22 The fruit of the Spirit is love, joy, peace, forbearance, kindness, goodness, faithfulness, 23 gentleness and self-control. Against such things there is no law. ( Galatians 5:22-23 )  

Monday, May 28, 2012

ဟာဇက်ကို မန်ယူတွင် လာကစားရန် အီဗရာ ဖိတ်ခေါ်

မန်ချက်စတာ ယူနိုက်တက် အသင်းသို့ ပြောင်းရွှေ့ကစားရန် အီဒင်ဟာဇက်အား ပက်ထရစ် အီဗရာက ဖိတ်ခေါ်လိုက်သည်။

မန်ယူ အသင်း၏ နောက်ခံလူ အီဗရာက မြို့ခံပြိုင်ဘက် မန်ချက်စတာ စီးတီးထက် စာလျှင် မန်ယူကို ရွေးချယ်ခြင်းက ဟာဇက်အတွက် ပိုမို သင့်တော်လိမ့်မည်ဟု အကြံပြုခဲ့သည်။ လိုင်လီ အသင်း၏ ဘယ်လ်ဂျီယံ လက်ရွေးစင် ကွင်းလယ် တိုက်စစ်သမားသည် မန်ယူ၊ မန်စီးတီးနှင့် ချယ်လ်ဆီး (၃)သင်းကြားတွင် မည်သည့် အသင်းကို ရွေးချယ်ရမည် မဆုံးဖြတ်နိုင်သေးဘဲ ရှိနေသည်။ မန်စီးတီးသည် လက်ရှိ ပရီးမီးယားလိဂ် ချန်ပီယံ၊ ချယ်လ်ဆီးသည် လက်ရှိ ဥရောပ ချန်ပီယံ ဖြစ်နေသော်လည်း ဟာဇက်အနေဖြင့် အောင်မြင်မှု ဆုဖလားများကို အမှန်တကယ် အလို ရှိပါက မန်ယူကိုသာ ရွေးသင့်ကြောင်း အီဗရာက အကြံပြုခဲ့သည်။
ချစ်ကြည်ရေးပွဲ တစ်ပွဲတွင် တွေ့ရသော ဟာဇက်

"ကျွန်တော်က ဟာဇက်ကို ဘာလုပ်ပါလို့ ပြောဖို့ဆိုတာ သူ့အဖေမှ မဟုတ်တာ။ ဒါပေမဲ့ သူသာ မန်ချက်စတာ မြို့ကို လာမယ်ဆိုရင် ကျွန်တော်တို့နဲ့ ပူးပေါင်းသင့်တယ်။ ဒါဆို ဟာဇက်ဟာ အောင်မြင်မှုတွေ အများကြီး ရလာပါလိမ့်မယ်" ဟု မန်ချက်စတာ ညနေခင်း သတင်းစာသို့ ပြောကြားသွားသည်။ "သူသာ မန်ချက်စတာ မြို့မှာ ကစားရင် ကျွန်တော်တို့နဲ့ပဲ လာချိတ်စေချင်တယ်။ အပြာရောင်ဘက် မကူးသင့်ပါဘူး" ဟုလည်း အီဗရာက ဖြည့်စွက် ပြောကြားခဲ့သည်။ ဟာဇက်သည် ၎င်းကို အလိုရှိနေသည့် အင်္ဂလန် ကလပ်အသင်း (၃)ခုလုံးနှင့် ညှိနှိုင်း သဘော တူညီမှု ရရှိထားပြီး တိကျသော ရွေးချယ်မှု တစ်ခုကို ဇွန်လဆန်းတွင် ပြုလုပ် သွားမည်ဟု သိရှိရသည်။
ကျွန်တော်က ဟာဇက်ကို ဘာလုပ်ပါလို့ ပြောဖို့ဆိုတာ သူ့အဖေမှ မဟုတ်တာ။ ဒါပေမဲ့ သူသာ မန်ချက်စတာ မြို့ကို လာမယ်ဆိုရင် ကျွန်တော်တို့နဲ့ ပူးပေါင်းသင့်တယ်။ ဒါဆို ဟာဇက်ဟာ အောင်မြင်မှုတွေ အများကြီး ရလာပါလိမ့်မယ်...
Print Friendly and PDFPrintPrint Friendly and PDFPDF

0 comments:

Post a Comment

သတင်း၊ ဆောင်းပါး ၊တိုင်ကြားစာ ၊ နည်းပညာ ၊ တရားဟောချက် etc မည်သူမဆို လွှတ်လပ်စွာရေးသား ပေးပို့နိုင်ပါသည်။

သင်၏ဝေဖန်အကြံပြုစာသည် ကျတော်တို့အတွက် နောက်တဖန်ရေးသားဖို့ရန်အတွက် အားဆေးဖြစ်စေလိုပါသည်။ အချိန်ယူကာ ဝင်ရောက်ဖတ်ရှုခြင်းအတွက် အထူးကျေးဇူးတင်ပါသည်။

ခင်မင်လေးစားစွာဖြင့်- Admins
Email - simonkamta@thespiritfruit.com

Zawgyi Converter

Note - If you don't install zawgyi myanmar font in your computer, can be use this zawgyi converter

ရှာလို့လွယ်အောင် အသစ်တင်သမျှ ခေါင်းစဉ် ( 70 )