22 The fruit of the Spirit is love, joy, peace, forbearance, kindness, goodness, faithfulness, 23 gentleness and self-control. Against such things there is no law. ( Galatians 5:22-23 )  

Monday, May 28, 2012

အာဆင်နယ်သို့ ပြောင်းရွှေ့လိုကြောင်း အန်ဇီး ကွင်းလယ်လူ အာမီဒေါ့ဗ် ဖွင့်ဟ

အန်ဇီး အသင်း၏ ကွင်းလယ်လူ အိုဒီလ် အာမီဒေါ့ဗ်က အာဆင်နယ် အသင်းသို့ နွေရာသီတွင် ပြောင်းရွှေ့ရန် စိတ်အား ထက်သန်နေကြောင်း သိရှိရသည်။

အသက်(၂၄)နှစ်ရှိ အူဇဘက် ကစ္စတန် လက်ရွေးစင်သည် ယမန်နှစ် ဘောလုံးရာသီ အကုန်က အာဆင်နယ်သို့ ပြောင်းရွှေ့ရန် ချိတ်ဆက်မှုများ ပြုလုပ်ခဲ့ဖူးသည်။ သို့သော်လည်း အန်ဇီး အသင်းက ကစားသမားကို လက်လွှတ်ရန် ငြင်းဆိုခဲ့သဖြင့် အာဆင်နယ်၏ ကြိုးပမ်းမှု မအောင်မြင်ခဲ့ချေ။ ယခုအခါတွင် ကစားသမား ကိုယ်တိုင်က အာဆင်နယ်တွင် ကစားရမည့် အခွင့်အရေးကို တောင့်တနေမိကြောင်း ပြောဆိုကာ လန်ဒန် အခြေစိုက် ကလပ်အသင်းအတွက် လမ်းဖွင့် ပေးခဲ့သည်။
အာဆင်နယ်တွင် ကစားချင်သည့် အာမီဒေါ့ဗ်

"ကျွန်တော်သာ အာဆင်နယ်ကို ရွေးချယ်ခွင့် ရမယ်ဆိုရင် ပျော်ပျော်ရွှင်ရွှင်ကြီး ကစားမှာပါ" ဟု အာမီဒေါ့ဗ်က ဆိုသည်။ အာဆင်နယ် အသင်းသည် ချယ်လ်ဆီးမှ အငှား ခေါ်ယူထားသူ ယိုဆေး ဘီနာယောင်အား အပြီးသတ် စာချုပ်ခြင်း မရှိပါက အာမီဒေါ့ဗ်ကို ကမ်းလှမ်းဖွယ် ရှိနေသည်။ အာမီဒေါ့ဗ်သည် အူဇဘက်ကစ္စတန် အသင်းအတွက် (၄၄)ပွဲတွင် (၇)ဂိုး သွင်းယူ ပေးထားသည့် ဂိုးသွင်းစွမ်းရည် မြင့်မားသော ကွင်းလယ်လူ တစ်ဦးလည်း ဖြစ်သည်။ ၎င်းကို တူရကီ ကလပ် ဘီဆစ်တက်ခ်နှင့် အရှေ့ အလယ်ပိုင်း ဒေသမှ ကလပ် အချို့ကလည်း စိတ်ဝင်စားလျှက် ရှိသည်။
ကျွန်တော်သာ အာဆင်နယ်ကို ရွေးချယ်ခွင့် ရမယ်ဆိုရင် ပျော်ပျော်ရွှင်ရွှင်ကြီး ကစားမှာပါ...
Print Friendly and PDFPrintPrint Friendly and PDFPDF

0 comments:

Post a Comment

သတင်း၊ ဆောင်းပါး ၊တိုင်ကြားစာ ၊ နည်းပညာ ၊ တရားဟောချက် etc မည်သူမဆို လွှတ်လပ်စွာရေးသား ပေးပို့နိုင်ပါသည်။

သင်၏ဝေဖန်အကြံပြုစာသည် ကျတော်တို့အတွက် နောက်တဖန်ရေးသားဖို့ရန်အတွက် အားဆေးဖြစ်စေလိုပါသည်။ အချိန်ယူကာ ဝင်ရောက်ဖတ်ရှုခြင်းအတွက် အထူးကျေးဇူးတင်ပါသည်။

ခင်မင်လေးစားစွာဖြင့်- Admins
Email - simonkamta@thespiritfruit.com

Zawgyi Converter

Note - If you don't install zawgyi myanmar font in your computer, can be use this zawgyi converter

ရှာလို့လွယ်အောင် အသစ်တင်သမျှ ခေါင်းစဉ် ( 70 )