22 The fruit of the Spirit is love, joy, peace, forbearance, kindness, goodness, faithfulness, 23 gentleness and self-control. Against such things there is no law. ( Galatians 5:22-23 )  

Saturday, October 29, 2011

အသက်ရှည်ဆေး နည်းလမ်းပေး (အပိုင်း ၂)



news
ဇီဝ။ ။ ဒုတိယ အကြံ ပေးထားတဲ့ နည်းလမ်း ကတော့ “ဆက်ဆံခိုင်မြဲလေ အသက်ရှည်” တဲ့ဗျ။ ဒါက ဒီလိုပါ။ လောကကြီးမှာ လူတွေဟာ တစ်ဦးနဲ့ တစ်ဦး ဆွေမျိုး မိတ်သင်္ဂဟတွေ ပေါင်းသင်း ဆက်ဆံ နေထိုင်ကြရာမှာ တချို့က ငယ်ပေါင်း မိတ်ဆွေတွေကို တစ်သက်လုံးပဲ ချစ်ကြည်ရင်းနှီးမှု မပျက် ပေါင်းသင်း ဆက်ဆံနေ ထိုင် သွားကြတယ်။ တချို့ကျ တော့လည်း ငယ်ပေါင်းရယ်လို့လည်းမရှိ ကြီးမှ ပေါင်းသင်းတဲ့ မိတ်ဆွေ တွေကိုလည်း ကြာကြာ မပေါင်း သင်းဖြစ်ဘဲ အ ကြောင်းအမျိုးမျိုးကြောင့် မိတ်ပျက် သွား၊ ခွာပြဲသွားကြ တတ်တယ်မဟုတ် လား။
ဒီဃ ။ ။ အင်း-ဟုတ်တယ်။ ကျွန်တော် တွေ့ဖူးတယ်။ အချို့ ပေတေတေ လူ့ဂွစာတချို့ဟာ ဘယ်သူနဲ့ မှလည်း အပေါင်းအသင်း မလုပ်၊ ပေါင်းသင်းတဲ့ သူနဲ့လည်း ကြာကြာ မိတ်ဆွေမဖြစ်ဘဲ အထီးကျန် ဆန်ဆန် နေတတ်သူတွေ ရှိတယ်ဗျ
ဇီဝ ။ ။ အမေရိ ကန်ပြည် ထာငစ်ု မှာ ၂၀၁၀ ပြည့်နှစ်က ပြုလုပ်ခဲ့တဲ့ သုတေသနတစ်ခုမှာ တွေ့ရှိခဲ့တာက တော့ ရင်းနှီးခိုင်မြဲစွာ ပေါင်းသင်းတဲ့ မိတ်ဆွေရှိတဲ့သူတွေ၊ ပြီးတော့ ရပ်ကွက်သာရေး၊ နာရေးအဖွဲ့အစည်း တွေထဲမှာ ဝင်ဆံ့ပြီး ပရဟိတလုပ်ငန်း ကို စေတနာ့ဝန်ထမ်း ဆောင်ရွက်ဖို့ ဝါသနာပါသူတွေဟာ သာမန်လူတွေ ထက် ပျမ်းမျှခြင်း အားဖြင့် ၃.၇ နှစ်လောက် အသက် ပိုပြီးရှည်လေ့ရှိ ကြောင်းပါပဲ။ ဒါကြောင့် ရင်းနှီးချစ်ခင် စွာ ပေါင်းသင်း အပ်သော မိတ်ဆွေ တွေ ရှိကြပါ။ လူမှုရေးအသင်းအဖွဲ့ တွေမှာ ပါဝင်ဆောင်ရွက်ကြပါ။ အသက်ရှည်ပါလိမ့်မယ်လို့ အကြံပေး လိုက်တာပါဗျာ။

ဒီဃ ။ ။ ဘာကြောင့် အဲဒီလိုလူ တွေပိုပြီး အသက်ရှည်၇တာလဲဗျ
ဇီဝ။ ။ သုတေသနမှာပါဝင်ခဲ့တဲ့ စိတ်ပညာရှင် တွဲဖက်ပါမောက္ခတစ်ဦး ရဲ့ အဆိုအရ လူမှုရေးအထောက်အပံ့ ရရှိတဲ့ ပုဂ္ဂိုလ်တွေဟာ ပို၍ကောင်း သော ခုခံအားစနစ်ကို ပိုင်ဆိုင်နိုင်ကြ တယ်လို့ ဆိုတယ်။ အဲဒီလိုလူမျိုးတွေ မှာ ခိုင်မာအားကောင်းသော၊ အဓိပ္ပာယ် ရှိသော ရစ်ပတ်ဖွဲ့နှောင်မှုတွေ ဘဝမှာ ရရှိကြတယ်တဲ့။ အကျိုးရှိ ထိုက်တန် သော မိတ်ဆွေကောင်းနှင့် ချစ်ခင် ရင်းနှီးမှုရှိခြင်းက သူတို့အသက် အ္တရာယ်ဖြစ်စေတဲ့ ဖြစ်နိုင်ခြေ အခွင့် အလမ်းတွေကို နည်းပါးစေနိုင်ပါသတဲ့ ဗျာ။
ဒီဃ။ ။ ဒါဆို အထီးကျန်နေတတ်တဲ့ လူတွေ အနေနဲ့ အပေါင်းအသင်းအဖော်ရှာမှ အသက်ရှည်နိုင်မှာပေါ့။ မိတ်ဆွေတိုးပွားအောင် ဘယ်လိုရှာမလဲဗျာ
ဇီဝ။ ။ မိတ်ဆွေလိုချင်ရင် မိတ်ဆွေရှာရမှာပေါ့ဗျာ။ ဒီအတိုင်း ချည်းအိမ်မှာထိုင်နေပြီး တစ်ဖက်သတ် အိနြေ္ဒကြီးတစ်ခွဲသားနဲ့ နေလို့တော့ ဘယ်ရမလဲ။ ပုံစံချ အစီအစဉ် ရေးဆွဲ ပြီး ရှာရင် ပိုပြီးလွယ်ကူပါတယ်ဗျာ။ လူမှုရေးအသင်းအဖွဲ့ လှုပ်ရှားမှုတွေကို စနည်းနာပြီး ကိုယ်တိုင်သွားရောက် ပူးပေါင်းပါဝင် ဆင်နွှဲရမယ်၊ စကား စမြည်ပြောဆိုဆွေးနွေးရမယ်။ အသင်း အဖွဲ့တွေထဲ စာရင်းသွင်းဝင်ရောက် ပါဝင်လှုပ်ရှားရပါမယ်။ နိုင်ငံတကာမှာ တော့ အင်တာနက် ဝက်ဘ်ဆိုက်ထဲ ဝင်ပြီးရှာကြည့်ရင်ရပါတယ်။ ဥပမာ-facebook တို့၊ ဘာတို့မှာSign ကစ လုပ်ပြီး မိတ်ဆွေရှာနိုင်ပါတယ်ဗျာ။
ဒီဃ ။ ။ အေးဗျာ၊ အိမ်က ကလေးတွေကတော့ တစ်ချိန်လုံး အင်တာနက် facebook ဖွင့်ပြီး မိတ်ဆွေ သူငယ်ချင်း အသစ်ဖွဲ့နေကြတာပဲ၊ လူကြီးတွေလည်း ၀င်လို့ ရတာပဲနော်။
ဇီဝ ။ ။ နောက်တစ်ချက် ဆွေး နွေး ကြဦးစို့။ အဲဒါကတော့ “သင့်သွား တွေကို တိုက်လိုက်ပါ။ အသက်ရှည် မယ်ဗျာ” တဲ့။
ဒီဃ။ ။ဗျာ-သွားလေးတိုက်လိုက်တာနဲ့ အသက်ရှည်ရောလားဗျာ။ လူတိုင်းနေ့စဉ် သွားတိုက်နေကြတာပဲဟာ
ဇီဝ ။ ။ ၂၀၁၀ ပြည့်နှစ်မှာ ယူကေ မှာ လုပ်ခဲ့တဲ့ လေ့လာမှုတစ်ခုအရ တစ်နေ့လျှင် ၂ ကြိမ်ထက်လျော့၍ သွားတိုက်သူများသည် တစ်နေ့လျှင် ၃ ကြိမ်နှင့်အထက် သွားတိုက်သူများ ထက် နှလုံးရောဂါကြောင့် ဆေးရုံ တက်ရခြင်း၊ အသက်သေဆုံးခြင်း ဖြစ် တဲ့နှုန်းက ၇၀ ရာခိုင်နှုန်းပိုတယ်လို့ တွေ့ထားရတယ်။
ဒီဃ ။ ။ သွားခဏခဏတိုက်ရမယ်ပေါ့ ဟုတ်လား။ မနက်တစ်ကြိမ်၊ ညတစ်ကြိမ်၊ တစ်နေ့နှစ်ကြိမ် တိုက်တာတောင် နည်းနေသေးတဲ့ သဘောပေါ့။ ဘာကြောင့်လဲဗျာ
ဇီဝ ။ ။ သိပ္ပံနည်းကျ ရှင်းပြထား တာကတော့ ဒီလိုဗျ။ သွားတိုက်တာ နည်းရင် သွားကြားထဲမှာ စာြးွကင်း စားကျန်တွေ ကျန်မယ်။ ဗက်တီးရီး ယားပိုးတွေ ပေါက်ပွားမယ်။ ဒီပိုးတွေ က သွေးထဲကို ဝင်ရောက်မယ်။ ပြီးတော့ သွေးလွှတ်ကြောနံရံတွေမှာ ချိုးကပ်ခြင်း ဖြစ်ပေါ်မှုဖြစ်စဉ်ကို မောင်း ခလုတ်ဖြုတ်ပေးမယ်။ နံရံတွေ ချိုးကပ် တော့ သွေးကြောမာခဲကျဉ်းမြောင်းပြီး သွေးကြောကျဉ်းရောဂါ အထူးသဖြင့် နှလုံးသွေးကြောကျဉ်းရောဂါ ဖြစ်နိုင် ခြေအခွင့်အလမ်း ပိုများတာပေါ့ဗျာ။
သြော်-သွေးကြောနံရံမှာ ချိုးကပ်မှုကို အားပေးသလိုဖြစ်သွားတာကိုး
ဇီဝ။ ။ သွားတိုက်ခင်း နှင့် သွားပွတ် ကြိုးထိုးခြင်းကို နေ့စဉ် ပြုလုပ်ပေးကြ ရမယ်။ ဒါပေမယ့် လူအများစုဟာ သွားပွတ်ကြိုးထိုးနည်း မမှန်ဘူးလို့ ဆိုတယ်။
ဒီဃ ။ ။ စနစ်မှန်သွားတိုက်နည်းက တော့ မကြာခဏ ကြားဖူးလို့ သိပါတယ်။ မှန်ကန်သော သွားပွတ်ကြိုးထိုးနည်း လေး ပြောပြပါဦးဗျ
ဇီဝ ။ ။သွားပွတ်ြ ကိုးကို သွား ၂ ချောင်းရဲ့ကြားမှာ ထည့်လိုက်ပြီး အင်္ဂလိပ်အက္ခရာ "C" ပုံသဏ္ဌာန်ဖြစ် အောင် လုပ်ရမယ်။ တစ်ချောင်းရဲ့ရှေ့ မှာ "C" ဖြစ်ပြီး ကပ်လျက်သွားရဲ့ နောက်မှာ "C" ပြောင်းပြန်ဖြစ်နေ မယ်။ သွားပွတ်ကြိုးကို အထက် အောက် လှုပ်ရှားပြီး ထိုးရပါမယ်။
ဒီဃ ။ ။ ဒီတစ်ခါ သွားပွတ်ကြိုး ထိုးရင် အဲဒီအတိုင်း လုပ်ကြည့်မယ် ဗျာ
Print Friendly and PDFPrintPrint Friendly and PDFPDF

0 comments:

Post a Comment

သတင်း၊ ဆောင်းပါး ၊တိုင်ကြားစာ ၊ နည်းပညာ ၊ တရားဟောချက် etc မည်သူမဆို လွှတ်လပ်စွာရေးသား ပေးပို့နိုင်ပါသည်။

သင်၏ဝေဖန်အကြံပြုစာသည် ကျတော်တို့အတွက် နောက်တဖန်ရေးသားဖို့ရန်အတွက် အားဆေးဖြစ်စေလိုပါသည်။ အချိန်ယူကာ ဝင်ရောက်ဖတ်ရှုခြင်းအတွက် အထူးကျေးဇူးတင်ပါသည်။

ခင်မင်လေးစားစွာဖြင့်- Admins
Email - simonkamta@thespiritfruit.com

Zawgyi Converter

Note - If you don't install zawgyi myanmar font in your computer, can be use this zawgyi converter

ရှာလို့လွယ်အောင် အသစ်တင်သမျှ ခေါင်းစဉ် ( 70 )