Popular News
မိခင်နို့အစား ချိုလိမ်စို့တတ်သည့် ကလေးငယ်များ နားအတွင်းသို့ ရောဂါပိုး ကူးစက်ဝင်ရောက်မှု ဖြစ်စေနိုင်သဖြင့် ရှောင်ရှား သင့်ကြောင်း ကလေးအထူးကု ဆရာဝန် ဒေါက်တာလှမျိုးက ပြောသည်။ နို့ဘူးတို့၊ ချိုလိမ်တို့ကို မိခင် တွေက ကလေးငြိမ်အောင်ဆိုပြီး ပါးစပ်ထဲထည့်ပေးကြတာ များ တယ်။ ဒီတော့ ဗက်တီးရီးယားရော ဂါပိုးက နှာခေါင်းအတွင်းကနေ နား အလယ်ပိုင်းကိုရောက်ပြီး နားအ လယ်ပိုင်းရောင်ရမ်းခြင်း ဝေဒနာကို ခံစားရတော့တာပဲဟု ၄င်းကပြော သည်။
ချိုလိမ်စို့သည့် ကလေးများ သည် အခြားသောကလေးငယ်များ နှင့်နှိုင်းယှဉ်ပါက နားတွင်ရောဂါပိုး ထပ်တလဲလဲကူးစက် ဝင်ရောက်ခြင်း ဝေဒနာခံစားရရန် ၉၀ ရာခိုင်နှုန်း များပြားလာနိုင်ကြောင်း ၄င်းဆရာဝန် ထံမှ သိရသည်။ ကလေးငယ်တွေမှာ ဒီလို နားအလယ်ပိုင်းရောင်ရမ်းတဲ့ ဝေဒ နာခံစားရတဲ့အခါမှာလည်း ပဋိဇီဝ ဆေးတွေကို တိုက်ဖို့လည်း မလို အပ်ပါဘူး။ ရက်အနည်းငယ်အတွင်း မှာပဲ သူ့အလိုအလျောက် ပြန်ကောင်း သွားနိုင်ပါတယ်။ အရမ်းနုနယ်တဲ့ ဒီအရွယ်လေးတွေကို ဖြစ်နိုင်ရင် ဘယ်ဆေးမှမတိုက်ရအောင် စောင့် ရှောက်နိုင်ရင် အကောင်းဆုံးပါပဲဟု အထက်ပါဆရာဝန်က ပြောကြား သည်။
WHO ၏လေ့လာချက်အရ အသက် ၄ နှစ်အောက်ကလေး ငယ် ၄၇၆ ဦးအား သုတေသနပြုရာ တွင် ၂၁၆ ဦးသည် ချိုလိမ်စို့တတ် သော အလေ့အကျင့်ရှိကြောင်း သိရ သည်။ ဒီကလေးငယ်တွေက အရမ်းနု တယ်။ ရောဂါတစ်ခုခုခံစားရရင် လည်း ပြောပြနိုင်တဲ့အရွယ်လေး တွေမဟုတ်တဲ့အတွက် မိဘတွေ အနေနဲ့ ကလေးတွေကိုချိုလိမ်စို့တဲ့ အလေ့အကျင့်ကနေ ရှောင်ရှားသင့် တယ်။ ဒီအကြောင်းအရာမျိုးက လူ တွေတော်တော်များများ သိဖို့လို တယ်။ သိအောင်နောက်ပိုင်းမှာ ဟောပြောပွဲလေးတွေနဲ့ အသိပေးချင် ပါသေးတယ်ဟု ကလေးအထူးကု ဆရာဝန်ဒေါက်တာလှမျိုးက ပြော ကြားသည်။
8:11 AM
Admin
Posted in: 

0 comments:
Post a Comment
သတင်း၊ ဆောင်းပါး ၊တိုင်ကြားစာ ၊ နည်းပညာ ၊ တရားဟောချက် etc မည်သူမဆို လွှတ်လပ်စွာရေးသား ပေးပို့နိုင်ပါသည်။
သင်၏ဝေဖန်အကြံပြုစာသည် ကျတော်တို့အတွက် နောက်တဖန်ရေးသားဖို့ရန်အတွက် အားဆေးဖြစ်စေလိုပါသည်။ အချိန်ယူကာ ဝင်ရောက်ဖတ်ရှုခြင်းအတွက် အထူးကျေးဇူးတင်ပါသည်။
ခင်မင်လေးစားစွာဖြင့်- Admins
Email - simonkamta@thespiritfruit.com