22 The fruit of the Spirit is love, joy, peace, forbearance, kindness, goodness, faithfulness, 23 gentleness and self-control. Against such things there is no law. ( Galatians 5:22-23 )  

Monday, December 12, 2011

ဆီးချို ရောဂါရှင်များ လိုက်နာ ရန် အချက် (၇) ချက်


ဆီးချို ရောဂါရှင် များ ပိုမို ကောင်းမွန်သော အခြေ အနေရရှိ ရန် အတွက် လိုက်နာ ရန် အချက်၇ချက်
၁။ GI ညွှန်းကိန်း နိမ့်ကျစွာပါဝင် သော အစာများ (low- Glycaemic Index) ကိုစားရန်။ GI ညွှန်းကိန်း နိမ့်ကျစွာ ပါဝင်သော အစား များမှာ တုန့်ပြန် မှုနှေးကွေးပြီး သင် ၏ သွေးတွင်းဂလူးကို့(စ်) ပမာဏကို ထိန်းထားနိုင်ပါမည်။
၂။ သင်စားသောအစာများတွင် ဂျုံ နှင့်ကောက်နှံစပါးအတွက် အစာများကို ဦးစားပေးစားရန်။ ဂျုံနှင့်ကောက်နှံစပါးထွက်အစားများ ကိုစားခြင်းဖြင့် နှလုံးရော၈ါနှင့်ဆီးချိုရော ဂါများကို ကာကွယ်ပေးနိုင်သည်ဟုဆိုထား ပါသည်။ ဆီးချိုရော၈ါရှင်များအတွက် သွေးတွင်းဂလူးကို့စ်ပမာဏိကို ထိန်း ထားနိုင်ပါသည်.
၃။ နေ့စဉ် သစ်သီး(fruits) ၂ ကြိမ် ဟင်းသီးဟင်းရွက် ၅ ကြိမ်စားရန် အသီးနှင့်ဟင်းသီးဟင်းရွက်များ၌ ကစီဓာတ် (ကာဗိုဟိုက်ဒြိတ်) အနည်း ငယ်သာပါဝင်ပြီး ဗိုက်တာမင်များ၊ သတ္တု ဓာတ်များ၊ အမျှင်ဓာတ်ဖိုင်ဘာများနှင့် ကျန်းမာရေးအတွက်အထူးကောင်းမွန် သောဓာတုဒြပ်စင်များပါဝင်နေပါသည်။ ကာဘိုဟိုက်ဒြိတ်ပြည့်ဝစွာပါဝင်သော စား ပွဲများတွင် သစ်သီးဝလံ၊ ဟင်းသီးဟင်း ရွက်များဖြည့်စွက်ထည့်သွင်းစားသုံးစေခြင်း ဖြင့် သင်၏ သွေးတွင်းဂလူးကို့(စ်)ကို ထိန်းနိုင်ပါလိမ့်မည်။
၎။ အစာစားတိုင်း ပရိုတိန်းဓာတ် ပါဝင်ပါစေ။ ပရိုတိန်းဓာတ်က အစားအသောက် တွေရဲ့ GI (Glycaemic-lndex) ကို လျော့ကျစေပြီး ဆာလောင်မှုကို ထိမ်း ထားနိုင်ပါတယ်။ ကိုယ်အလေးချိန်ကျ ဆင်းမှုကိုလည်း အထောက်အကူပြုပါ တယ်။
၅။ ကောင်းသောအဆ(good fats) များကိုများများစားပါ။ ဆိုးသော (သို့မဟုတ်) ပြည့်ဝအဆီ မျာက သင့်ဂလူးကို့စ် ပမာဏကို အနှောက်အယှက်ဖြစ်စေပါတယ်။ ကောင်းသောအဆီ (သို့) မပြည့်ဝဆီများက သွေးတွင်းသကြားဓာတ်ကို ထိန်းထားရာ၌ အထောက်အကူပြုပြီး အစာများ၏ GI ညွှန်းကိန်းကို လျော့ကျစေနိုင်ပါတယ်။
၆။ နည်းနည်းစားပါ ကယ်လိုရီပမာဏကိုလျော့စားရန် လိုပြီး အင်ဆူလင်ဟော်မုန်း၏ သတ္တိကို အံတုမှုအားလျော့ကျစေ၏။ ထို့အပြင် ကိုယ်ကာယလေ့ကျင့်ခန်းများပြုလုပ်၍ ကိုယ်အလေးချိန်ကိုလျော့ချပါ။
၇။ သင်၏အစာများ၌ အက်ဆစ် ဓာတ်ပါသောအစာများဖြည့်စွက်ရန်။ ခေနအငခ ခေငိ အက်ဆစ်တစ်-အက်ဆစ်ပါ ဝင်သော ချဉ်သည့်အသီးများစားရန် ဥပမာ-လိမ္မော်ရည်ချည်းသက်သက် သောက်လျှင် ဂလူးကို့စ် ပမာဏတက် တတ်၍ ပန်းသီးရှာလကာရည် လက် ဖက်ရည်ဇွန်းတစ်ဇွန်းနှင့်သကြားအတု အနည်းငယ်ထည့်၍ သောက်ပါက အစားစားပြီး သွေးတွင်းဂလူးကို့(စ်) ပမာဏ ၅၀ ရာခိုင်နှုန်းခန့်အထိပင် ကျ ဆင်းသွားကြောင်းတွေ့ရှိရ၏။ ထို့အပြင် ရှာလကာရည်ကို ကြက် သားဟင်း ထမင်းတို့နှင့်တွဲစားပါက သွေး တွင်းဂလူးကို့စ်ပမာဏ ၅၀ ရာခိုင်နှုန်းအ ထိကျဆင်းသွား၏။ စားပွဲတင်သုံးသကြား များနှင့် နို့များအတွင်းရှိ ပါဝင်သော သကြားအမျိုးအစားများ၏ ဓာတုဖွဲ့စည်းမှု ကို ဖြိုခွင်းပေးသော အင်ဇိုင်းများ၏ အစွမ်း သတ္တိကို ရှာလကာရည်က အနှောက်အ ယှက်ပေးခြင်းဖြင့် သွေးတွင်းဂလူးကို့စ် ပမာဏကို လျော့ကျစေပါသည်။ တစ်ဖန်အသီးများ၌ ပါဝင်သော acetic acid က အစာများကို အစာအိမ် ထဲ၌ ပိုမိုကြာအောင်နေစေပြီး အစာခြေနိုင် မှုအားနှေးကွေးစေပါသည်။ ထို့အပြင် acetic acid က သွေးတွင်းမှ ဂလူးကို့စ် များ ရွေ့လျားကာြွကက်သားဆဲလ်များအ တွင်းကိန်းအောင်းသိုမှီးနေမှုနှုန်းအား မြန် ဆန်စေပါသည်။ ထို့ကြောင့် ရှာလကာ ရည်အားသစ်သီးအသုပ် (salads) များနှင့် အစားအသောက်များထဲထည့်စားသင့်ပါ သည်။ သံပုရာရည်ကလည်း သွေးတွင်းဂလူး ကို့စ်အားထိန်းထားရာ၌ အထောက်အကူ ပြု၏ ဂျပန်ဆိုင်များမှ Oshinko ခေါ် ဟင်းသီးဟင်းရွက်သနပ်၊ ခရမ်းချဉ်သီး၊ မုန်လာဥနီ၊ ဂေါ်ဖီစိမ်း၊ ပန်းဂေါ်ဖီစသည် တို့ပါဝင်သော ဟင်းသီးဟင်းရွက်သနပ် များ၊ လတ်ဆတ်သော grapefruit ဝိုင်နီ (ယောကျာ်းဝိုင်နီ ၂ခွက်၊ အမျိုးသမီး တစ်ခွက်စီသောက်ရန်) သောက်ပါက သွေးတွင်းအင်ဆူလင်ပမာဏကိုလျော့ချ စေပြီး ဆီးချိုရောဂါဖြစ်ပွားမှုကို နည်းစေ ၏။ High G.I GI (Gylycaemic Index မြင့်မားစွာပါဝင်သောအစားအစာအချို့ နူးညံ့၍ဖြူသောပေါင်မုန့် ကိတ်၊ ဝေဖာနှင့်အချို့ဓာတ်ပါဝင် သောမုန့်များ အာလူးကျော်၊ ခရက်ကာ(Crackers) မုန့်များ၊ အာလူး၊ ဆန်၊ ဏေ်အေ နှင့် ခေါက်ဆွဲများ သကြား၊ သကြားထုပ် weeteners ပျားရည်စသည် Low GI (GI နိမ့်ကျစွာပါဝင်သော အစားအစာများ) ထူ၍ညိုသောပေါင်မုန့်များ အချိုမပါ သစ်သီးဖြင့်ပြုလုပ်ထား သောဒိန်ချဉ်(light Fruit yoghurt အဆံများ) လတ်ဆတ်သော သပြစ်သီး၊ ဘယ်ရီသီးများ၊ ကန်စွန်းဥနှင့် ပြောင်းဖူး စေ့များရောစားရန် basmati ဆန် (ဒန်ပေါက်ဆန်) ပန်းဂျုံခေါက်ဆွဲ။
Print Friendly and PDFPrintPrint Friendly and PDFPDF

0 comments:

Post a Comment

သတင်း၊ ဆောင်းပါး ၊တိုင်ကြားစာ ၊ နည်းပညာ ၊ တရားဟောချက် etc မည်သူမဆို လွှတ်လပ်စွာရေးသား ပေးပို့နိုင်ပါသည်။

သင်၏ဝေဖန်အကြံပြုစာသည် ကျတော်တို့အတွက် နောက်တဖန်ရေးသားဖို့ရန်အတွက် အားဆေးဖြစ်စေလိုပါသည်။ အချိန်ယူကာ ဝင်ရောက်ဖတ်ရှုခြင်းအတွက် အထူးကျေးဇူးတင်ပါသည်။

ခင်မင်လေးစားစွာဖြင့်- Admins
Email - simonkamta@thespiritfruit.com

Zawgyi Converter

Note - If you don't install zawgyi myanmar font in your computer, can be use this zawgyi converter

ရှာလို့လွယ်အောင် အသစ်တင်သမျှ ခေါင်းစဉ် ( 70 )