22 The fruit of the Spirit is love, joy, peace, forbearance, kindness, goodness, faithfulness, 23 gentleness and self-control. Against such things there is no law. ( Galatians 5:22-23 )  

Friday, October 14, 2011

နှလုံးသွေးကြောကျဉ်းရောဂါ


သွေးကြော ကျဉ်းမြောင်းကာစ အဆင့်တွင် များသော အားဖြင့် မည်သည့် ဝေဒနာမျှ ခံစားရခြင်း မရှိပါ။ အကယ်၍ နှလုံး ကြွက်သား များအား သွေး ထောက်ပံ့လျက် ရှိသော နှလုံးသွေး လွှတ်ကြောများ ပိတ်ဆို့ သွားပါက ခံစားဖြစ်ပေါ် ရမည့် ဝေဒနာ များထဲတွင် ရင်ဘတ်အောင့်ခြင်း ပါဝင် ပါသည်။
အကယ်၍ ခြေထောက်များတွင် ရှိသော သွေးလွှတ် ကြောများ မာခဲကျဉ်းမြောင်းခဲ့ပါက ပထမဦးဆုံး ခံစားရမည့် ဝေဒနာမှာ လမ်း လျှောက်လျှင် ခြေထောက် နာကျင် ကိုက်ခဲခြင်း ဖြစ်သည်။
အကြောင်းမူကား ခြေထောက် ကြွက်သားများထဲသို့ ထောက်ပံ့သည့် သွေးပမာဏနည်းပါး သွားခြင်းကြောင့် ဖြစ် သည်။

ရောဂါ အမည် ဘယ်လို ရှာဖွေ ထုတ်မလဲ
သွေးကြောများ မာခဲကျဉ်းမြောင်း ပြီး သွေးစီးဆင်းမှု နည်းပါးသွားသည့်တိုင် ဝေဒနာ ခံစားရခြင်း မရှိ သေးသည့် အတွက် သွေးကြောကျဉ်း၊ မကျဉ်းသိရှိနိုင်ရန် စမ်းသပ်စစ်ဆေး ခြင်းသည် အရေးကြီးပါသည်။ သွေး တွင်း ကိုလက်စထရောလ် ပမာဏ တိုင်းတာစစ်ဆေးခြင်း၊ သွေးဖိအား တိုင်းခြင်း၊ ဆီးချိုသွေးချို ရောဂါ ရှိ၊ မရှိ စစ်ဆေးခြင်း များ ပြုလုပ်ရပါမည်။ အသက် ၂၀ ကျော်လာသည်နှင့် တစ်ပြိုင်နက် (သင့်မှာလည်း အ္တရာယ် ဖြစ်နိုင်ခြေ များ ရှိနေခဲ့ လျှင်) ၅နှစ်လျှင် ၁ကြိမ်ခန့် သွေးတွင်း ကိုလက်စ ထရောလ် တိုင်းတာသင့်ပါသည်။ ယခုခေတ်တွင် အဆင့်မြင့်သော ပုံရိပ်ဖော်နည်းပညာများ ရှိလာပြီ ဖြစ်ပါသည်။ ဥပမာ Angiography ခေါ် နှလုံးသွေးကြော အထူး ဓာတ်မှန်ရိုက်ခြင်း၊ အာလ်ထရာဆောင်း (Doppler Scanning) ရိုက်ခြင်းတို့ကို ပြုလုပ်ကာ နှလုံးသွေးကြောများအတွင်း သွေးစီးဆင်းမှုကို စစ်ဆေးသိရှိနိုင်ပါသည်။ ဦးနှောက်၊ အဆုတ်၊ သွေး ကြောများအတွင်း သွေးစီးဆင်းမှုကို လည်း သိရှိနိုင်ပါသည်။
ECG စက်ကို အသုံးပြု၍ စမ်းသပ်ခြင်းဖြင့် နှလုံးအတွင်း လျှပ်စစ်စီးကြောင်း စီးဆင်း လှုပ်ရှားမှုများကို စောင့်ကြပ်ကြည့်ရှု နိုင်ပါသည်။ အချို့သော စမ်းသပ်မှု များပြုလုပ်ရာတွင် သင်၏ နှလုံးလုပ်ငန်း ဆောင်တာ များကို ဖိစီးမှုဖြစ်အောင် ကာယလေ့ကျင့်ခန်းများ ပြုလုပ်ပြီးမှ စမ်းသပ်သင့်ပါသည်။ ကိုလက်ထရောစ် ကိုလက်စထရောလ်ဆိုသည်မှာ အစားအစာထဲမှာ ပါဝင်သော ပြည့်ဝ ဆီများကို အသည်းအတွင်း၌ ပြုပြင် ပြောင်းလဲလိုက်ခြင်းဖြင့်ရရှိ ဖြစ်ပေါ်လာသော အဆီတစ်မျိုးဖြစ်ပါသည်။ သွေးအတွင်း၌ ကိုလက်စထရောလ် ပမာဏအလွန်များပြားနေပါက နှလုံးသွေးကြောကျဉ်းရောဂါ ဖြစ်နိုင်ခြေ အခွင့်အလမ်း ပိုမိုများ ပါသည်။ ကိုလက်စထရောလ် နှစ်မျိုး ရှိပါသည်။
(၁) သိပ်သည်းဆနည်းသော အဆီ ပစ္စည်း Low- density Lipoprotein (LDL) ကအသည်းမှ ကိုလက်စထရောလ် များကို ခန္ဓာကိုယ်တစ်ခုလုံးတွင်ရှိသော ကလာပ်စည်းများနှင့် သွေးလွှတ် ကြောများဆီသို့ ပို့ဆောင်ပေးသည်။
(၂) သိပ်သည်းဆများသော အဆီ ပစ္စည်း High-density Lipoprotein (HDL) က တစ်ကိုယ်လုံးရှိ ပိုလျှံ နေသော ကိုလက်စထရောလ်များကို အသည်းသို့ ပြန်လည်ပို့ဆောင်ပေး သည်။ LDL များသည် ခန္ဓာကိုယ်၏ သဘာဝရန်သူများ ဖြစ်သည်။ ခန္ဓာကိုယ်တွင် LDL ပမာဏများပါက နှလုံးသွေးကြောကျဉ်းရောဂါ ဖြစ် နိုင်ခြေ အခွင့်အလမ်းပိုများသည်။
အထူးသဖြင့် HDL နည်းပါက ပို၍ ဖြစ်နိုင်ခြေများသည်။ HDL များသည် ကောင်းသော မိတ်ဆွေများဖြစ်ပြီး ပမာဏများလေ လေ ကျန်းမာရေးနှင့်ပို၍ညီညွတ်လေ လေဖြစ်သည်။ ထို့ကြောင့် အကောင်း ဆုံး အခြေအနေမှာ HDL များပြီး LDL နည်းခြင်းပင် ဖြစ်သည်။
Print Friendly and PDFPrintPrint Friendly and PDFPDF

0 comments:

Post a Comment

သတင်း၊ ဆောင်းပါး ၊တိုင်ကြားစာ ၊ နည်းပညာ ၊ တရားဟောချက် etc မည်သူမဆို လွှတ်လပ်စွာရေးသား ပေးပို့နိုင်ပါသည်။

သင်၏ဝေဖန်အကြံပြုစာသည် ကျတော်တို့အတွက် နောက်တဖန်ရေးသားဖို့ရန်အတွက် အားဆေးဖြစ်စေလိုပါသည်။ အချိန်ယူကာ ဝင်ရောက်ဖတ်ရှုခြင်းအတွက် အထူးကျေးဇူးတင်ပါသည်။

ခင်မင်လေးစားစွာဖြင့်- Admins
Email - simonkamta@thespiritfruit.com

Zawgyi Converter

Note - If you don't install zawgyi myanmar font in your computer, can be use this zawgyi converter

ရှာလို့လွယ်အောင် အသစ်တင်သမျှ ခေါင်းစဉ် ( 70 )