22 The fruit of the Spirit is love, joy, peace, forbearance, kindness, goodness, faithfulness, 23 gentleness and self-control. Against such things there is no law. ( Galatians 5:22-23 )  

Monday, May 28, 2012

ဂွာဒီယိုလာကို မန်ယူအသင်း တာဝန် ရှိသူများ ဆက်သွယ်ဆွေးနွေးခဲ့

မန်ချက်စတာ ယူနိုက်တက် အသင်းသည် ဘာစီလိုနာ နည်းပြဟောင်း ဂျိုးဆက် ဂွာဒီယိုလာအား ချိတ်ဆက် ကြိုးစားလျှက် ရှိကြောင်း သိရှိရသည်။
ကမ္ဘာ့ဘောလုံး လောက၏ လက်ရှိ လူကြိုက် အများဆုံး နည်းပြအဖြစ် ရပ်တည်နေသူ စပိန်သားအား မန်ယူက ဆွေးနွေးမှု ပြုလုပ်ခဲ့ကြောင်း Daily Mirrorနှင့် ESPN သတင်း ဌာနများက ဖော်ပြခဲ့သည်။ ဂွာဒီယိုလာသည် စပိန်ထိပ်သီး ဘာစီလိုနာအား (၄)နှစ်ကြာ နည်းပြကာ အောင်မြင်မှုကောင်းများ ရယူ ပေးပြီးနောက် အသင်းမှ နုတ်ထွက်ခဲ့ပြီး ဖြစ်သည်။ ၎င်းသည် ဘောလုံး လောကမှ အချိန် အတိုင်းအတာ တစ်ရပ်ထိ အနား ယူနေဦးမည်ဟု ပြောဆို ထားသော်လည်း ချယ်လ်ဆီး၊ လီဗာပူးလ်တို့ အပြင် ကလပ်အသင်း မြောက်မြားစွာက လိုလားလျှက် ရှိနေသည်။


မန်ယူ အသင်းသည် လက်ရှိ မန်နေဂျာ ရာထူးမှ အနားယူဖွယ် ရှိနေကြောင်း သတင်းကြီးနေသည့် သက်တော်ရှည် မန်နေဂျာကြီး ဆာအဲလက်စ် ဖာဂူဆန်၏ နေရာကို ဆက်ခံရန် မန်နေဂျာ တစ်ဦးကို ကြိုတင် ရှာဖွေနေရာ ဂွာဒီယိုလာကို ကြိုတင် ချိတ်ဆက်ထားခြင်း ဖြစ်ဖွယ် ရှိနေသည်။ ဂွာဒီယိုလာက ၎င်းသည် ကာလ အတန်ကြာ အနား ယူပြီးပါက မိမိအတွက် အဆိုပြု ကမ်းလှမ်း လာမှုတိုင်းကို လက်ခံ စဉ်းစားမည်ဟု ပြောဆိုထားသည်။ ဂွာဒီယိုလာသည် ဘာစီလိုနာ အသင်းအတွက် နောက်ဆုံး တရားဝင် ပွဲစဉ်ကို စပိန် ဘုရင့်ဖလား ဗိုလ်လုပွဲတွင် ကိုင်တွယ်ပေးပြီး အသင်းအတွက် ၎င်းလက်ထက် (၁၄)လုံးမြောက် ဆုဖလားကို ရယူ နိုင်စေခဲ့သည်။
မန်ယူအသင်းသည် လက်ရှိ မန်နေဂျာ ရာထူးမှ အနားယူဖွယ် ရှိနေကြောင်း သတင်းကြီးနေသည့် သက်တော်ရှည် မန်နေဂျာကြီး ဆာအဲလက်စ် ဖာဂူဆန်၏ နေရာကို ဆက်ခံရန် မန်နေဂျာ တစ်ဦးကို ကြိုတင် ရှာဖွေနေ...
Print Friendly and PDFPrintPrint Friendly and PDFPDF

0 comments:

Post a Comment

သတင်း၊ ဆောင်းပါး ၊တိုင်ကြားစာ ၊ နည်းပညာ ၊ တရားဟောချက် etc မည်သူမဆို လွှတ်လပ်စွာရေးသား ပေးပို့နိုင်ပါသည်။

သင်၏ဝေဖန်အကြံပြုစာသည် ကျတော်တို့အတွက် နောက်တဖန်ရေးသားဖို့ရန်အတွက် အားဆေးဖြစ်စေလိုပါသည်။ အချိန်ယူကာ ဝင်ရောက်ဖတ်ရှုခြင်းအတွက် အထူးကျေးဇူးတင်ပါသည်။

ခင်မင်လေးစားစွာဖြင့်- Admins
Email - simonkamta@thespiritfruit.com

Zawgyi Converter

Note - If you don't install zawgyi myanmar font in your computer, can be use this zawgyi converter

ရှာလို့လွယ်အောင် အသစ်တင်သမျှ ခေါင်းစဉ် ( 70 )