22 The fruit of the Spirit is love, joy, peace, forbearance, kindness, goodness, faithfulness, 23 gentleness and self-control. Against such things there is no law. ( Galatians 5:22-23 )  

Tuesday, October 18, 2011

ဗိုက်နာ ၊ ဗိုက်အောင်ခြင်း


ဗိုက်အောင့်ခြင်း၊ ဗိုက်နာခြင်း သည် လူနာများ အဖြစ် အများဆုံးနှင့် ဆရာဝန်ထံ လာရောက် ပြသသည့် အများဆုံး ရောဂါ လက္ခဏာဖြစ်သည်။ ပုံစံစုံ၊ ဝမ်းဗိုက်နေရာအနှံ့ နာလေ့ရှိ သည်။ မျှဉ်းမျှဉ်း နာသကဲ့သို့ ပြင်း ပြင်းလည်း နာတတ်သည်...။ အများစု မှာ သာမန်နာ၊ ခဏနာလေ့ရှိသော် လည်း တစ်ခါတစ်ရံ ဆိုးဆိုးရွားရွား၊ အချိန်ကြာကြာ နာတတ်သည်။ ထို အခါ လူနာများက စိုးရိမ်ပူပန်လာကြ သည်။ ဘာကြောင့် နာသနည်းဟု သိလိုကြသည်။


ခွဲစိတ်ခံရမည်ကို စိုး ရိမ်လာကြသည်။ ပူပန်မှုအများဆုံးမှာ ဝမ်းဗိုက်အတွင်း ကင်ဆာကဲ့သို့သော ရောဂါရှိလေမလားဟူ၍ ဖြစ်သည်။     ဗိုက်နာလူနာကို ဆရာဝန်က ချဉ်းကပ်ရာတွင် ရောဂါ ရာဇဝင်ဖြစ်စဉ် ကို အသေးစိတ် မေးလေ့ရှိသည်။ နာ သည့်နေရာ၊ နာပုံနာနည်း၊ ဗိုက်နာ ခြင်း၏ ပြင်းထန်မှုနှင့် အချိန်ကြာမြင့်မှု စသည်တို့က ဘာကြောင့်နာသည်၊ ဘယ် ရောဂါဖြစ်နိုင်သည်ကို ညွှန်းလေ့ ရှိသည်။ အသက်အရွယ်နှင့် ကျား၊ မ စသည်တို့ကလည်း ဗိုက်နာသည့် အကြောင်းကို ကွဲစေသည်။ လူနာကို စမ်းသပ်ရန်မလို၊ ရောဂါဖြစ်စဉ်ကို အသေးစိတ် မေးခြင်းဖြင့် ရောဂါအမည် ကို ဖော်ထုတ်နိုင်သည်ပင် ရှိသည်။ တစ်ခါတစ်ရံ စမ်းသပ်လျှင် မည်သည့် လက္ခဏာမျှ မတွေ့ရဘဲ ဖြစ်တတ် သည်။

ဗိုက်နာစေသည့် ဝမ်းဗိုက်ရောဂါများ

ဝမ်းဗိုက်တွင်းတွင် အသည်း၊ ကျောက်ကပ်၊ ဘေလုံး၊ အစာအိမ် အူလမ်းကြောင်း၊ ကျောက်ကပ်နှင့် ဆီးလမ်းကြောင်း စသည်ဖြင့် အင်္ဂါ မျိုးစုံရှိသည်။ မည်မျှ အင်္ဂါအရေ အတွက်များစေကာမူ အဓိက အုပ်စု နှစ်ခုသာ ရှိသည်။ အသည်း၊ ကျောက် ကပ်၊ ဘေလုံးကဲ့သို့သော အလုံး၊ အခဲ သဏ္ဌာန် အင်္ဂါများနှင့် အစာအိမ်အူ လမ်းကြောင်း၊ ဆီးလမ်းကြောင်း၊ သည်းခြေလမ်းကြောင်းကဲ့သို့ ပြွန်၊ အခေါင်းသဏ္ဌာန် အင်္ဂါများဟူ၍ ဖြစ်သည်။

ယင်းအုပ်စုနှစ်ခု၏ နာပုံ၊ နာနည်းမှာ ကွာကြသည်။         ပြွန်သဏ္ဌာန် အင်္ဂါများသည် တင်းလျှင်၊ ညှစ်လျှင်၊ ဖောင်းကား လျှင်၊ ပိတ်လျှင် နာလေ့ရှိသည်။ သည်းခြေလမ်းကြောင်း၊ ဆီးလမ်း ကြောင်း ရောဂါများသည် ဤပုံစံ နာလေ့ရှိသည်။ ထိုးပြီး၊ ရစ်ပြီးနာသည် ဟု ပြောလေ့ရှိသည်။ နာလိုက် ပျောက်လိုက်၊ တစ်ခါနာလျှင် ဆိုးဆိုး ရွားရွားနာ၊ ဇောချွေးပြန်လောက် အောင်နာ၊ ထိုင်မရ၊ ထမရဖြစ်အောင် နာ၊ နာလွန်းသဖြင့် သတိမေ့လုမတတ် ခံရသည်။ သန်ထိုး၊ လေထိုးသဖြင့် ဟိုလူး၊ ဒီလိမ့်နှင့် အော်နေသည့် ကလေးများကို တွေ့ဖူးကြမည်ထင် သည်။ ဝမ်းဗိုက်ကို လက်နှင့်၊ ခေါင်း အုံးနှင့် ဖိထားလျှင် သက်သာသည်ဟု ဆိုကြသည်။

အနာပျောက်သွားချိန် တွင်တော့ အကောင်းပကတိ ဖြစ်နေ တတ်သည်။ သန်ထိုး၊ လေထိုးက ဝမ်း ဗိုက်တစ်ပြင်လုံး နာလေ့ရှိသော်လည်း ဆီးလမ်းကြောင်းပိတ်ခြင်းက ခါးတွင် နာပြီး၊ ဆီးစပ်သို့ ထိုးဆင်းသွားလေ့ ရှိသည်။ ဆီးအောင့်၊ ဆီးကျင်၊ ဆီး သွေးပါသည်တို့ကလည်း ဆီးလမ်း ကြောင်းရောဂါဟု ပြသည်။ သည်းခြေ ကျောက်တည်၊ ကျောက်ပိတ်ခြင်း သည်လည်း အလားတူ နာစေသည်။ ဝမ်းဗိုက်ညာဘက်အပေါ်ပိုင်းတွင် နာခြင်း၊ မျက်လုံးနှင့် အသားဝါခြင်း၊ ချမ်းတုန်၍ ဖျားခြင်းတို့သည် သည်း ခြေလမ်းကြောင်းရောဂါကို ပြသည်။

အသည်းနာတာလား 

အသည်းကဲ့သို့သော အလုံး၊ အခဲသဏ္ဌာန်ရှိ အင်္ဂါများသည်ကြီးလာ လျှင်၊ တင်းလာလျှင် နာလေ့ရှိသည်။ အောင့်သည်ဟု ဆိုလေ့ရှိသည်။ အသည်းကြီးရောဂါများတွင် ဝမ်းဗိုက် ညာဘက်အပေါ်ပိုင်းနေရာသည် တင်း နေသည်၊ ထောက်နေသည်ဟု ပြော လေ့ရှိသည်။ အလွန်အကျွံကြီးသော အသည်းရောဂါမှလွဲ၍ ပြင်းပြင်းထန် ထန် နာလေ့မရှိချေ။ မျှဉ်းမျှဉ်းလေး နာသည်။ ဆက်တိုက်နာသည်။ လှုပ် လျှင် နာသည်။ အသည်းနေရာ ဖိမိ လျှင်လည်း နာလေ့ရှိသည်။

ဘယ်နေရာက နာတာလဲ 

ဝမ်းဗိုက်တွင်း အင်္ဂါများသည် သူ့ နေရာနှင့်သူ သတ်သတ်မှတ်မှတ် တည်ရှိကြသဖြင့် ဝမ်းဗိုက်၏ မည်သည့် နေရာတွင် နာသည်ကလည်း ဘာ ကြောင့်နာသည်၊ ဘယ်အင်္ဂါတွင် ရောဂါရှိသည်ကို ညွှန်းလေ့ရှိသည်။ ဝမ်းဗိုက်အပေါ်ပိုင်း အလယ်တည့်တည့် ရင်ညွန့်တွင် နာလျှင် အစာအိမ်၊ ဝမ်းဗိုက်ညာဘက် အပေါ်ပိုင်းနာလျှင် အသည်း သို့မဟုတ် သည်းခြေ၊ ဝမ်းဗိုက်အလယ် ချက်တစ်ဝိုက်နာ လျှင် ဝမ်းဗိုက်ပိုင်းသွေးကြောမကြီး၊ အူလမ်း ကြောင်းနှင့် ပန်ကရိယ၊ ခါးတစ်ဖက် တစ်ချက်နာလျှင် ကျောက်ကပ်၊ ချက် အောက် ဆီးစပ်နာလျှင် ဆီးအိမ်၊ သား အိမ်၊ ညာဘက်အောက် ပိုင်းနာလျှင် အူအတက်စသည်ဖြင့် ညွှန်းလေ့ရှိ သည်။

ဗိုက်နာပေမယ့် ဝမ်းတွင်းရောဂါမရှိ

ဗိုက်နာတိုင်း ဝမ်းဗိုက်တွင်းရှိ အင်္ဂါတစ်ခုခုတွင် ရောဂါရှိနေပြီဟု တထစ်ချ တွက်၍မရ။ ရင်ခေါင်းတွင်း ရှိ နှလုံးနှင့် အဆုတ်ရောဂါကလည်း တစ်ခါတစ်ရံ ဗိုက်နာတတ်သည်။ အချို့ နှလုံးသွေးကြောကျဉ်းလူနာတို့သည် ရင်ဘတ်နာသည်ဟု မပြော၊ ဗိုက် အပေါ်ပိုင်း နာသည်ဟုဆိုတတ်သည်။ နှလုံးအနာက ညွှန်ပြရခက်သဖြင့် ဟိုပြ၊ ဒီပြ ပြသည်လည်း ရှိသည်။ ထို့ကြောင့် နှလုံးလေဖြတ်ဖြစ် နိုင်ခြေ များသော သွေးတိုး၊ သွေးချို လူနာ တစ်ယောက် ဝမ်းဗိုက်အပေါ်ပိုင်း နာ လျှင်လည်း နှလုံးလေလားဟု ဆရာဝန်က စဉ်းစားလေ့ရှိသည်။     ဝမ်းဗိုက်အရေပြားရောဂါ၊ အာရုံ ကြောရောဂါတို့ကလည်း ဗိုက်နာစေ သည်။

ခါးအာရုံကြော ညပ်ခြင်း၊ အရေပြား ရေယုန်ပေါက်ခြင်းတို့တွင် ခါးနှင့် ဗိုက်ပတ်ပတ်လည် ပူစပ်ပူ လောင် နာလေ့ရှိသည်။ ရေယုန်တွင် နာပြီး နှစ်ရက်၊ သုံးရပ်အကြာ အရည် ကြည်ဖုလေးများပေါက်လာလေ့ရှိသည်။     ဝမ်းဗိုက်ပြင်ပရောဂါများတွင် လည်း ဗိုက်နာတတ်သည်။ သွေးချို ဆိပ်တက်လူနာ ဗိုက်နာ၊ ပျို့အန် သည်ကို မကြာခဏ တွေ့ရလေ့ရှိ သည်။     ရုပ်ပိုင်းဆိုင်ရာရောဂါ တစ်ခုမျှ မရှိ၊ စိတ်ကြောင့်လည်း ဗိုက်နာတတ် သည်။ စိတ်ဓာတ်ကျသူ၊ စိတ်ပူပန်မှု များသူများသည် ဗိုက်နာသည်ဆိုပြီး မကြာခဏ ဆရာဝန်ထံ ရောက်လာ လေ့ရှိသည်။ ဟိုနာ၊ ဒီနာ ပြောင်းနာ လေ့ရှိသည်။ မည်သည့်ရောဂါဟု သတ်သတ်မှတ်မှတ်ပြောရန် ခက် သည်။

စမ်းသပ်စစ်ဆေးမှုအားလုံးက လည်း ပုံမှန်ဖြစ်နေလေ့ရှိသည်။ စစ် ဆေးမှုအားလုံးကောင်းသည်ဆိုသည့် အဖြေက တစ်ခါတစ်ရံ လူနာကို ဗိုက်နာပျောက်စေသည်။     ဗိုက်နာသည့် လူနာစမ်းသပ် တော့ ဘာလက္ခဏာမှ တွေ့လေ့မရှိ။ ထို့ကြောင့်လည်း နေမကောင်း အကြောင်းပြလိုသူတို့အတွက် ဗိုက်နာ ခြင်းသည် လက်နက်တစ်ခုဖြစ်နေ တတ်သည်။

အစာအိမ် ရောဂါ 

အစာအိမ်ရောင်ခြင်း၊ အစာအိမ် အနာဖြစ်ခြင်းတို့သည် ဗိုက်နာစေ သည်။ လေထိုးသည်၊ လေနာသည် ဟု အပြောများသည်။ လူလတ်ပိုင်း တွင် အတွေ့ရများသည်။ ဝမ်းဗိုက် အပေါ်ပိုင်း ရင်ညွန့်တွင်နာ၊ ပူစပ် ပူလောင်ဖြစ်။ ယင်း-ရင်ပူခြင်းသည် အစားနှင့် ပတ်သက်နေသည်။ အချို့ က ဗိုက်ဆာလျှင်နာ၊ အချို့က အစာ စားလျှင် ပိုဆိုးတတ်သည်။ လူနာက နာသည့်နေရာ အတိအကျ ထောက်ပြ နိုင်သည်။ ထူးခြားချက်မှာ မကြာခဏ    ပြန်နာခြင်းဖြစ်သည်။ အစာအိမ်ဆေး သောက်၍ သက်သာခြင်းကလည်း အစာအိမ်လေနာဟု ညွှန်ပြသည်။     သာမန် အစာအိမ်နာရောဂါကဲ့ သို့ပင် အစာအိမ်ကင်ဆာသည်လည်း ဗိုက်နာတတ်သည်။ သို့ရာတွင် အစာ အိမ်ကင်ဆာတွင် ထူးခြားချက်များ ရှိသည်။ အသက်ခပ်ကြီးကြီး၊ အစား ပျက်၊ ရက်ပိုင်းလပိုင်းအတွင်း အလွန် ပိန်ချုံးကျသွားလျှင် အစာအိမ်ရိုးရိုးနာ ထက် ကင်ဆာပိုဖြစ်ရန် များသည်။ သွေးအားနည်းခြင်းသည်လည်း လက္ခ ဏာတစ်ရပ်ဖြစ်သည်။ စောစောသိ၊ စောစောစမ်းသပ်မှုလုပ်၊ စောစော ကုပါက အကျိုးရှိသည်။

ခွဲစိတ်ရန်လိုသည့် ဗိုက်နာရောဂါ 

ဗိုက်နာစေသည့် အချို့ဝမ်းဗိုက် တွင်းရောဂါများသည် ခွဲစိတ်ရန်လို တတ်သည်။ ဝမ်းဗိုက်တွင်းရှိ ပြွန်    သဏ္ဌာန် အင်္ဂါများရောင်ခြင်း၊ ပိတ် ခြင်း၊ ပေါက်ခြင်းတို့သည် ခွဲရန်လိုလေ့  ရှိသည်။ အူအတက်ရောင်ခြင်း၊ အစာ အိမ်ပေါက်ခြင်း၊ ဆီးလမ်းကြောင်းနှင့် သည်းခြေလမ်းကြောင်းပိတ်ခြင်းတို့မှာ ဥပမာများဖြစ်သည်။ ဗိုက်ခွဲရန်လိုသည့် ရောဂါများမှာ သီးသန့်ပြတ်ပြတ်သား သား ရောဂါလက္ခဏာဟူ၍ မရှိ။ ဆရာဝန် စမ်းသပ်စစ်ဆေးမှ ဆုံးဖြတ် နိုင်သော အခြေအနေများဖြစ်သည်။ ခန္ဓာကိုယ်အင်္ဂါအများအပြားရှိသည့်  ဝမ်းဗိုက်ရောဂါများသည် တစ်ခါတစ်ရံ လူနာရော၊ ဆရာဝန်ကိုပါ လှည့်စား တတ်သည်။ မျက်လှည့်ပြတတ်သဖြင့် ဝမ်းဗိုက်ကို မှော်ဝင်သေတ္တာဟု တင် စားလေ့ရှိသည်။ ထို့ကြောင့် ဗိုက်နာ လူနာများသည် ရမ်းကု၊ မှန်းကုလုပ် ရန် မသင့်တော်ဘဲ ဆရာဝန်နှင့်ပြသ၊ အကြံဥာဏ်ယူရန် လိုအပ်ပါသည်။

ပါမောက္ခနေဝင်း (ဆေးပညာ)
Print Friendly and PDFPrintPrint Friendly and PDFPDF

0 comments:

Post a Comment

သတင်း၊ ဆောင်းပါး ၊တိုင်ကြားစာ ၊ နည်းပညာ ၊ တရားဟောချက် etc မည်သူမဆို လွှတ်လပ်စွာရေးသား ပေးပို့နိုင်ပါသည်။

သင်၏ဝေဖန်အကြံပြုစာသည် ကျတော်တို့အတွက် နောက်တဖန်ရေးသားဖို့ရန်အတွက် အားဆေးဖြစ်စေလိုပါသည်။ အချိန်ယူကာ ဝင်ရောက်ဖတ်ရှုခြင်းအတွက် အထူးကျေးဇူးတင်ပါသည်။

ခင်မင်လေးစားစွာဖြင့်- Admins
Email - simonkamta@thespiritfruit.com

Zawgyi Converter

Note - If you don't install zawgyi myanmar font in your computer, can be use this zawgyi converter

ရှာလို့လွယ်အောင် အသစ်တင်သမျှ ခေါင်းစဉ် ( 70 )