22 The fruit of the Spirit is love, joy, peace, forbearance, kindness, goodness, faithfulness, 23 gentleness and self-control. Against such things there is no law. ( Galatians 5:22-23 )  

Thursday, November 3, 2011

လူတိုင်း စားကိုစားသင့်သည့် အစားအသောက် (၆) မျိုး

ဈေးမှာ အလွယ်တကူ ၀ယ်ယူရရှိနိုင်ပြီး ဈေလည်းမကြီးတဲ့ အောက်ဖော်ပြပါ အစားအသောက်တွေ ဟာ သင့်ခန္ဓာကိုယ် ကျန်းမာနေစေဖို့အတွက် စားကိုစားသင့်တဲ့အစားအစာတွေဖြစ်ပြီး ရရှိနိုင်တဲ့ အကျိုးကျေးဇူးတွေကို ဖော်ပြပေးလိုက်ရပါတယ်။
၁။ ပဲအမျိုးမျိုး နှင့် ပဲညွှန့်
ပဲအမျိုးမျိုးမှာ ပရိုတင်း၊ အမျှင်ဓာတ်၊ ကာဗိုဟိုက်ဒရိတ်၊ သံဓာတ်၊ မဂ္ဂနီဆီယမ်၊ ပိုတက်ဆီယမ်နဲ့ ဇင့်ဓာတ် စတာတွေ ပေါကြွယ်ဝစွာ ပါဝင်ပါတယ်။ ပဲ အမျိုးမျိုးနဲ့ ပဲနွယ်၊ ပဲညွှန့်တွေဟာ သင့်ခန္ဓာကိုယ် အလေးချိန် လျော့နည်းအောင် ကူညီ ပေးနိုင်သလို မကောင်းတဲ့ သွေးတွင်းအဆီဓာတ်ကို လျော့နည်းစေပြီး ကောင်းတဲ့ အဆီဓာတ်ကို မြှင့်တင်ပေးနိုင်တာကြောင့် ကိုယ်လေးအချိန်လျှော့ချရေးမှာ ကူညီပါတယ် လို့ဆိုထားပါတယ်။
၂။ ဖရဲသီး
ဖရဲသီးဟာ သဘာဝ အချိုဓာတ်ရှိပြီး အရည်ရွှမ်းတဲ့အသီးတစ်မျိုးပါ။ တချို့ကလည်း ဖရဲသီးကို အချိုဓာတ်များတာကြောင့် ဖရဲသီးကို မစားဘဲနေတတ်ကြပါတယ်။ ဖရဲသီးကနေ ကယ်လိုရီအနည်းငယ်သာ ရရှိစေပြီး ဗီတာမင်အေ၊စီ၊ပိုတက်ဆီယမ်၊ လိုကိုပင်းနဲ့ ရေဓာတ်များစွာကို ရရှိတာကြောင့် စားကိုစားသင့်တဲ့ အစာ တစ်မျိုးဖြစ်ကြောင်း အကြံပြုထားပါတယ်။ သွေးပေါင်ချိန်မြင့်မားနေတဲ့ အချိန်မှာ ဖရဲသီးကို စားပေးပါက လတ်တလောမှာ သွေးပေါင်ကျပြီး သက်သာစေတယ်လို့လည်း ဆိုထားပါသေးတယ်။ ဖရဲသီးရဲ့ ထူထဲတဲ့ အခွံက ပိုးသတ်ဆေးတွေ အသီးအတွင်း ၀င်ရောက်မှုမရှိအောင် ကာကွယ်ပေးထား ပါသေးတယ်တဲ့။
၃။ ကန်စွန်းဥ
ကန်စွန်းဥဟာ အာဟာရဓာတ်တွေကြွယ်ဝတဲ့အကောင်းဆုံး ဟင်းသီးဟင်းရွက်တစ်မျိုးပါလို့ အမေရိကန် အစား အသောက် ဆိုင်ရာ အဖွဲ့အစည်းက ပြောပါတယ်။ ကန်စွန်းဥမှာ ဘီတာကယ်ရိုတင်း၊ ဗီတာမင်စီ၊ အမျှင်ဓာတ်နဲ့ ပိုတက်စီယမ်တွေများစွာ ပါဝင်တာကြောင့် စားကိုစားပေးရမယ်လို့ ဆိုထားပါတယ်။
၎။ ဂေါ်ဖီထုပ်
အလွယ်တကူရရှိနိုင်ပြီး ဈေးလည်း မကြီးတဲ့ ဂေါ်ဖီထုပ်ဟာ ရေစင်အောင်ဆေးပြီး အစိမ်းအတိုင်း စားနိုင်သလို အသုပ်သုပ်ပြီးဖြစ်စေ အစသဖြင့် မျိုးစုံလုပ်စားနိုင်ပါတယ်။ေ၈ါ်ဖီထုပ်မှာ အမျှင်ဓာတ်။ ဗီတာမင်A,K,D၊ ဖောလိတ်နဲ့ တခြား သတ္တုဓာတ်တွေများစွာပါဝင်ပါတယ်။ အင်တီအောက်ဆီးဒင့် ကြွယ်ဝစွာပါဝင်ပြီး ကင်ဆာရောဂါကို တွန်းလှန်တိုက်ထုတ်ပေးနိုင်တဲ့ အင်ဇိုင်းတွေကို အားပေးတာကြောင့် စားကိုစားပေးရမယ်လို့ ဆိုထားပါတယ်။
၅။ ခရမ်းချဉ်သီး
ခရမ်းချဉ်သီးကို အစိမ်းအတိုင်း စားတာထက် အပူပေးပြီး ချက်ပြုတ်စားပါက ရောဂါတွေကို တွန်းလှန်တိုက်ထုတ်ပေးမယ့် လိုင်ကိုပင်း ကို ပိုမိုရရှိစေပါတယ်တဲ့။ ခရမ်းချဉ်သီးမှာပါဝင်တဲ့ လိုင်ကိုပင်းက နေထိုင်မှုဟန်ပန်နဲ့ မျိုးရိုးဗီဇတွေကြောင့် ဖြစ်လာတတ်တဲ့ ဆီးကျိတ်ကင်ဆာနဲ့ တခြားကင်ဆာရောဂါတွေ ဖြစ်ပွားမှုကို ကာကွယ်ပေးနိုင်ပါတယ်လို့ ဆိုထားတာကြောင့် စားကိုစားသုံးပေးရမယ့် အသီးတစ်မျိုးပါတဲ့။
၆။ ဒိန်ချဉ်
အဆင်သင့် စားသုံးနိုင်ပြီး အလွယ်ရနိုင်တဲ့ ဒိန်ချဉ်ကိုလည်း ကျွန်မတို့ စားပေးဖို့ မေ့နေကြတာ အမှန်ပါ။ ဒိန်ချဉ်ကနေ ပိုတက်စီယမ်၊ ပရိုတင်း၊ ဇင့်၊ ဗီတာမင် D၊ B6 နှင့် B12 တွေကို ရရှိနိုင်သည့် အပြင် ခန္ဓာကိုယ်ကို အကျိုးပြုတဲ့ ဘက်တီးရီးယား တွေလည်း ပါဝင်တယ်လို့ဆိုထားပါတယ်။ ဒိန်ချဉ်ကို စားသောက်ထားပါက ဆာလောင်မှုကို လျော့နည်းစေသည့်အပြင် ၀မ်းကိုလည်းမှန်စေပါတယ်။ အထူးသဖြင့် မိန်းမတွေအတွက်လည်း အကျိုးများစေတဲ့ဒိန်ချဉ်ကို စားကိုစားသုံးပေးရမယ့် အစားအသောက်တစ်မျိုးပါတဲ့။

အစားအသောက်တွေအားလုံးမှာ သက်ဆိုင်ရာကောင်းကျိုးတွေရှိတာချည်းဘဲဖြစ်ပါတယ်။ နည်းလမ်းမှန်မှန် သုံးစွဲ စားသောက်တတ်ရင် အကျိုးများစေမှာ အမှန်ပါ။ သန့်ရှင်း လတ်ဆတ်မှုရှိဖို့တော့ သတိပြုစေပါတယ်။
လူသားအားလုံးကို ကျန်းမာချမ်းသာစေဖို့ ဆန္ဒပြုရင်း
ကျန်းမာရေးစာစောင်မှ ဖတ်ရှုမိသမျှအား သင့်တော်အောင် ပြန်လည်ရေး၍ မျှဝေခြင်းဖြစ်ပါသည်။

အားလုံးကိုလေးစားစွာဖြင့်
♥♥♥အမရာနှင်း♥♥♥
Print Friendly and PDFPrintPrint Friendly and PDFPDF

0 comments:

Post a Comment

သတင်း၊ ဆောင်းပါး ၊တိုင်ကြားစာ ၊ နည်းပညာ ၊ တရားဟောချက် etc မည်သူမဆို လွှတ်လပ်စွာရေးသား ပေးပို့နိုင်ပါသည်။

သင်၏ဝေဖန်အကြံပြုစာသည် ကျတော်တို့အတွက် နောက်တဖန်ရေးသားဖို့ရန်အတွက် အားဆေးဖြစ်စေလိုပါသည်။ အချိန်ယူကာ ဝင်ရောက်ဖတ်ရှုခြင်းအတွက် အထူးကျေးဇူးတင်ပါသည်။

ခင်မင်လေးစားစွာဖြင့်- Admins
Email - simonkamta@thespiritfruit.com

Zawgyi Converter

Note - If you don't install zawgyi myanmar font in your computer, can be use this zawgyi converter

ရှာလို့လွယ်အောင် အသစ်တင်သမျှ ခေါင်းစဉ် ( 70 )