22 The fruit of the Spirit is love, joy, peace, forbearance, kindness, goodness, faithfulness, 23 gentleness and self-control. Against such things there is no law. ( Galatians 5:22-23 )  

Thursday, November 3, 2011

လူသား ကျန်းမာရေး အတွက် မရှိမဖြစ် လိုအပ်သော ဟိုမုန်း

ဟိုမုန်းသည် လူသားများအ တွက်မရှိမဖြစ် လိုအပ်သော ကိုယ်ခန္ဓာအတွင်း စစ်ထုတ်ရည် တစ်မျိုး ဖြစ်သည်။ အချိန်အပိုင်း အခြားတစ် ခုအတွင်း ၄င်း၏ ထုတ်လုပ်မူ ကျ ဆင်းသွား တတ်ပြီး ၄င်းကို အလိုအလျောက် ပြန်လည် ဖြည့်တင်းပေးနိုင်ပါသည်။ လူတစ်ဦးတစ်ယောက်၏ ခန္ဓာကိုယ် ဟိုမုန်းကို စနစ်တကျဂရုစိုက် သူသည်ဟိုမုန်း အပြောင်းအလဲကြောင့် ဖြစ်ပွားတတ်သည့် ကျန်းမာရေး ထိခိုက်မူကို စနစ်တကျ ပြုပြင်နိုင် ပေသည်။ ဆရာဝန်များ အဓိက အမြဲစောင့်ကြည့်တတ်သည့် ဟိုမုန်း များမှာ အင်ဆူလင်နှင့် သိုင်းရွိုက် ဂလင်းမှ စစ်ထုတ်သောဟိုမုန်း တို့ ဖြစ်ကြသည်။ ၄င်းကို ကိုယ်ခန္ဓာ၏ မူလအစ ဟိုမုန်းဟုလည်းခေါ်ဝေါ် ထားသည်။ ၄င်းမှတစ်ဆင့် ဒုတိယ အဆင့် ပြောင်းလဲလာသော ဟိုမုန်း မှာ အမျိုးသမီးများ၏ တက်ခရိုရုန်း ဟိုမုန်း ဖြစ်သည်။ ၄င်းမှာအမျိုးသမီး၊ အမျိုးသားများအတွက် အထူးပင် ရေးပါလှသည်။ ၄င်းဟိုမုန်းဓာတ်ရရှိမှု အဆင့် နိမ့်နေသူများမှာ စိတ်ကျ ရောဂါဖြစ်ခြင်းအပြင် နှလုံးရောဂါ ဖြစ်ပွားတတ်ကြသည်။
ဟိုမုန်းဓာတ် ချွတ်ယွင်းသူများသည် ရေတွက် မရနိုင် လောက်သော နေထိုင်မကောင်း မှုများစွာ ကိုယ်တွင်း ဝင်ရောက်လာ တတ်သည်။ မှတ်ဥာဏ်အားနည်း လာခြင်း၊ လိင်စိတ်လျော့ကျခြင်း၊ ကြောက်စိတ်၊ အားငယ် စိတ်ဖြစ် ခြင်း၊ စွမ်းအင် လျော့ကျခြင်းအပြင် ညနေပိုင်းတွင် နွမ်းလျနေတတ်သည်။ ထိုအပြင် အမျိုးသမီးများတွင် အီစတြိုဂျင် ဟိုမုန်းမှာလည်း ပို၍ အရေးပါလှသည်။ ၄င်းကြောင့် ရုပ် ပိုင်းဆိုင်ရာ၊ စိတ်ပိုင်းဆိုင်ရာနှင့် ကိုယ်ခန္ဓာ၏ ဇီဝကမ္မဆိုင်ရာ အတွက် အထူးပင်အရေး ပါလှသော ဟိုမုန်း ဖြစ်သည်။ အထူးပင် သတိထားလာရသည့် သွေးတိုး၊ ဆီချိုရောဂါသည် များအား ကုသနိုင်မှုအတွက် ဟိုမုန်း အဆင့်နည်းသွားလျှင်လည်း ရောဂါ ပို၍ ဆိုးရွားသည့်အဆင့်အထိ ဖြစ် နိုင်ပေသည်။ ထို့ကြောင့် ဟိုမုန်း ဓာတ်တည်ရှိမှုအဆင့်ကို အမြဲပင် စစ်ဆေးကြရန် ဆရာဝန်များက ညွှန် ကြားခဲ့ကြ သည်။ KLMA
Print Friendly and PDFPrintPrint Friendly and PDFPDF

0 comments:

Post a Comment

သတင်း၊ ဆောင်းပါး ၊တိုင်ကြားစာ ၊ နည်းပညာ ၊ တရားဟောချက် etc မည်သူမဆို လွှတ်လပ်စွာရေးသား ပေးပို့နိုင်ပါသည်။

သင်၏ဝေဖန်အကြံပြုစာသည် ကျတော်တို့အတွက် နောက်တဖန်ရေးသားဖို့ရန်အတွက် အားဆေးဖြစ်စေလိုပါသည်။ အချိန်ယူကာ ဝင်ရောက်ဖတ်ရှုခြင်းအတွက် အထူးကျေးဇူးတင်ပါသည်။

ခင်မင်လေးစားစွာဖြင့်- Admins
Email - simonkamta@thespiritfruit.com

Zawgyi Converter

Note - If you don't install zawgyi myanmar font in your computer, can be use this zawgyi converter

ရှာလို့လွယ်အောင် အသစ်တင်သမျှ ခေါင်းစဉ် ( 70 )