22 The fruit of the Spirit is love, joy, peace, forbearance, kindness, goodness, faithfulness, 23 gentleness and self-control. Against such things there is no law. ( Galatians 5:22-23 )  

Thursday, October 13, 2011

မလုပ်နိုင်သောအရာ



(ဆရာစောစံအောင်)

“ထိုကြောင့်၊ ငါတို့သည် မလှုပ်နိုင်သောနိုင်ငံကို ရသည်ဖြစ်၍၊ ခန့်ငြားကြောက်ရွံ့သောသဘောနှင့်ဘုရားသခင်ကို လျောက်ပတ်စွာဝတ်ပြုနိုင်မည်အကြောင်း၊ ကျေးဇူးတော်ကို စွဲလမ်းကြကုန်အံ့။”(ဟေဗြဲ ၁၂း၂၈)လောက၌ ရှိသည့်အဘယ်အရာမဆို မတည်မြဲကြောင်းကို ခရစ်ယာန်တိုင်းသာမကသာမန်လူသားတိုင်းလည်း သိရှိကြမည်ဟု ထင်မှတ်ရပါသည်။ ဘုရားသခင်ကလည်းလောကအရာမှန်သမျှ မတည်မြဲကြောင်း၊ တစ်နေ့ ပျောက်ကွယ်သွားမည်ဖြစ်ကြောင်း၊ဘုရားသခင်ကိုသာ ခိုလှုံကိုးစားတတ်ရန် သဘာဝဘေးများဖြစ်ကြသော မြေငလျှင်၊ဆူနာမီရေလှိုင်း၊ နာဂစ်မုန်တိုင်း၊ ရေကြီးခြင်း စသည်တို့ဖြင့် သတိပေးလျက်ရှိပါသည်။ ဂျပန်နိုင်ငံသည် အဆောက်အဦများ တည်ဆောက်ရာတွင်ငလျှင်ဒဏ်ကိုကြိုတင်မှန်းဆပြီးမှ တည်ဆောက်တတ်ကြသော်လည်း ၂၀၁၁ မေလက ၉.၀စကေးရှိ ငလျှင်ကြောင့် ဆူနာမီလှိုင်းလုံးများဒဏ်ကို အလူးအလဲ ခံခဲ့ရပါသည်။
မြေကြီးပေါ်မှာ အဘယ်အရာမျှ မတည်မြဲကြောင်း သတိပေးလျက် ရှိပေသည်။ခရစ်တော်ကိုယ်တိုင်က မဿဲ ၂၄ ၌ နောက်ဆုံးသောကာလ၏ နိမိတ်များအကြောင်းကိုကြိုတင်ပြောထားခဲ့ရာ ထိုအရာများတို့၏ရှေ့ပြေးတို့သည်ယခုဖြစ်နေဆဲ ဖြစ်၏။ဘေးဒဏ်ကြီးကာလ၌ ယခုဘေးထက် ဆိုးသည့် သဘာဝ ဘေးများတွေ့လာရန်ရှိပေသည်။သို့ဖြစ်၍ မတည်မြဲသည့် ဤလောကအရာများနှင့်သာ သင်၏အချိန်များကိုမဖြုန်းမိဘို့ သတိပြုကာ ထာဝရတည်မြဲမည့် အကျိုးရှိသည့် အရာများအတွက်အသုံးပြုရန်လိုပေသည်။ နောဧလက်ထက်က လူတို့သည် ဘုရားသခင်ကိုမသိ၊မိမိစိတ်ကြိုက် အသက်ရှင်ကာ အပြစ်ဒုစရိုက်၌ ပျော်မွေ့ကြသဖြင့် မြေကြီးသည်ဘုရားသခင်ရှေ့မှာ ပုပ်စပ်လျက်ရှိသကဲ့သို့ ယနေ့ကာလလည်း ထိုသို့ဖြစ်နေပါသည်။


ဟဂ္ဂဲ ၂း ၆-၇ ၌ ”ကောင်းကင်ဗိုလ်ခြေ အရှင်ထာဝရဘုရား မိန့်တော် မူသည်ကား၊ကာလမကြာမမြင့်မှီ ကောင်းကင်၊ မြေကြီး၊ ပင်လယ်၊ ကုန်းတို့ကိုတဖန်ငါလှုပ်ဦးမည်။ လူမျိုးအပေါင်းတို့ကိုလည်း ငါလှုပ်ဦးမည်။လူမျိုးအပေါင်းတို့ နှစ်သက်ဘွယ်သောအရာသည် ရောက်၍ ဤအိမ်ကိုဘုန်းနှင့်ငါပြည့်စေမည်” ဟု ဘုရားရှင် မိန့်မှာထားပါသည်။ ဤကျမ်းပိုဒ်၏ ဖေါ်ပြချက်မှာခရစ်တော်ဒုတိယအကြိမ် ကမ္ဘာမြေကြီးပေါ် ကြွဆင်းလာစဉ် တိုင်းနိုင်ငံများလှုပ်ရှားကြမည်အကြောင်း၊ ကမ္ဘာ့နိုင်ငံမျာကို ခရစ်တော်ဘုရားတရားစီရင်ပြီးခရစ်တော်၏ နိုင်ငံ(အနှစ်တစ်ထောင်) ကမ္ဘာမြေပေါ်၌ တည်ထောင်မည်ဟုနားလည်ရပါသည်။ ထိုနောက်ခရစ်တော်သည် မိမိ၏ရန်သူများကို အပြီးသတ်ချေမှုန်းကာကမ္ဘာကို မီးဖြင့်ဖျက်ဆီးမည်။တဖန်ကောင်းကင်သစ်နှင့်မြေကြီးသစ်ပေါ်ထွန်းလာမည်။ ထိုခရစ်တော်၏နိုင်ငံသာလျှင် ထာဝရတည်ရှိမည်ဟု ကျမ်းစာပရောဖက်ပြုထားချက်များအရသိရပါသည်(ယောလ ၃း၂၊ မဿဲ ၂၅း ၃၂၊ ၂ပေ၊ ၃း ၁၀-၁၂၊ ဗျာ၊ ၂၁၊  ၂၂)။
၁။    ဘုရားသခင်၏ ပလ္လင်တော်သည် လှုပ်ရှားခြင်းမရှိ၊ တည်မြဲတော်မူသည်။ God’sThrone cannot be Shaken.“အိုဘုရားသခင် ကိုယ်တော်၏ ပလ္လင်သည် နိစ္စထာဝရပလ္လင်ဖြစ်ပါ၏၊၊ ကိုယ်တော်၏နိုင်ငံသည် တရားသဖြင့် စီရင် သော နိုင်ငံဖြစ်ပါ၏၊” “သူ၏ အမျိုးအနွယ်ကိုအစဉ်အမြဲတည်စေမည်။ သူ၏ပလ္လင်သည် ကောင်းကင်ကာလကဲ့သို့ နိစ္စထာဝရဖြစ်လိမ့်မည်။” (ဆာလံ ၄၅း ၆၊ ၈၉း၂၉) လောကရှိ ရာဇပလ္လင်တို့သည် အစဉ်အမြဲမတည်တန့်ကြပါ။ ဥပမာ- ရောမအင်ပါယာ၌ နီရိုးဘုရင်သည် ကနဦးခရစ်ယာန်များ၊တမန်တော်များကို နှိပ်စက်ညှင်းပန်းခဲ့သည်။ သူ၏သက်တမ်းမှာ အေဒီ ၅၄မှ ၆၈သာဖြစ်သည်။ ခရစ်တော်ကို အပြစ်မရှိကြောင်း သိမှတ်သော်လည်း လူထုပရိတ်သတ်ကိုကြောက်နေရသူ ပိလတ်မင်းသည် မိမိရာထူးကို ဖက်တွယ် ထားခဲ့ကာ ခရစ်တော်ကိုငြင်းပယ်သဖြင့် ထာဝရ ကာလ၌ အရှုံးနှင့်သာ ရင်ဆိုင်ရန်ရှိပါသည်။ လောက၌ မည်သည့်ပုဂ္ဂိုလ်၊ မည်သည့်နိုင်ငံမျှတည်မြဲခြင်းရှိမည်မဟုတ်သော်လည်း ခရစ်တော်အုပ်စိုးသည့် နိုင်ငံသည် ထာဝရတည်မည်ဟုအဘခမည်းတော်ကပင် မိန့်ဆိုကတိပေးထားပါသည်။ “သားတော်ကိုကား၊ အိုဘုရားသခင်၊ ကိုယ်တော်၏ပလ္လင်သည် နိစ္စထာဝရပလ္လင်ဖြစ်ပါ၏။ ကိုယ်တော်၏ နိုင်ငံသည်တရားသဖြင့် စီရင်သောနိုင်ငံဖြစ်ပါ၏။ ကိုယ်တော်သည် ဖြောင့်မတ်ခြင်း တရားကိုနှစ်သက်၍၊ မတရားသောအမှုကို မုန်းတော်မူ၏။ ထိုကြောင့်၊ အိုဘုရားသခင်၊ကိုယ်တော်၏ဘုရားသခင်သည် ကိုယ်တော်၏ အပေါင်းအဘော်တို့ထက် ကိုယ်တော်ကိုမြှောက်၍၊ ဝမ်းမြောက်ခြင်းဆီနှင့် ဘိသိက်ပေး တော်မူပြီဟု လာသတည်း။”
(ဟေဗြဲ ၁း ၈-၉)
၂။    ဘုရားသခင်၏ နှုတ်ကပတ်တော်သည် ကာလအစဉ်တည်တော်မူသည်။ God’s Word cannot be Shaken.မျက်မြင်ရသောအရာလူပုဂ္ဂိုလ်၊ ရာထူးဂုဏ်ထူးမှန်သမျှသည်တည်မြဲခြင်းမရှိကြောင်း၊ မြက်ပင်ကဲ့သို့ ညှိုးနွမ်းတတ်ကြောင်း ဤသို့ဆိုထားပါသည်။ “လူမျိုးရှိသမျှသည် မြက်ပင်ဖြစ်၏။လူမျိုး၏ဘုန်းရှိသမျှသည်လည်း တောအပွင့်ကဲ့သို့ဖြစ်၏။ ထာဝရဘုရား၏လေတိုက်သောအခါ၊ မြက်ပင်သည် ညှိုးနွမ်းသွေ့ခြောက်တတ်၏။အပွင့်သည်လည်းကြွေတတ်၏။ အကယ်စင်စစ် လူတို့သည် မြက်ပင်ဖြစ်ကြ၏။ မြက်ပင်သည်ညှိုးနွမ်းသွေ့ခြောက်တတ်၏။ အပွင့်လည်း ကြွေတတ်၏။ ထာဝရဘုရား၏ နှုတ်ကပတ်တရားမှုကား၊ကာလအစဉ်အမြဲတည်၏” (ဟေရှာ ၄၀း ၆-၉)။ နှုတ်ကပတ်တော်ကိုလေ့လာသိရှိနာခံသူသည် ပညာရှိဖြစ်သည်။ ငြိမ်ဝပ်ချမ်းသာရသည်။
တင်းတိမ်ရောင့်ရဲနိုင်သည်။ ထိုနှုတ်ကပတ်တော်ကို ဝေငှသဖြင့်မလိမ္မာသောသူများလိမ္မာလာသည်။ မျှော်လင့်ခြင်းကင်းမဲ့သူများအားမှန်သောမျှော်လင့်ခြင်းကို ရစေသည်။ ကိုယ်ကျင့်တရား ကောင်းမွန်စေသည်။မှန်ကန်သောသြ၀ါဒကို ရရှိသဖြင့် မှားယွင်းသောစွဲလမ်းမှု၊ချုပ်နှောင်မှုများမှ ကင်းလွတ်စေသည်။
၃။    ခရစ်တော်၏အသင်းတော်သည် အစဉ်အမြဲတည်တန့်ပါသည်။ God’s Church cannot be Shaken.လောကရှိ အားကစားအသင်း၊ တေးဂီတအသင်း၊ လူမှုရေးအသင်း၊စီးပွါးရေးအသင်းအဖွဲ့၊ နိုင်ငံရေး အသင်းအဖွဲ့များတို့သည် တစ်နေ့တစ်ချိန်၌ကွယ်ပျောက်သွားမည်ဖြစ်သော်လည်း ခရစ်တော်တည်ထောင်ခဲ့သော အသင်းတော်မှာမူအစဉ်အမြဲတည်နေပါမည်။ ခရစ်တော်က ပေတရုကို မိမိတည်ထောင်မည့်အသင်းတော်နှင့်စပ်လျဉ်း၍ ဤသို့ ဖေါ်ပြထားပါသည်။ “ငါဆိုသည်ကား၊ သင်သည်ပေတရုဖြစ်၏။ ဤကျောက်ပေါ်မှာ ငါ့အသင်းကို ငါတည်ဆောက်မည်။ ထိုအသင်းကိုမရဏာနိုင်ငံ၏တံခါးတို့သည် မနိုင်ရာ။” (မဿဲ ၁၆း ၁၈) လောကနိုင်ငံများသည်သူ့ ခေတ်အချိန်အလိုက် တစ်ဦးကျ၊ တစ်ဦးတက်လိုက်ဖြစ်သည်။ (၂၁)ရာစုအတွင်းကမ္ဘာ့နိုင်ငံများစွာ၌ နိုင်ငံအုပ်ချုပ်မှုစံနစ် ပြောင်းလဲမှုအမျိုးမျိုးတွေ့ရပါသည်။ ခရစ်တော်၏ အသင်း(နိုင်ငံ)ကိုမူ အဘယ်သူ၊အဘယ်တန်ခိုး(မရဏာနိုင်ငံ)ကမျှ မဖျက်ဆီးနိုင်စွမ်း မရှိပါ။
၎။    ဘုရားသခင်၏နိုင်ငံသည် လှုပ်ရှားခြင်းမရှိ အစဉ်တည်မြဲ၏။ God’s Kingdom
cannot be Shaken.  “ထိုကြောင့်၊ ငါတို့သည် မလှုပ်နိုင်သောနိုင်ငံကို ရသည်ဖြစ်၍၊ခန့်ငြားကြောက်ရွံ့သောသဘောနှင့် ဘုရားသခင်ကို လျောက်ပတ်စွာဝတ်ပြုနိုင်မည်အကြောင်း၊ ကျေးဇူးတော်ကို စွဲလမ်းကြကုန်အံ့။” (ဟေဗြဲ ၁၂း၂၈) ယေရှုခရစ်တော်ကို ယုံကြည်သူများသည် အစဉ်အမြဲတည်သည့်နိုင်ငံ၊အဘယ်တန်ခိုးကမျှ မပြောင်းလဲပစ်နိုင်သောတည်တန့်သည်နိုင်ငံကို ရသည်ဖြစ်၍ဘုရားသခင်ကို ချီးမွမ်းရပေသည်။ ထိုနိုင်ငံ၏ အရှင်ခရစ်တော်သည်လည်းအစဉ်အမြဲတည်ရှိကာ ပြောင်းလဲခြင်း မရှိ၊ထာဝရမိတ်သဟာယဖွဲ့ခွင့်ရပြီဖြစ်သည်။ကမ္ဘာ့မြေငလျှင်မှတ်တမ်းများကို လေ့လာကြည့်လျှင် ယခုနှစ်များ၌ ပို၍ များလာကြောင်း၊ ဂရပ်မျဉ်းသည် မတ်စောက်စွာ မြင့်တက်ကြောင်း သိရှိရပါသည်။
ယခု မကြာသေးမှီသီတင်းပတ်ကလည်း ငလျှင်ဒဏ်ကို စိုးရိမ်စရာမရှိဟုထင်မှတ်ရသော အမေရိကန်နိုင်ငံသည်ပင်လျှင် ၎င်း၏အရှေ့ပိုင်းပြည်နယ်၌ အင်အားအသင့်အတင့် ရှိသော ငလျှင်လှုပ်ခဲ့ကြောင်း ကြားသိရပါသည်။ မြေငလျှင်လှုပ်ခြင်းများသည် ထာဝရဘုရားသခင်က ကျွန်ုပ်တို့ကို သူပြန်၍ တရားစီရင်မည့်အချိန်နီးကြောင်း သတိပေးနေခြင်းပင်ဖြစ်ပေသည်။ ခရစ်တော် တဖန်ကမ္ဘာမြေပေါ် (သံလွင်တောင်ပေါ်ခြေချသောအခါ) ကြီးစွာသောမြေလှုပ်ခြင်း ရှိမည်(ဇာခရိ ၁၄း၎)။
တဒင်္ဂသာတည်မြဲသည့် လောကီအရာများကို အထူးအာရုံစိုက်ခြင်းကိုရှောင်ရှားကာ ထာဝရတည်မြဲမည့် ကောင်းကင်ဘုံနှင့်ဆိုင်သောအရာများအပေါ် အလေးထားစွဲလန်းကြဘို့၊ ဘုရားသခင်ကိုချစ်လျက်အမှုတော်အတွက် ကြိုးစားပါဝင်ဆောင်ရွက်ဘို့ တိုက်တွန်းနှိုးဆော် ရေးသားလိုက်ပါသည်။

Print Friendly and PDFPrintPrint Friendly and PDFPDF

0 comments:

Post a Comment

သတင်း၊ ဆောင်းပါး ၊တိုင်ကြားစာ ၊ နည်းပညာ ၊ တရားဟောချက် etc မည်သူမဆို လွှတ်လပ်စွာရေးသား ပေးပို့နိုင်ပါသည်။

သင်၏ဝေဖန်အကြံပြုစာသည် ကျတော်တို့အတွက် နောက်တဖန်ရေးသားဖို့ရန်အတွက် အားဆေးဖြစ်စေလိုပါသည်။ အချိန်ယူကာ ဝင်ရောက်ဖတ်ရှုခြင်းအတွက် အထူးကျေးဇူးတင်ပါသည်။

ခင်မင်လေးစားစွာဖြင့်- Admins
Email - simonkamta@thespiritfruit.com

Zawgyi Converter

Note - If you don't install zawgyi myanmar font in your computer, can be use this zawgyi converter

ရှာလို့လွယ်အောင် အသစ်တင်သမျှ ခေါင်းစဉ် ( 70 )