22 The fruit of the Spirit is love, joy, peace, forbearance, kindness, goodness, faithfulness, 23 gentleness and self-control. Against such things there is no law. ( Galatians 5:22-23 )  

Thursday, November 3, 2011

အစားကျူးတဲ့ရောဂါ(Binge Eating)

အစာစား မူမမှန်ရောဂါ ၃ မျိုးထဲမှာ အဖြစ်အများဆုံးကတော့ အစား ကို အလွန်အကျူး စားပိုးနင့်အောင်စားတဲ့ Binge Eating ပါပဲ။ အစားကိုတရား လွန်စားတဲ့ ရောဂါ၊ အစာစားတာကို မရပ်တန့်နိုင်ဘဲ မကောင်းမှန်း သိသိနဲ့ မူးယစ်ဆေးသုံးစွဲသလို အာသာငမ်းငမ်းနဲ့ စားရင်းနဲ့ ဗိုက်ပြည့်ပြီဆိုတာတောင်မှ ဗိုက်ထဲ တင်းကျပ်အောင် နာကျင်လာတဲ့အထိ ပမာဏအများကြီးစားတာဟာ Binge Eating ဖြစ်ပြီး ဒီရောဂါက Anorexia Nervosa (အစာအငတ်ခံတဲ့ရောဂါ) နဲ့ Bulimia Nervosa (စားပြီးအန်သည့်ရောဂါ) တို့နဲ့မတူတာက အမျိုးသမီးများ တွင်သာမကအမျိုး သားငယ်များတွင် ပါဖြစ်ပွား ခံစားရ ခြင်းပါပဲ။ လေ့လာ မှုတစ်ခုအရ Eating Disorders ခံစားနေရသူ ၂၃ ဦးမှာ ၁ ဦးက Anorexia Nervosa (အစာအငတ်ခံရောဂါ)၊ ၃ ဦးကBulimia Nervosa (စားပြီး အန်သည့် ရောဂါ)နဲ့ ကျန် ၁၉ဦးက အစားအလွန်အကျူးစားတဲ့ အစားအစာစွဲလမ်းလွန် ရောဂါ ငြညါန နအေငညါ ပါပဲ။ Binge

Eating ဖြစ်ပွားစေတဲ့ အကြောင်းရင်းတွေကတော့-
- အထီးကျန်ခြင်း၊ တာဝန်ယူရမှုကို ကြောက်ရွံ့ခြင်း၊ မိမိကိုယ်ကို ပျောက် ဆုံးခြင်း၊ အကြမ်းဖက်ခံရဖူးခြင်း (ရုပ်ပိုင်းဆိုင်ရာ၊ လိင်ပိုင်းဆိုင်ရာ ထိပါးစော်ကား ခံရဖူးခြင်း)၊ဆန့်ကျင်ဘက်လိင်တို့၏ ငြင်းပယ်ခံရခြင်း၊ အမျိုးသားဖြစ်လျှင် မိခင်၏ လွန်ကဲစွာ ဂရုစိုက်စောင့်ကြပ်ခံရခြင်း (စိတ်ပိုင်းဆိုင်ရာ စွက်ဖက်မှုခံရခြင်း)၊ အပေါင်းအသင်းမဲ့ တစ်ကိုယ်တည်းနေပြီး အစားအစာကို အဖော်အဖြစ် မှတ်ယူ ခြင်း (အစာစားပြီးသည့်နောက် စိတ်သောကသက်သာခြင်း)၊ အစားအစာသည် သူငယ်ချင်း၊ အစားအစာသည် ဝါသနာ ဆိုသလို အခြားလှုပ်ရှားမှုတွေထက် အစားအစာကိုသာ စိတ်ဝင်စားခြင်း၊ ဆေးဝါး၊ အရက် စသည့် အခြားတစ်ခုခု စွဲနေခြင်း၊ လိင်စိတ်မသာယာမှု (မပျော်ရွှင်သော အိမ်ထောင်ရေး)၊ မျိုသိပ်ထား သောဒေါသ၊အသည်းကွဲခြင်း၊လက်ခံပေးခြင်းနှင့်အချစ်ကိုငတ်မွတ်ဆာလောင်မူ သင်ဟာ တစ်ချိန်လုံး အစားအစာ အကြောင်းပဲ တွေးတောနေမယ်၊ ဒါမှ မဟုတ် သင့်ခန္ဓာကိုယ် ပုံရိပ်အကြောင်း ပဲ တွေးတောနေမယ်၊ ဒါမှမဟုတ် အားအင်ကုန်ခန်းတဲ့အထိ ကိုယ်လက် လေ့ကျင့်ခန်းတွေ တရားလွန် လုပ်မိ နေမယ်။ ခံစားမှုအနေနဲ့ ရှက်ရွံ့ခြင်း၊ ဝမ်းနည်းခြင်း၊ မျှော်လင့်ချက်မဲ့ခြင်း၊ ဆတ်ဆတ်ထိမခံ စိတ်ထိခိုက်လွယ် ခြင်း၊ စိုးရိမ်သောကနှင့်စိတ်လှုပ်ရှား နေခြင်းတို့ ခံစားနေရမယ်။ နှလုံးခုန် သံ မမှန်ခြင်း၊ မောပန်းနွမ်းနယ်ခြင်း၊ ဝမ်းသွားကျင့် မူမမှန်မှုများ၊ ခေါင်းမူး ခြင်း စတဲ့ ရုပ်ပိုင်းဆိုင်ရာ ပြဿနာ တွေလည်း များစွာခံစားနေရပါလိမ့် မယ်။ စိတ်ကုထုံး၊ အပြုအမူဆိုင်ရာ ကုထုံးများ၊ အာဟာရဆိုင်ရာ ပညာ ပေး အစီအစဉ်များ၊ သွားနှင့် ခံတွင်း ရောဂါ ကုသမှုများနဲ့ အခြားအထွေ ထွေကုမှုများ ခံယူဖို့ ဆရာဝန်နှင့် တွေ့ဆုံပြသခြင်းက အကောင်းဆုံး ပါပဲ။ မိမိမှာ Eating Disorders ခံစားနေရကြောင်း ဆရာဝန်ကို ပြော ပြရန် မရှက်ရွံ့သင့်ပါ။ Eating
Disorders ဖြစ်ပွားနိုင်တဲ့ အန္တာယ် အခွင့်အလမ်းများ
၁။အမျိုးသမီး ဖြစ်ခြင်း
ဆယ်ကျော်သက်နှင့် ငယ်ရွယ် သော အမျိုးသမီးများ။
၂။ အသက်အရွယ်
Eating Disorders သည် အသက်အရွယ်မရွေး ဖြစ်ပွားနိုင်သော် လည်း အများဆုံးမှာဆယ်ကျော်သက် အစောဦးပိုင်းနှင့် အရွယ်ရောက်သည့် အသက်အရွယ်ကြား (ဆယ်ကျော် သက်အရွယ်မှ ၂၀ ကျော်အသက် အပိုင်းအခြား)။
၃။ မိသားစု ရာဇဝင်
မိဘနှစ်ဦးအနက် တစ်ဦး သို့မ ဟုတ် ၂ ဦးစလုံးတွင် Eating Disorders ရှိခြင်း။
၎။ မိသားစု၏ လွှမ်းမိုးမှု
မိဘနှစ်ဦးစလုံး သို့မဟုတ် တစ်ဦးက ကလေးအပေါ် လွန်ကဲစွာ လွှမ်းမိုးချုပ်ချယ်ခြင်း၊ သို့မဟုတ် ထိုကလေး၏ မိသားစုက ခန္ဓာကိုယ် ပုံရိပ်ပိုင်းဆိုင်ရာ အသွင်အပြင်ကို အလွန်တင်းကျပ်ခြင်း။
၅။ စိတ်ခံစားမှုဆိုင်ရာ စံလွဲမှုများ
စိတ်ကျရောဂါ၊ စိုးရိမ်သောက လွန်ရောဂါစုများ၊ စိတ်စွဲရောဂါများ (တစ်ခုခုကို ထပ်ခါထပ်ခါ စွဲစွဲလမ်း လမ်း လွန်လွန်ကျူးကျူး ပြုမူတတ် သည့်ရောဂါများ) စသည်တို့ ရှိသူ များဟာ Eating Disorders ခံစား ရမှုအခွင့်အလမ်း ပိုများပါတယ်။
၆။ ကိုယ် အလေးချိန် လျော့ ချရန် အစာ လျော့ စားနေသူဖြစ်ခြင်း( Dieting)
ကိုယ်အလေးချိန်လျော့ချဖို့ အစားလျော့စားပြီး Diet လုပ်နေသူ တစ်ဦးဖြစ်လျှင် ပတ်ဝန်းကျင်မှ လူများ၊ မိတ်ဆွေသူငယ်ချင်း၊ ချစ်သူရည်းစား ရဲ့ အကောင်းမြင်ချီးမွမ်းစကား၊ မှတ်ချက်များ(ဥပမာ-ပိန်သွားတော့ ပိုလှလာတယ်။ ကိုယ်အလေးချိန် မတက်အောင် ထိန်းထားနိုင်တာ သိပ်တော်တာပဲ၊ အားကျလိုက်တာ) စသည်ဖြင့်) က ထိုချီးမွမ်းခံရသူကို အလွန်အမင်း အစားလျော့ စားဖြစ် အောင်ဖိအားပေးသလိုဖြစ်ကာ သာမန် အစားလျော့စားခြင်းကနေ ရောဂါဖြစ် တဲ့အဆင့်အထိတရားလွန်အစားလျော့ စားတဲ့ Eating Disorders အဆင့် အထိရောက်သွားအောင်တွန်းပို့ခဲ့ပါတယ်။
အစာစားအလေ့အထ မှုမမှန်ရောဂါ ခံစားရသူ နာမည် ကျော် အချို့
ဘရစ်တန်စပီးယား
ဘရစ်တနီစပီးယားဟာ ခင်ပွန်း ဖြစ်သူနဲ့ ကွာရှင်းပြီးနောက် အရက် လည်းစွဲခဲ့ပါတယ်။ ဒါ့အပြင် အလွန် အကျွံဈေးဝယ်ခြင်း၊ အလွန်အကျွံ စားခြင်းတို့ ပြုမူခဲ့ပြီး ကိုယ်အလေး ချိန် ၁၃၅ပေါင်ထက် ကျော်လွန် သွားခဲ့ပါတယ်။
အော်ပရာဝင်းဖရေး
အော်ပရာဝင်းဖရေးဟာ အသက် ၉နှစ်အရွယ်တုန်းက ၁၉နှစ်အရွယ် သူမရဲ့ အစ်ကိုဝမ်းကွဲရဲ့ အဓမ္မကျင့် ခြင်းကို ခံခဲ့ရပြီး အကြိမ်ပေါင်းများစွာ လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်ခြင်း (ှsex abuse) ကို ခံခဲ့ရပါတယ်။ အဲဒီနောက်သူမဟာ အစာစားမူမမှန် ရောဂါကို ရရှိခဲ့ပါတယ်။ အစာစား ပြီးတဲ့နောက်မှာ လုံခြုံစိတ်ချသွားသလို ခံစားရပြီး အစားအစာက သူမကို သက်သောင့်သက်သာဖြစ်တဲ့ ခံစားမှု ကိုပေးခဲ့ပါတယ်လို့သူမကပြောခဲ့ပါတယ်။
ကားရင်းကာပင်တာ
(Karen Carpenter) ကာရင်းကာပင်တာဟာ ပိုပြီး စွဲဆောင်မှုရှိလိုတဲ့အတွက်ကိုယ်အလေး ချိန်လျှော့ချရာမှာ ရေကလွဲပြီး ဘာမှ မစားတဲ့နည်းကို သုံးခဲ့ပါတယ်။ ဗညသမနထငေ ရောဂါကြောင့် နှလုံးခုန် ရပ်ကာ သေဆုံးသွားခဲ့ပြီး သေဆုံး ချိန်မှာ ကိုယ်အလေးချိန်ပေါင် ၈၀ ဖြစ်ပါတယ်။
ခိုင်မွန်ကျော်

Print Friendly and PDFPrintPrint Friendly and PDFPDF

0 comments:

Post a Comment

သတင်း၊ ဆောင်းပါး ၊တိုင်ကြားစာ ၊ နည်းပညာ ၊ တရားဟောချက် etc မည်သူမဆို လွှတ်လပ်စွာရေးသား ပေးပို့နိုင်ပါသည်။

သင်၏ဝေဖန်အကြံပြုစာသည် ကျတော်တို့အတွက် နောက်တဖန်ရေးသားဖို့ရန်အတွက် အားဆေးဖြစ်စေလိုပါသည်။ အချိန်ယူကာ ဝင်ရောက်ဖတ်ရှုခြင်းအတွက် အထူးကျေးဇူးတင်ပါသည်။

ခင်မင်လေးစားစွာဖြင့်- Admins
Email - simonkamta@thespiritfruit.com

Zawgyi Converter

Note - If you don't install zawgyi myanmar font in your computer, can be use this zawgyi converter

ရှာလို့လွယ်အောင် အသစ်တင်သမျှ ခေါင်းစဉ် ( 70 )