22 The fruit of the Spirit is love, joy, peace, forbearance, kindness, goodness, faithfulness, 23 gentleness and self-control. Against such things there is no law. ( Galatians 5:22-23 )  

Sunday, October 30, 2011

ဘုရားသခင်၏ လင်းယုန်ခရစ်ယာန်များ (၅)

အချက် (၅)
ကျွန်တော် တင်ပြလိုသော ၀ိညာဉ်ရေးရာ သမ္မာတရားမှာ မိခင် လင်းယုန် ငှက်မကြီး၏ မိမိ၏ သားသမီးများ အပေါ်တွင် ပျံသန်းမှု သင်္ခန်းစာ များအကြောင်းပင် ဖြစ်ပါသည်။ ၀ိညာဉ်ရေးရာ သမ္မာတရား တစ်ခုကို မြင်ရသည်မှာ မိခင် လင်းယုန် မကြီးသည် သူမ၏ အတောင်ပံ အစုံကို ဖြန့်ကာ သူမ၏ လင်း ယုန် ငှက်ပေါက် ကလေးများကို တဆင့် တတ်လာရန် အော်ဟစ် နေသည်မှာ အမိန့်ပေးနေသည်ဟု ကျွန်ုပ် တင်ပြခဲ့သည် မဟုတ်ပါလော။ လင်းယုန် ငှက်မကြီ၏ အတောင်ပံ အစုံ (နှစ်ခု) သည် ဓမ္မသစ် နှင့် ဓမ္မဟောင်း ကျမ်းစာ ဖြစ်သော နှုတ်ခပတ်တော်ကို ရည်ညွှန်း ဖော် ပြနေပြီး ထိုအတောင်ပံတွင် ရှိသော ငှက်မွှေးတို့မှာ တစ်ဦးချင်းနှင့် ဆိုင်သော ဘုရားသခင်၏ ဂတိတော်များ ဖြစ်ပါသည်။ ဖခင် လင်းယုန် ကြီးမှာ သူ၏ စကားများကို ကျွန်တော်တို့ တွင် သင်ကြားပေးလျက် ကျွန်တော်တို့၏ ရှေ့တွင် ထားကာ ကျွန်တော်တို့ကို နောက်တဆင့် တိုးတက် မြင့်မား လာစေရန် သင်ကြားပေး လျက်ရှိပါသည်။ သူ၏ ဂတိတော် ငှက်မွှေးတောင် များဖြင့် ကျွန်တော်တို့ကို ညင်သာ စွာ ပွတ်သပ်လျက် ကျွန်တော်တို့ကို ထိတွေ့စေပါသည်။

အလားတူပင် လင်းယုန် ငှက်ပေါက် ကလေးများ၏ အတွေ့ အကြုံမှာ မျှော်လင့်မထားသော လှုပ်ခါမှုကို ခံစား ခဲ့ရပြီး မိခင်၊ ဘခင်တို့၏ ကျောပေါ်မှ ပြုတ်ကျသကဲ့သို့ ခံစားခဲ့ရသည် မဟုတ်ပါလော။ ဘုရားသခင်၏ ယုံကြည် သူ လင်းယုန် ငှက်ပေါက် ကလေးများမှာလည်း သူတို့၏ ယုံကြည်ခြင်းကို စမ်းသပ်သော လှုပ်ခါမှုများကို ခံစားခဲ့ ရသည်။ ထိုသို့ လှုပ်ရှားမှုခံစားခဲ့ရပြီး ပြုတ်ကျသွားသောအခါ ဘုရားသခင်၏ ကျမ်းတော်မြတ်များတွင် ရှိသော ငှက်မွှေးတောင် ဂတိတော်များဖြင့် ပြန်လည် ရစ်ပတ် သိမ်းဆည်း ခံရပြန်သည်။ အသက်တာ၏ ကျဆင်း ဆုံး ရှုံး မှုများအတွက် လုံဝ လုံးဝ စိတ်မပျက်ပါနှင့်။ ထိုသို့ ကျဆင်းမှုအတွက် လုံဝ လုံးဝ အားမငယ်ပါနဲ့။ ဒါကြောင့် ကျတာ ဟိုဟာကြောင့် ကျဆင်းရသည်ဟု မည်သူ့ကို မှလည်း အပြစ်မတင်ပါနှင့်။ သင်သည် မိခင်၊ ဘခင် လင်းယုန် ကြီးက သွန်သင်နေသော ကောင်းကင် ပျံသန်းမှု သင်တန်းမှ ရရှိသော အတွေ့အကြုံ အဖြစ် သိမှတ် ထားပါ။
မိခင် ဘခင် လင်းယုန် ငှက်ကြီးများက သင့်ကို လုံးလုံး ပြုတ်ကျမသွားစေရန် စောင့်ကြည့်လျက် ရှိပါသည်။ သင်သည် ဘုရားသခင်၏ ယုံကြည်မှု စမ်းသပ် သင်တန်းကာလအတွင်း ပြုတ်ကျသွားခဲ့လျှင် ဘခင် လင်းယုန် ငှက်ကြီးက သေချာစွာ စောင့်ကြည့်ကာ ကူညီ ကယ်တင်ပေးရန် အဆင်သင့် ရှိပါသည်။ သင့်ကို ကယ်တင်မည်။ အမြင့်ဆုံးသော အာကာသသို့ တစ်ဖန် ပြန်လည် ပို့ဆောင်ဦးမည်။ နောက်တစ်ဖန် ယုံကြည်ခြင်း စမ်းသပ်သည့် လှုပ်ခါမှုများ တစ်ဖန်ထပ်မံ ခံစားရဦမည်။ အကြိမ်ကြိမ် ခံစားဘူးပြီးသောအခါ ဘခင် လင်းယုန်ကြီးကို ကယ်တင် မစမည်ကို မျှော်လင့်တတ်လာမည်။ ယုံကြည်လာမည်။ ဘခင် လင်းယုန်ကြီး အပေါ်ထားရှိသည် ယုံကြည်ခြင်း မြင့်မားလာပြီ ဆိုပါက ထိုသို့ ပြုတ်ကျခြင်းသည် ပြသနာ အခက်အခဲတစ်ခု မဟုတ် ဆိုသည်ကို နားလည် လာ မည်။ ကယ်တင်မည့် ဘခင်ကြီးကို ယုံကြည် မျှော်လင့် အားကိုသော နှလုံးသားများဖြင့် ဘခင်ကြီးကိုသာ စေ့စေ့ ကြည့်ပြီး လေထဲတွင် အလိုက်သင့် ပျံဝဲ တတ်လာမည်။ ထိုသို့ ပျံဝဲတတ်လာပြီ ဆိုပါက ကောင်းကင် အမြင့်ဆုံး ဌာနသို့ ကိုယ်တိုင် တတ်ရောက်နိုင်ဘို့ ကိုယ်တိုင် ကျိုးစားအားထုပ်ရင်း ၀မ်းမြောက်ပိတိဖြစ်ခြင်းကို ခံစားရမည် ဖြစ်ကြောင်း ဝေငှ တိုက်တွန်းလိုက်ပါသည်။
အမြင့်ဆုံး အာကာသ ကောင်းကင်ယံတွင် ပျံဝဲ ပျော်ရွှင်နိုင်သော ဘုရားသခင်၏ ရွှေလင်းယုန် ခရစ်ယာန်များ ဖြစ်ကြပါစေ။
ဦးမင်းလွင်
ကိုးမိုင် ခရစ်ယာန်အသင်းတော်
Print Friendly and PDFPrintPrint Friendly and PDFPDF

0 comments:

Post a Comment

သတင်း၊ ဆောင်းပါး ၊တိုင်ကြားစာ ၊ နည်းပညာ ၊ တရားဟောချက် etc မည်သူမဆို လွှတ်လပ်စွာရေးသား ပေးပို့နိုင်ပါသည်။

သင်၏ဝေဖန်အကြံပြုစာသည် ကျတော်တို့အတွက် နောက်တဖန်ရေးသားဖို့ရန်အတွက် အားဆေးဖြစ်စေလိုပါသည်။ အချိန်ယူကာ ဝင်ရောက်ဖတ်ရှုခြင်းအတွက် အထူးကျေးဇူးတင်ပါသည်။

ခင်မင်လေးစားစွာဖြင့်- Admins
Email - simonkamta@thespiritfruit.com

Zawgyi Converter

Note - If you don't install zawgyi myanmar font in your computer, can be use this zawgyi converter

ရှာလို့လွယ်အောင် အသစ်တင်သမျှ ခေါင်းစဉ် ( 70 )