22 The fruit of the Spirit is love, joy, peace, forbearance, kindness, goodness, faithfulness, 23 gentleness and self-control. Against such things there is no law. ( Galatians 5:22-23 )  

Friday, October 14, 2011

Coca Cola

အမေရိကန်ပြည်ထောင်စု အမျိုးသား အဆိပ်အတောက်ဗေဒ စီမံချက်ဌာနက ကိုကာကိုလာနှင့်ပက်စီတို့တွင် ပါဝင်သော 2-MI နှင့် 4-MI ဟူသည့် ဓာတ်များသည် တိရစ္ဆာန်များအတွက် ကင်ဆာဖြစ်ပွားစေနိုင်သော အရာများဖြစ်ကာ အန္တရာယ်ရှိသောကြောင့် ပိတ်ပင်တားမြစ်သင့်သည်ဟု ဆိုသည်။ အညိုရောင်ဖြစ်အောင် ထည့်သွင်းသည့် အရာများသည် ကင်ဆာရောဂါများစွာတို့ကို ဖြစ်ပွားစေနိုင်ပြီး 2-MI နှင့် 4-MI တို့ဖွဲ့စည်းပုံတွင် ဓာတုတုံ့ပြန်မှုများက အဆုတ်ကင်ဆာ၊ အသည်းကင်ဆာ၊ သိုင်းရွိုက်ဂလင်း ကင်ဆာနှင့် သွေးကင်ဆာရောဂါများကို ဖြစ်ပွားစေနိုင်ကြောင်း ဓာတ်ခွဲခန်းအတွင်း ကြွက်များတွင် စမ်းသပ်ချက်အရ သိရှိရသည်ဟုဆိုသည်။ အမေရိကန်အမျိုးသား အဆိပ်အတောက်ဗေဒ စီမံချက်ဌာနက 2-MI နှင့် 4-MI ဓာတ်နှစ်မျိုးစလုံးသည် တိရစ္ဆာန်များတွင် ကင်ဆာရောဂါဖြစ်ပွားနိုင်ကြောင်း ခိုင်လုံသော အထောက်အထားများ ရရှိမည်ဖြစ်၍ လူများတွင်လည်း ကင်ဆာရောဂါဖြစ်ပွားနိုင်သည့် အန္တရာယ် ရှိသည်ဟုဆိုသည်။ ကယ်လီဖိုးနီးယား တက္ကသိုလ်မှ သုတေသနပညာရှင်များသည် ကိုလာ၏ အမှတ်တံဆိပ်ငါးမျိုးတွင် 4-MI ပါဝင်မှုနှုန်း မြင့်မားကြောင်းတွေ့ရှိရသည်ဟု ဆိုသည်။
Print Friendly and PDFPrintPrint Friendly and PDFPDF

0 comments:

Post a Comment

သတင်း၊ ဆောင်းပါး ၊တိုင်ကြားစာ ၊ နည်းပညာ ၊ တရားဟောချက် etc မည်သူမဆို လွှတ်လပ်စွာရေးသား ပေးပို့နိုင်ပါသည်။

သင်၏ဝေဖန်အကြံပြုစာသည် ကျတော်တို့အတွက် နောက်တဖန်ရေးသားဖို့ရန်အတွက် အားဆေးဖြစ်စေလိုပါသည်။ အချိန်ယူကာ ဝင်ရောက်ဖတ်ရှုခြင်းအတွက် အထူးကျေးဇူးတင်ပါသည်။

ခင်မင်လေးစားစွာဖြင့်- Admins
Email - simonkamta@thespiritfruit.com

Zawgyi Converter

Note - If you don't install zawgyi myanmar font in your computer, can be use this zawgyi converter

ရှာလို့လွယ်အောင် အသစ်တင်သမျှ ခေါင်းစဉ် ( 70 )