ရာထူး၏ စိန်ခေါ်မှုအပေါ် အပြည့်အ၀ လက်ခံခြင်း ရှိမရှိ ယခုတိုင် မဆုံးဖြတ်ရသေးချေ။ သို့သော်လည်း အင်္ဂါနေ့တွင်မူ ၎င်း၏ ရွေးချယ်မှုကို ပီပီပြင်ပြင် ထုတ်ဖော် ပြောဆိုလာနိုင်သည်။ ၀ီဂန်အသင်း ဥက္ကဋ္ဌ ဖြစ်သူ ဒေ့ဗ်ဝှီလန်က မာတီနက်ဇ် အတွက် လီဗာပူးလ် အသင်းပိုင်ရှင် ဂျွန်ဟင်နရီထံမှ ကမ်းလှမ်းမှု တစ်ခုကို ရရှိထားပြီး ဖြစ်ကြောင်း ပြောဆိုခဲ့သည်။ မာတီနက်ဇ်နှင့် ပတ်သက်ပြီး လီဗာပူးလ်ကို ထောက်ခံ အားပေးသူများကြား အမြင် အမျိုးမျိုး ကွဲပြားနေပြီး အချို့က ၎င်း၏ အရည်အသွေးကို သဘော ကျနေသည်။
အသက်(၃၈)နှစ်ရှိ မာတီနက်ဇ်သည် လီဗာပူးလ် အသင်း ပိုင်ရှင်များနှင့် မီယာမီတွင် တွေ့ဆုံဆွေးနွေးခဲ့ပြီး ဖြစ်...
အချို့သော ပရိသတ်များကလည်း ထုတ်ပယ် ခံရသူ မန်နေဂျာဟောင်း ကင်နီဒဲလ်ဂလစ်ရှ်ထက် ပို၍ နာမည်ကြီးသူ တစ်ဦးကို အသင်းအတွက် လိုလားနေကြောင်း သတင်းများက ဖော်ပြသွားသည်။
Ref: Daily Post
7:47 PM
Admin
Posted in: 

0 comments:
Post a Comment
သတင်း၊ ဆောင်းပါး ၊တိုင်ကြားစာ ၊ နည်းပညာ ၊ တရားဟောချက် etc မည်သူမဆို လွှတ်လပ်စွာရေးသား ပေးပို့နိုင်ပါသည်။
သင်၏ဝေဖန်အကြံပြုစာသည် ကျတော်တို့အတွက် နောက်တဖန်ရေးသားဖို့ရန်အတွက် အားဆေးဖြစ်စေလိုပါသည်။ အချိန်ယူကာ ဝင်ရောက်ဖတ်ရှုခြင်းအတွက် အထူးကျေးဇူးတင်ပါသည်။
ခင်မင်လေးစားစွာဖြင့်- Admins
Email - simonkamta@thespiritfruit.com