22 The fruit of the Spirit is love, joy, peace, forbearance, kindness, goodness, faithfulness, 23 gentleness and self-control. Against such things there is no law. ( Galatians 5:22-23 )  

Monday, October 24, 2011

သင့်လက်မှာ အရေးကြောင်းတွေရှိနေပြီလား?

အမျိုးသမီးအများစုဟာ မျက်နှာရဲ့ အလှအပနဲ့ အသားအရေထိန်းသိမ်းစောင့်ရှောက်မှုကိုသာ ဂရုစိုက် လုပ်ဆောင်ကြပြီး လက်တွေကိုတော့ မေ့လျော့ထားတတ်ကြပါတယ်။ ဒါကြောင့် အသက်အရွယ်ရလာတဲ့အခါ မျက်နှာမှာ အရေးကြောင်းနည်းပြီး နုပျိုနေပေမယ့် လက်မှာတော့ အသားအရေတွန့်ပြီး အရေးကြောင်းတွေ ဖြစ်နေတတ်ပါတယ်။ အသက်ကြီးလာတဲ့အခါ အရေပြားထဲမှာရှိတဲ့ ကော်လာဂျင်နဲ့ အီလက်စတင် အမျှင်ဓာတ်တွေဟာ ထိခိုက်ပျက်စီးလာပါတယ်။

ဒီတစ်သျှူးတွေက အရေပြားရဲ့ တည်ဆောက်မှု၊ ကျန်းမာကြံ့ခိုင်မှုနဲ့ ကျုံ့နိုင်စွမ်းအားတွေကို ဖြစ်စေတာပါ။ ဒါ့ပြင် အသက်ကြီးလာတဲ့အခါ တစ်သျှူးတွေနဲ့ ဆဲလ်တွေရဲ့ အသစ်ဖြစ်ပေါ်တဲ့ ဖြစ်စဉ်ကလည်း နှေးလာ ပါတယ်။ ဒီအခါ အရေပြားထဲမှာရှိတဲ့ ဆဲလ်တွေဟာ အသစ်ဖြစ်ပေါ်ဖို့ အချိန်ပိုကြာလာပါတယ်။ လက်မှာ အရေးကြောင်း ဖြစ်တာက အများအားဖြင့် အရေပြားရဲ့ သဘာဝ၊ လက်ရဲ့ အရိုးတည်ဆောက်ပုံနဲ့ အိုမင်းရင့်ရော်တဲ့ ဖြစ်စဉ်ကြောင့် ဖြစ်လာတာပါ။ ပြင်ပအကြောင်းအချက်အနေနဲ့ အာဟာရချို့တဲ့ခြင်း၊ ရေဓာတ်မလုံလောက်ခြင်း၊ ခရမ်းလွန်ရောင်ခြည်နဲ့ လေ့ကျင့်ခန်းမလုပ်ခြင်းတွေကြောင့်လည်း ဖြစ်နိုင်ပါတယ်။

ဒါကြောင့် သင့်လက်မှာ အရေးကြောင်းတွေ မဖြစ်အောင် မှန်ကန်တဲ့ဘဝနေထိုင်မှုပုံစံ၊ သင့်တော်တဲ့ အာဟာရနဲ့ အသားအရေ ထိန်းသိမ်းစောင့်ရှောက်မှု တွေနဲ့ ကြိုတင်ကာကွယ်ထားပါ။ အကယ်၍ သင့်လက်မှာ အရေးအကြောင်းတွေ ဖြစ်ပြီးနေရင်လည်း လျော့ပါးသက်သာအောင် အောက်ပါနည်းလမ်းတွေက ကူညီနိုင်ပါလိမ့်မယ်။
- လက်လိမ်းခရင် (Hand Cream) လိမ်းခြင်းဟာ အရေပြားကို ရေဓာတ်ဖြည့်ပေးနိုင်တဲ့အတွက် အရေးကြောင်းတွေကို လျော့ပါးသက်သာစေဖို့ ထိရောက်တဲ့ နည်းလမ်းတစ်ခုပါ။ အပြင်မထွက်ခင် နေရောင်ကာလိမ်းဆေး ခရင်မ်တွေကို မျက်နှာမှာလိမ်းသလို လက်မှာလည်း လိမ်းပေးပါ။ နေရောင်မှာ ပါတဲ့ ခရမ်းလွန်ရောင်ခြည်တွေဟာ အရေပြားကို ထိခိုက်စေပြီး အိုမင်းမှုဖြစ်စဉ်ကို အရှိန်မြန်စေနိုင်ပါတယ်။ သင့်အရေပြားကို နေရောင်နဲ့ ထိတွေ့မှုမှ ကာကွယ်ဖို့ နေကာလိမ်းဆေးတွေကို မှန်မှန်လိမ်းဖို့ အရေးကြီးပါတယ်။ အထူးသဖြင့် နေရောင်ထိတွေ့မှုများတဲ့ လက်ခုံကို အဓိကလိမ်းပေးပါ။
- ရေဟာ သင့်ကျန်းမာရေးအတွက်နဲ့ သင့်အရေပြားပျော့ပျောင်းနူးညံ့ဖို့အတွက် အရေးကြီးပါတယ်။ သင့်အရေပြား ရေဓာတ်ပြည့်ဝနေမှသာ ချောမွေ့လှပ ပျော့ပျောင်းပြီး အရေးကြောင်းတွေလျော့ပါးသွားမှာပါ။ ဒါကြောင့် နေ့စဉ်ရေများများသောက်ပါ။
- သင့်အရေပြား လှပမှုအတွက်ရော၊ သင့်ကျန်းမာရေးအတွက်ပါ မျှတတဲ့အစာအဟာရတွေကို စားသောက်ပေးပါ။ ကျန်းမာရေးနဲ့ ညီညွတ်ပြီး အာဟာရ ပြည့်ဝတဲ့ အစားအစာတွေဟာ သဘာဝအလှကို ကာကွယ်စောင့်ရှောက်ပေးပြီး အိုမင်းမှုဖြစ်စဉ်ကို နှေးစေပါတယ်။ အရေပြားအတွက် အာဟာရဓာတ်ဖြစ်တဲ့ ဗီတာမင် အေ၊ ဘီ၊ စီ၊ ဒီ၊ အီးနဲ့ ကေတွေပါဝင်တဲ့ အစားအစာတွေကို စားပေးရင် သဘာဝအတိုင်း အသားအရေလှပစေနိုင်ပါတယ်။
- အဝတ်လျှော်တာ၊ ပန်းကန်ဆေးတာလိုမျိုး အိမ်အလုပ်တွေလုပ်တဲ့အခါ လက်အိတ်ဝတ်ပြီးလုပ်ပါ။ ဆပ်ပြာနဲ့ ချွတ်ဆေးတွေမှာပါတဲ့ ဓာတုပစ္စည်းတွေဟာ သင့်အရေပြားကို ခြောက်သွေ့စေပြီး အရေးကြောင်းတွေကို ဖြစ်စေနိုင်ပါတယ်။
- လေ့ကျင့်ခန်းမှန်မှန်လုပ်ခြင်းဟာ သင့်အရေပြားကို ကျစ်လျစ်စေပါတယ်။
- အရေးပြားအပေါ်ယံကို ခွာချွတ်ပေးတဲ့ Hand Peel တွေဟာလည်း လက်မှ အရေးကြောင်းတွေကို ဖယ်ရှားရာမှာ ထိရောက်တဲ့ နည်းလမ်းတစ်ခုပါ။ လက်မှာ Chemical Peel ကို လိမ်းလိုက်တဲ့အခါ အရေပြားဟာ ခြောက်သွေ့ပြီး ကွာကျသွားပါမယ်။ ပြီးရင် တဖြည်းဖြည်းနဲ့ အရေပြားအသစ် ဖြစ်လာမှာ ဖြစ်ပါတယ်။ ဒါပေမဲ့ အရေပြားအထူးကုဆရာဝန်ရဲ့ ညွှန်ကြားချက်နဲ့သာ Chemical Peel တွေကို သုံးသင့်ပါတယ်။
Ref : Good Health
Print Friendly and PDFPrintPrint Friendly and PDFPDF

0 comments:

Post a Comment

သတင်း၊ ဆောင်းပါး ၊တိုင်ကြားစာ ၊ နည်းပညာ ၊ တရားဟောချက် etc မည်သူမဆို လွှတ်လပ်စွာရေးသား ပေးပို့နိုင်ပါသည်။

သင်၏ဝေဖန်အကြံပြုစာသည် ကျတော်တို့အတွက် နောက်တဖန်ရေးသားဖို့ရန်အတွက် အားဆေးဖြစ်စေလိုပါသည်။ အချိန်ယူကာ ဝင်ရောက်ဖတ်ရှုခြင်းအတွက် အထူးကျေးဇူးတင်ပါသည်။

ခင်မင်လေးစားစွာဖြင့်- Admins
Email - simonkamta@thespiritfruit.com

Zawgyi Converter

Note - If you don't install zawgyi myanmar font in your computer, can be use this zawgyi converter

ရှာလို့လွယ်အောင် အသစ်တင်သမျှ ခေါင်းစဉ် ( 70 )