22 The fruit of the Spirit is love, joy, peace, forbearance, kindness, goodness, faithfulness, 23 gentleness and self-control. Against such things there is no law. ( Galatians 5:22-23 )  

Thursday, October 13, 2011

ရှင်ပြန်ထမြောက်ခြင်း


အောင်လွင် (မဲလဘုန်း)
နိဒါန်း။   ။ တစ်နေ့သ၌ သင်္ချာပညာချွန်ကျောင်းသားတစ်ဦးက ဘုရားရှိမရှိ၊ တွေးတော၊ဆင်ခြင်ကြည့်သည်။

လူမြောက်များစွာသည် ဘုရားရှိသည်ဟု ယုံကြည်ပြီး၊ အခြားများပြားလှသောလူများသည် ဘုရားကိုမယုံပါ။ ဘုရားက လူနှင့်အလုံးစုံတို့ကို ဖန်ဆင်းထားသည် ဆိုသည်ကိုလည်း မယုံပါ။ လူ၊စင်္ကြာဝငြာကြီး အားလုံး သူ့ဖာသာ သဘာဝအလျှောက်ရှိနေသည်ဟု ယုံကြည်ကြသည်။ 


ထို့ကြောင့်  ထိုလူစု၂ခု (ဘုရားမရှိ နှင့် ဘုရားရှိသည်) ယုံကြည်သူများကို  ပညာချွန်ကျောင်းသားက လော့ဂျစ် ယုတ္တိဗေဒ သင်္ချာပညာအားဖြင့်ခွဲခြားစိတ်ဖြာကြည့်သည်။ အဖြေကား ဖြစ်နိုင်ချေ (၂)ခုသာရှိကြောင်းတွေ့ရှိသည်။
 

၁။ ဘုရား တကယ်မရှိ ဆိုပါစို့။ ဘုရားမရှိဆိုသူနှင့် ဘုရားရှိသည်ဆိုသူ ၂ဦးစလုံးသည် သေသွားပြီးလျှင် အတူတူ သရေကျသွားမည်။ ဘယ်သူမှ မနိုင်မရှုံး၊ အဘယ့်ကြောင့်ဆိုသော် ငရဲနှင့်ကောင်းကင်ဘုံ (နိဗ္မာန်) မရှိသောကြောင့်ဖြစ်သည်။ ဘယ်ဘာသာတရားဖြစ်စေ ကောင်းမှု၊ ဆိုးမှု လုပ်သူအားလုံးသည် ဒီဘ၀မှာပင် ပြီးသွားမည်။ နောင်ဘ၀မရှိ၊ မိမိကောင်း၊ဆိုးမွေများကို စီရင်ဆုံးဖြတ်မည့်သူမရှိသောကြောင့်ဖြစ်သည်။ အရှုံးအနိုင်မရျှိ၊ သရေကျပါသည်။ 


၂။ ဘုရား တကယ်ရှိသည် ဆိုပါစို့။ ဘုရားသည် လူတိုင်းကို လောကတွင်နေထိုင်စဉ် သူတို့ယုံကြည်မှုနှင့်ပတ်သက်ပြီး၊ လက်တွေ့လုပ်ဆောင်မှုများကိုမူတည်ကာ စီရင်ဆုံးဖြတ်မည်ဖြစ်သည်။ ကောင်းကင်ဘုံ (သို့မဟုတ်) ငရဲ ရောက်မည်ဟု ဘာသာတရားတိုင်းမှာရှိသည်။ ဘုရားက စီရင်ဆုံးဖြတ်မည်ဆိုပါက ဘုရားမရှိဟု ယုံသောသူကို သေချာပေါက် ငရဲသို့ဟု စီရင်ဆုံးဖြတ်ခံရမည်။ ထိုအခါ ဘုရားမရှိဟု ယုံသူသည် လောကတွင် မည်မျှကောင်းမှုကုသိုလ်များလုပ်ပါစေ သူကဘုရားကိုမယုံသောကြောင့်၊ ဘုရားကလည်းသူကို ငရဲသို့ပို့ပေမည်။ ထိုအခါမှ ဘုရားမရှိဟု ယုံသူသည် သေလွန်ပြီမှ နောင်တရသော်လည်း ရှုံးသွားပြီဖြစ်သည်။ 


အီစတာ (ရှင်ပြန်ထမြောက်ခြင်း) စာလွှာ
 
သခင်ယေရှု လောကတွင်ရှိစဉ် (အေဒီ၃၀) တပည့်တော် ၁၂ပါးကို ကိုယ်တိုင်ရွေးချယ်ခဲ့သည်။ ထိုတပည့်တော် ၁၂ပါးသည် သူနောက်သို့ ၃နှစ်လိုက်ခဲ့သည်။ ယေရှုသည် ကားတိုင်ပေါ်တွင် (သောင်္ကြနေ့) သေဆုံးခဲ့သည်။ ၃ရက်မြောက်သောနေ့ (တနင်္ဂနွေ) တွင် ရှင်ပြန်ထမြောက်ခဲ့သည်။ သူသေခြင်းမှ ရှင်ပြန်ထမြောက်ပြီးနောက် ရက်ပေါင်း ၄၀လုံးလုံး တပည့်တော်များနှင့် လူပေါင်းများစွာတို့ကို ကိုယ်ထင်ပြသခဲ့သည်။ ၇ပတ်မြောက်နေ့တွင် ယေရှု၏ တပည့်တော်တစ်ပါးဖြစ်သူ ပေတရုက ယေရုဆလင်မြို့တွင် အောက်ပါအတိုင်း ကြေညာခဲ့သည်။

တမန်တော်ဝတ္တု 

၂း ၁၄ ထိုအခါ တကျိပ်တပါးသော တမန်တော်တို့နှင့်တကွ ပေတရုသည် ထလျှက်၊ ထိုသူတို့ကို ကျယ်သောအသံနှင့်ဟောပြောသည်ကား၊ ယေရှုရှလင်မြို့သားနှင့် ယုဒလူအပေါင်းတို့၊ သင်တို့သည် ဤအရာ ကိုသိမှတ်၍ ငါ့စကားကို စေ့စေ့နာခံကြလော့။

၂၂ ဣသရေလလူတို့၊ ငါ့စကားကိုနားထောင်ကြလော့။ သင်တို့သိကြသည်အတိုင်း နာဇရက်မြို့သား ယေရှုသည် ထူးဆန်းသောတန်ခိုး၊ နိမိတ်လက္ခဏာ၊ အံ့ဘွယ်သောအမှုတို့ကို သင်တို့တွင်ပြုရသောအခွင့်နှင့် ဘုရားသခင်ပေးတော်မူသော သက်သေကို ရသောသူဖြစ်၍ ဘုရားသခင် ပြဌာန်းတော်မူသော အလိုတော် အားဖြင့်၎င်း၊ အနာဂတံသ ဥာဏ်တော်အားဖြင့်၎င်း၊ အပ်နှံခြင်းကိုခံသော ထိုယေရှုကို သင်တို့သည် ဘမ်းဆီး၍ မတရားသောသူတို့လက်ဖြင့် လက်ဝါးကပ်တိုင်၌ ရိုက်၍ကွပ်မျက်ကြပြီ။ ၂၄ထိုသူကို သေခြင်းဝေဒနာသည် အစဉ်ချည်နှောင်ချုပ်ကိုင်၍မဖြစ်နိုင်သည်နှင့်၊ ထိုဝေဒနာကိုဘုရားသခင်သည် ချွတ်ပယ်၍ ထမြောက်စေတော်မူပြီ။

၃၂ ထိုယေရှုကိုဘုရားသခင် ထမြောက်စေတော်မူသည်ကို ငါတို့ရှိသမျှသည် သက်သေခံဖြစ်ကြ၏။ ၃၃ထိုသို့ဘုရားသခင်သည် လက်ျာလက်တော်နှင့် ချီးမြှင့်တော်မူသဖြင့်၊ ထိုသခင်သည်ဂတိတော် နှင့်ယှဉ်သောသန့်ရှင်းသောဝိညာဉ်တော်ကို ခမည်းတော်ထံ၌ ခံပြီဖြစ်၍သင်တို့သိမြင်ကြားရသော အရာကိုညွန်း လောင်းတော်မူ၏။
၃၆ ထိုကြောင့် သင်တို့သည် လက်ဝါးကပ်တိုင်မှာ ကွပ်မျက်သော ယေရှုကို ဘုရားသခင်သည် ခရစ်တော်အရာ၌၄င်း၊ အစိုးရသောအရှင်အရာ၌၄င်း ခန့်ထားတော်မူသည်အကြောင်းကို ဣသရေလအမျိုးသား အပေါင်းတို့ အတပ်အမှန်သိမှတ်ကြလော့ဟု ပေတရုဟောလေ၏။
၃၇ ထိုသူတို့သည် ကြားလျှင် စိတ်နှလုံးပူပန်ခြင်းရှိ၍၊ ညီအစ်ကိုတို့၊ အဘယ်သို့ပြုရပါမည်နည်းဟု ပေတရုမှစ၍ အခြားသောတမန်တော်တို့အား မေးမြန်းကြ၏။
၃၈ ပေတရုကလည်း၊ သင်တို့၏အပြစ်ကို လွတ်စေခြင်းငှါ နောင်တရ၍ တယောက်မျှမကြွင်း၊ ယေရှုခရစ်၏နာမ၌ ဗတ္တိဇံ ကိုခံကြလော့။ သို့ပြုလျှင် သန့်ရှင်းသောဝိညာဉ်တော်တည်း ဟူသော ဆုကျေးဇူးတော်ကို ခံရကြလိမ့်မည်။
၎း ၁၂  ထိုသခင်၏နာမတော်မှတပါး ငါတို့ကိုကယ်တင်နိုင်သော နာမတစုံတခုမျှ ကောင်းကင်အောက် လူတို့တွင် မပေါ်မရှိဟု ပေတရုသည် ထိုသူတို့အား မြွက်ဆို၏။

ယေရှုက ပြောသည်
ယေဟန် ၃း ၁၂ မြေကြီးအရာကို ငါပြော၍ သင်တို့သည်မယုံလျှင်၊ ကောင်းကင်အရာကို ငါပြောသောအခါ အဘယ်သို့ယုံကြလိမ့်မည်နည်း။
မာကု ၈း ၃၆ လူသည် ဤစကြဝဠာကို အကြွင်းမဲ့အစိုးရ၍ မိမိအသက်ဝိညာဉ်ရှုံးလျှင် အဘယ်ကျေးဇူး ရှိသနည်း။ ၃၇မိမိအသက်ဝိညာဉ်ကို အဘယ်ဥစ္စာနှင့်ရွေးနိုင်သနည်း။
ယောဟန် ၁၀း ၈  ယေရှုကပြောပြန်သည်မှာ " ငါ့ရှေ့၌ ပေါ်လာသောသူရှိသမျှတို့သည် သူခိုးထားပြဖြစ်ကြ၏။ ထိုသူတို့၏စကား သံကို သိုးတို့သည် နားမထောင်ကြ။  ငါသည် တံခါးဝဖြစ်၏။ ငါဖြင့်ဝင်သောသူသည် ဘေးနှင့်ကင်းလွတ်လျက် ထွက်ဝင်၍ ကျက်စားရာကို တွေ့ရလိမ်မည်။ ၁ဝသူခိုးသည် ခိုးခြင်း၊ သတ်ခြင်း၊ ဖျက်ဆီးခြင်းငှါသာ လာတတ်၏။ ငါမူကား၊ သိုးတို့သည် အသက်လွတ်ရုံမျှမက အထူးသဖြင့် အသက်ဖြင့်ပြည့်စုံစေခြင်းငှါ လာသတည်း။"

ယောဟန် ၃း ၁၃ ကောင်းကင်ဘုံကဆင်းသက်၍ ကောင်းကင်ဘုံ၌ရှိနေသော လူသားမှတပါး အဘယ်သူမျှ ကောင်းကင်ဘုံ သို့မတက်ပြီ။
ယောဟန် ၆း ၃၅ ယေရှုကလည်း၊ ငါသည် အသက်မုန့်ဖြစ်၏။ ငါ့ထံသို့လာသောသူသည် နောက်တဖန် အဆာအမွတ်မခံရ။ ငါ့ကိုယုံကြည်သောသူသည် နောက်တဖန် ရေငတ် မခံရ။
၃၈ အကြောင်းမူကား၊ ငါသည် ကိုယ်အလိုသို့လိုက်ခြင်းငှါ ကောင်းကင်မှဆင်း သက်သည်မဟုတ် ငါ့ကိုစေလွှတ်တော် မူသောသူ၏အလိုတော်သို့ လိုက်ခြင်းငှါဆင်းသက်၏။
၎ဝ  သားတော်ကို ကြည့်မြင်၍ ယုံကြည်သောသူရှိသမျှတို့သည် ထာရအသက်ကိုရစေခြင်း ငှါ၎င်း အလိုတော်ရှိ၏။ ငါသည် လည်း နောက်ဆုံးသောနေ့၌ ထိုသူတို့ကို ထမြောက်စေမည်ဟု မိန့်တော်မူ၏။
၄၇ ငါအမှန်အကန်ဆိုသည်ကား၊ ငါ့ကိုယုံကြည်သောသူသည် ထာဝရ အသက်ကို ရ၏။ ၄၈ငါသည် အသက်မုန့်ဖြစ်၏။
ယောဟန် ၁၄း ၁ တဖန်တုံ ယေရှုက၊ သင်တို့စိတ်နှလုံးပူပန်ခြင်းမရှိစေနှင့်။ ဘုရားသခင်ကိုယုံကြည်ကြလော့။ ငါ့ကိုလည်းယုံ ကြည်ကြလော့။ ၂ငါ့အဘ၏ အိမ်တော်၌ နေစရာအခန်းအများရှိ၏။ သို့မဟုတ်လျှင် မဟုတ်ကြောင်းကို သင်တို့အား ငါမပြောဘဲမနေ။ သင်တို့နေစရာအရပ်ကို ပြင်ဆင်ခြင်းငှါ ငါသွားရ၏။ ၃ငါသည်သွား၍သင်တို့နေစရာအရပ်ကို ပြင်ဆင်ပြီးမှ တဖန်လာပြန်၍၊ ငါရှိရာအရပ်၌ သင်တို့ရှိစေခြင်းငှါ သင်တို့ကိုငါ့ထံသို့ သိမ်းဆည်းမည်။ ၄ငါသည်အဘယ် အရပ်သို့သွားသည်ကို၎င်း၊ လမ်းခရီးကို၎င်း၊ သင်တို့သိကြ၏ ဟုမိန့်တော်မူသည်။ 
(အဘ = ဘုရား God၊  ငါ့အဘ၏အိမ်တော် = ကောင်းကင်ဘုံ Heaven)၊
၅ သောမကလည်း၊ သခင်၊ ကိုယ်တော်သည် အဘယ်အရပ်သို့ သွားတော်မူသည်ကို အကျွန်ုပ်တို့မသိသည်ဖြစ်၍၊ လမ်းခရီးကိုအဘယ်သို့ သိနိုင်ပါမည်နည်းဟု လျှောက်လျှင်၊
၆ ယေရှုက၊ ငါသည်လမ်းခရီးဖြစ်၏၊ သမ္မာတရားလည်းဖြစ်၏။ အသက်လည်းဖြစ်၏။ ငါ့ကိုအမှီမပြုလျှင်အဘယ်သူမျှ ခမည်းတော်ထံသို့မရောက်ရ။ ၇သင်တို့သည် ငါ့ကိုသိလျှင် ငါ့ခမည်းတော်ကို မသိဘဲမနေရကြ။ ယခုမှစ၍ ခမည်းတော်ကို သိမြင်ကြ၏ ဟုမိန့်တော်မူသည်။
ယောဟန် ၈း ၁၂  တဖန်တုံ ယေရှုက၊ ငါသည် ဤလောက၏အလင်းဖြစ်၏။ ငါ့နောက်သို့လိုက်သောသူသည် မှောင်မိုက်၌ မသွားမလာ၊ အသက်၏အလင်းကို ရလိမ့်မည်ဟု မိန့်တော်မူ၏။
ဟေဗရူ ၁၃း ၈  ယေရှုခရစ်သည် မနေ့၊ ယနေ့၊ နောင်ကာလအစဉ်အမြဲ မပြောင်းမလဲနေတော် မူ၏။
အောင်လွင် (မဲလဘုန်း)
Print Friendly and PDFPrintPrint Friendly and PDFPDF

0 comments:

Post a Comment

သတင်း၊ ဆောင်းပါး ၊တိုင်ကြားစာ ၊ နည်းပညာ ၊ တရားဟောချက် etc မည်သူမဆို လွှတ်လပ်စွာရေးသား ပေးပို့နိုင်ပါသည်။

သင်၏ဝေဖန်အကြံပြုစာသည် ကျတော်တို့အတွက် နောက်တဖန်ရေးသားဖို့ရန်အတွက် အားဆေးဖြစ်စေလိုပါသည်။ အချိန်ယူကာ ဝင်ရောက်ဖတ်ရှုခြင်းအတွက် အထူးကျေးဇူးတင်ပါသည်။

ခင်မင်လေးစားစွာဖြင့်- Admins
Email - simonkamta@thespiritfruit.com

Zawgyi Converter

Note - If you don't install zawgyi myanmar font in your computer, can be use this zawgyi converter

ရှာလို့လွယ်အောင် အသစ်တင်သမျှ ခေါင်းစဉ် ( 70 )