22 The fruit of the Spirit is love, joy, peace, forbearance, kindness, goodness, faithfulness, 23 gentleness and self-control. Against such things there is no law. ( Galatians 5:22-23 )  

Saturday, December 10, 2011

ငါတို့သည်အချင်းချင်းချစ်ကြကုန်အံ

ရွှေကျမ်းချက်။      ။ “သင့်တို့သည်အချင်းချင်းတစ်ယောက်ကိုချစ်ကြလော့၊ငါသည်သင်တို့ကိုချစ်သည်နည်းတူ
အချင်းချင်းချစ်ကြလော့ဟု ပညတ်သစ်ကိုငါပေး၏” (ယော၊၁၃း၃၄)
            ငါတို့သည်အဘယ်ကြောင့်အချင်းချင်းချစ်ကြဖို့လိုအပ်ကြောင်းကို(၁ယော၊၄း၇-၂၁)ကိုအဓိကထား၍
ဖော်ပြသွားပါမည်။
(၁) ချစ်ခြင်းသည် ဘုရားသခင်နှင့်ဆိုင်သောကြောင့်(အခန်းငယ် -၇)
(၂) ငါတို့သည်ဘုရားသားသမီးများဖြစ်ကြသောကြောင့်(၇း၅၊၁-၂)
(၃) ငါတို့သည် ဘုရားကိုသိသောသူများဖြစ်ကြသောကြောင့်(၇-၈)
(၄) ဘုရားသခင်သည် ချစ်ခြင်းမေတ္တာဖြစ်သောကြောင့်(၈၊၁၆)
(၅) ဘုရားသခင်သည် ငါတို့ကိုချစ်ကြောင်းဖော်ပြသောကြောင့်(၉)
(၆)  သားတော်ကိုပင်လောကသို့စေလွှတ်တော်မူသောမေတ္တာကြောင့်(၉၊၁၀၊ယော၊၃း၁၆)
(၇) ဘုရားသခင်သည်ငါတို့ကိုရှေးဦးစွာချစ်တော်မူသောမေတ္တာတော်ကြောင့်(၉-၁၀)
(၈) ငါတို့၏အပြစ်ကိုပင်လွှတ်ပေးသောကြောင့်(၉၊၁၀၊ ၁၄)
(၉) အချင်းချင်းချစ်ကိုချစ်ရမည်မှာ ကျွန်ုပ်တို့၏တာဝန်ဖြစ်သောကြောင့်(၁၁)
(၁၀) ငါတို့ကိုအပြစ်ရှိစဉ်ပင် ချစ်တော်မူသောကြောင့်(၁၁၊ရောမ၊၅း၆-၁၀)
(၁၁) ချစ်ခြင်းမေတ္တာရှိတော်မူသောဘုရားသည်ငါတို့၌တည်နေသောကြောင့်(၁၂၊ရော၊၅း၅)
(၁၂) ဘုရား၏ချစ်ခြင်းမေတ္တာနှင့်ပြည့်စုံနေကြသောကြောင့်(၁၂)
(၁၃) ဘုရားသခင်၏၀ိညာဉ်တော်သည်ငါတို့၌တည်နေသောကြောင့်(၁၃၊ရော၊၅း၅)
(၁၄) ဘုရားသခင်၏ချစ်ခြင်းမေတ္တာကို ယုံကြည်သူများဖြစ်သောကြောင့်(၁၆)
(၁၅) ဘုရားသခင်၌တည်နေသောသူများ ဖြစ်သောကြောင့်(၁၇)
(၁၆) ဘုရားသခင်နှင့်တူကြသောကြောင့်(၁၇)
(၁၇) ဘုရားသခင်ကိုချစ်ကြောင်းသက်သောပြရန်ဖြစ်သောကြောင့်(၂၀)
(၁၈) ခရစ်တော်၏အမိန့်တော်ဖြစ်သည်။(၂၁၊၅း၂၊ယော၊၁၃း၃၄)
(၁၉) အချင်းချင်းချစ်ခြင်းသည်ဘုရားသားသမီးများ၏သဘာဝဖြစ်သည်(၅း၁-၂)
(၂၀) ဘုရား၏တပည့်တော်များဖြစ်ကြောင်းသက်သေပြရန်ဖြစ်သည်။(ယော၊၁၂း၃၅)
”မေတ္တာသည်စိတ်ရှသည်တတ်၏။ကျေးဇူးပြုတတ်၏။မေတ္တာသည်ဂုဏ်ပြိုင်ခြင်းမရှိ၊၀ါကြွားခြင်းမရှိ၊မာန်မာနမရှိ။
မလျောက်ပတ်စွာ မကျင့်တတ်၊ကိုယ်အကျိုးကိုမရှာတတ်၊ဒေါသအမျက်မထွက်တတ်၊အပြစ်ရှိသည်ဟုမထင်တတ်၊
မတရားသောအမူ၌၀မ်းမြောက်ခြင်းမရှိတတ်၊သမ္မာတရား၌၀မ်းမြောက်တတ်၏။ခပ်သိမ်းသောအရာကိုဖုံးအုပ်တတ်၏။
ခပ်သိမ်းသောအရာကိုယုံတတ်၏။ခပ်သိမ်းသောအရာကိုမျှော်လင့်တတ်၏။ခပ်သိမ်းသောအရာကိုသည်းခံတတ်၏။
မေတ္တာသည်ဖောက်ပြန်ခြင်းသဘောနှင့်အစဉ်ကင်းလွတ်တတ်၏။ ပရောဖက်ဥာဏ်သော်လည်းကောင်း၊အမျိုးမျိုးသော
ဘာသာစကားကိုပြောနိုင်သောအခွင့်သော်လည်းကောင်း၊သိပ္ပံအတတ်သော်လည်းကောင်း၊ကွယ်ပျောက်လိမ့်မည်။”
(ကော၊၁၃း၎-၈)  မေတ္တာရှိကြောင်းကိုမည်ကဲ့သို့ဖော်ပြရမည်။(၁ကော၊၁၃း၎-၈)ဖတ်ရှုဆင်ခြင်နှလုံးသွင်းကြပါစို့လား။
Print Friendly and PDFPrintPrint Friendly and PDFPDF

0 comments:

Post a Comment

သတင်း၊ ဆောင်းပါး ၊တိုင်ကြားစာ ၊ နည်းပညာ ၊ တရားဟောချက် etc မည်သူမဆို လွှတ်လပ်စွာရေးသား ပေးပို့နိုင်ပါသည်။

သင်၏ဝေဖန်အကြံပြုစာသည် ကျတော်တို့အတွက် နောက်တဖန်ရေးသားဖို့ရန်အတွက် အားဆေးဖြစ်စေလိုပါသည်။ အချိန်ယူကာ ဝင်ရောက်ဖတ်ရှုခြင်းအတွက် အထူးကျေးဇူးတင်ပါသည်။

ခင်မင်လေးစားစွာဖြင့်- Admins
Email - simonkamta@thespiritfruit.com

Zawgyi Converter

Note - If you don't install zawgyi myanmar font in your computer, can be use this zawgyi converter

ရှာလို့လွယ်အောင် အသစ်တင်သမျှ ခေါင်းစဉ် ( 70 )