22 The fruit of the Spirit is love, joy, peace, forbearance, kindness, goodness, faithfulness, 23 gentleness and self-control. Against such things there is no law. ( Galatians 5:22-23 )  

Monday, December 12, 2011

ကလေး တို့ အကြောင်း သိကောင်း စရာ (၂)


news
ကလေး ငယ်များ ၏ ဖွံ့ဖြိုး တိုးတက် မှုများ သည် မျိုးရိုး  ဗီဇပေါ်တွင် အဓိက အခြေခံ သော်လည်း ပတ်ဝန်း ကျင်၏ လှုံ့ ဆော်မှုများ တွင်လည်း မူတည် နေကြောင်း တွေ့ရှိ ရသည်။ ဥပမာ ကလေး ငယ် တစ်ဦး ဘယ်သန် (သို့) ညာသန် ဖြစ်စေရန် ငယ် စဉ်ကာ လအရုပ် များကို လက်လှမ်းတက် စဉ်ကတည်းက ကျင့်ပေးနိုင်သည်။ ပစ္စည်း များကို လက်နှစ်ဖက်နှင့် (သို့မဟုတ်) ညာလက်နှင့် ယူပါစေ။ ဘယ်လက်နှင့် ယူလျှင် ရှောင်၍ ညာလက်ထဲသို့ထည့်ပေး ပါ။ ဤသို့ဆိုလျှင် ထိုကလေးသည် ညာ သန်ဖြစ်လာပေမည်။ သို့ရာတွင် အထူး တလည် ကျင့်ပေးစရာမလိုဘဲ အသက် (၁) နှစ်အောက်အရွယ်တွင် သူ့ဘာသာ လက်တစ်ဖက်ကိုသာ အသုံးပြုနေပါက ဦးနှောက်နှင့် အာရုံကြောထိခိုက်မိခြင်း ကြောင့် အခြားတစ်ဖက် မသန်ခြင်းဖြစ် နိုင်သည်။
ကလေးတို့နေရာ
ကလေးငယ်သည် လသားအရွယ်မှ စ၍ ပတ်ဝန်းကျင်ကို စူးစမ်းလေ့လာကြ သည်။ သယ်ယူကြသည်။ မှတ်သားကြ သည်။ ထို့ကြောင့်ကလေး၏ အိပ်ရာနှင့် ကလေးမြင်သာသောနေရာများတါင် အရောင်တောက်သော၊ အရောင်စုံသော၊ လေတိုက်လျှင် လှုပ်သောပစ္စည်းများကို ချိတ်ဆွဲထားပေးပါ။ ကလေးလက်လှမ်းမှီ နိုင်သော နေရာတွင် ဂျောက်ဂျက်ကလေး များကို ချိတ်ထားပေးပါ။ ကလေးအား ဖိနှိပ်လျှင် အသံထွက်သော ရာဘာရုပ် ကလေးများပေးထားပါ။ မျက်နှာကျက် တွင်လည်း ရောင်စုံစက္ကူရုပ်များ ချိတ်ဆွဲ ထားပေးပါ။ ဤကဲ့သို့ ပြုလုပ်ပေးခြင်းဖြင့် ကလေးငယ်၏ ပတ်ဝန်းကျင်စိတ်ဝင်စား မှုကို တိုးတက်စေ၍ ခေါင်းလှည့်ခြင်း၊ လက်လှမ်းခြင်း၊ ဆုပ်ခြင်း၊ ညှစ်ခြင်းစသည် ဖွံ့ဖြိုးမှုများကို မြန်ဆန်စေသည်။ ပုံမှန် ပတ်ဝန်းကျင်တွင် ကိုယ်ကာယလှုပ်ရှား မှုကို သုံးလခန့်မှတတ်ကြ၍ ဖန်တီးပေး ထားသော ပတ်ဝန်းကျင်တွင်မူ တစ်လ ခန့် ကျော်ကျော်နှင့် တတ်မြောက်ကြ ကြောင်းတွေ့ရှိရသည်။
မြင်ကွင်းပြောင်းပေးခြင်း
ကလေး၏ အနေအထားကို မကြာ ခဏပြောင်းပေးပါ။ သို့မှသာ သူ၏ မြင် ကွင်းအမျိုးမျိုး ပြောင်းလာမည်ဖြစ်သည်။ ကလေးကို ချီပိုး၍ တစ်ခန်းမှ တစ်ခန်း သို့သယ်သွားပေးပါ။ ပြတင်းပေါက်မှနေ ၍ အပြင်ပတ်ဝန်းကျင်ကို မြင်နိုင်အောင် ပြသပါ။ လူကြီးများ ဖီးဖိုချောင်တွင် အလုပ် လုပ်ချက်ပြုတ်နေချိန်၌ပင် ကလေးအား ထိခိုက်မှု မရှိနိုင်သော နေရာတွင်ထား ၍ မိမိအလုပ်လုပ်နေပုံကို ကြည့်ခွင့်ပြု ပေးပါ။ ခေါင်းနိုင်လာသောအချိန်တွင် ထိုင်ခုံ ကလေးပြုလုပ်၍ ကလေးအားထိုင်ပါစေ။ ထိုင်လိုက်သောအခါ မြင်ကွင်းပိုကျယ် သွားသောကြောင့် ကလေးအတွက် နဂို ပတ်ဝန်းကျင်သည်ပင်လျှင် အသစ်အ ဆန်းဖြစ်သွားပေလိမ့်မည်။ ကလေး၊ လေးဘက်တွားသွားနိုင် သော အရွယ်တွင် လွတ်လပ်စွာ သွားနိုင် ရန် ကြမ်းပြင်အမာတွင် ချပေးပါ။ ထိ ခိုက်နိုင်သော ပစ္စည်းများနှင့် ဝါယာကြိုး များကိုမထိနိုင်၊ မကိုင်နိုင်ဖြစ်အောင် စီ စဉ်ပေးထားပါ။ ကလေးကို သူ့လက်သူ့ ခြေပေါ်တွင်ထောက်၍ ပတ်ဝန်းကျင်ကို ထိတွေ့စူးစမ်းခွင့်ပေးပါ။ ဖြစ်နိုင်လျှင် ကလေး၏ ဒူးဆစ်ကလေးများကို အစွပ် စွပ်ပေးပါ။ ကလေးငယ် သူ့ခြေထောက်ပေါ်တွင် ရပ်နိုင်လာသောအခါ ပုံမှန်မြင်ကွင်းများကို အထက်စီးမှ မြင်ရသဖြင့် စူးစမ်းချင်စိတ် လည်းပိုများလာတော့သည်။ တစ်နှစ်အ ရွယ်တွင် ကလေး၏ ပတ်ဝန်းကျင်ကို တိုးချဲ့ပေးပါ။ လှေကားကိုစနစ်တကျ တက် တတ်ရန် ဆင်းတတ်ရန် ခုံပေါ်၊ ကုတင်ပေါ်သို့ အန္တရာယ်ကင်းကင်း အတက်အဆင်းပြုလုပ်နိုင်ရန် သင်ကြား ပေးပါ။ ရာသီဥတုသာယာသော အချိန် တွင်ကလေးကို ခြံဝင်းထဲ၊ ပန်းခြံထဲသို့ ခေါ်သွား၍ သဘာဝပတ်ဝန်းကျင်ကိုလေ့ လာပါစေ။ အနု၊ အကြမ်း၊အပူ၊ အအေး၊ အနွေးနှင့် ငှက်သံ၊ ကားသံ၊ ပန်းရနံ့များ ကို သိပါစေ။ မြတ်ခင်းပေါ်တွင် ပြေးလွှား ပါစေ။ သစ်ပင်၊ သစ်ရွက်၊ သစ်ခေါက်များ ကို ကိုင်တွယ်ပါစေ။ ပန်းကလေးများကို မွှေးပါစေ။
ကလေးတို့အတွက် အရုပ်
အရောင်စုံသော၊ အရောင်တောက် သော၊ အသံမြည်သော၊ လှုပ်ရှားနိုင်သော အရုပ်ကလေးများသည် ကလေးတို့ အကြိုက်ဖြစ်သည်။ ကလေးတို့သည် ပစ္စည်းအမျိုးမျိုးကို ကိုင်ကြည့်၊ ထိကြည့် လှုပ်ရမ်းကြည့်မည်။ အရသာခံ၍ ပစ် ပေါက်ကြည့်မည်။ ဤသည်မှာ စူးစမ်းနေ ခြင်းဖြစ်သည်။ ထို့ကြောင် ကလေးမျိုချ နိုင်လောက်အောင်သေးသောအရုပ်များ၊ ထိ ခိုက်စူးရှနိုင်သော အရုပ်များကိုမပေးပါနှင့်။ ဖွံ့ဖြိုးမှုကို အထောက်အကူပြုမည့် တုံး ဆက်ခြင်း၊ အဆောက်အဦးဆောက်ခြင်း၊ တူရာရွေးခြင်းစသည်တို့ကို အရွယ်အ လိုက်ဆော့ပါစေ။ ရေနှင့်ကစားခြင်းကို ကလေးတို့အလွန်နှစ်သက်သောကြောင့် ရေမြှုပ်နှင့်ပြုလုပ်ထားသော ကစားစရာ များကို ဖျစ်ညှစ်ဆုပ်ကိုင်ပါစေ။ စက္ကူ လှေ၊ ပလတ်စတစ်လှေ၊ ရေပေါ်ပေါ်သော ရာဘာရုပ်ကလေးများကို ရေထဲလွှတ်၍ ဆော့ပါစေ။
စကားပြောခြင်း
ကလေးတို့သည် ၄ လသားအရွယ် ခန့်၌ပင် ဘာသာစကားနားမလည်သေး သည့်တိုင် အသံအနိမ့်အမြင့်ကို နား ထောင်၍ ချော့မြူခြင်း၊ ဆူပူခြင်းကို သိရှိ ကြသည်။ ကလေးကို စကားအမြဲပြော ပေးပါ။ အရုပ်ပေးလျှင် အစာခွံ့လျှင်၊ နို့ တိုက်လျှင် အဝတ်အစားလဲလှယ်ပေးလျှင် ပင် စကားပြောပါ။ ဤသို့ဖြင့် ကလေး၏ ဘာသာစကားတိုးတက်၍ စကားပြော တတ်မှု မြန်ဆန်စေလိမ့်မည်။ ကလေး(၁၀) လသားခန့်ရောက် လျှင် ကလေးရုပ်ပြ ပုံပြင်စာအုပ်များ၊ ကဗျာကလေးများကို ရွတ်ပြ၊ ဖတ်ပြပါ။ သီးခြားအချိန်၊ တိတ်ဆိတ်ငြိမ်သတ်နေချိန် တွင် အနားခေါ်၍ ပုံပြင်ဖတ်ပြပါ။ ရုပ်ပုံ များပြပါ။ စာရွတ်များကို ကလေးကိုယ် တိုင်လှန်ပါစေ။ အရုပ်များကိုဖွက်၍ ကလေးအား ပြန်ရှာခိုင်းပါ။ မြင်နေကျ၊ ရှိနေကျ နေရာ တွင် အရာဝတ္ထုများအမြဲမရှိနိုင်ကလေး သိလာပါစေ။
ကလေးတို့၏လိုအင်
ကလေးတို့သည် တစ်ဦးတည်း လွတ်လပ်စွာ ကစားနေစဉ် အဖော်လို အပ်သည့်အနေနှင့် အော်တတ်၊ ငိုတတ် သည်။ လူကြီးတစ်ဦးမှ အဖော်ပြုပေးရုံ ပင်ဖြစ်သည်။ တစ်ခါတစ်ရံတွင် ကလေး တို့သည် လှုပ်ရှားမှုတစ်ခုတည်းကို အခါ ခါလုပ်တတ်သည်။ ကလေးငယ်ကို ပေါင် ပေါ်တင်၍ လှုပ်ပေးနေရာမှ ရပ်သွားလျှင် ကလေးက မိမိလှုပ်သကဲ့သို့လိုက်လှုပ်၍ ဆက်လက်လှုပ်ပေးရန်တောင်းဆိုတတ် သည်။ တစ်ခါတစ်ရံတွင် ပစ္စည်းများကို ပစ်ပေါက်၍ လူကြီးအား ပြန်ကောက်စေ ကာလက်ထဲထည့်လျှင်လည်း နောက်တစ် ကြိမ်ပစ်ပေါက်၍ ပြန်ကောက်စေတတ် သည်။ ဤသည်မှာ ပစ်ပေါက်လိုက်သော ပစ္စည်း နံရံကို ထိသံ၊ ကြမ်းပြင်ကို ထိသံ စသည်တို့ကို ကလေးငယ်လေ့လာနေခြင်း ဖြစ်သည်။ ကလေးများသည် နေရာနှင့် အချိန်ဆက်နွယ်မှုကို သဘောပေါက်နား လည်တတ်သည်။ ထို့ကြောင့်ကလေးထိန်း အိမ်ဖော် အခန်းထဲဝင်လာသည်ကိုမြင် လျှင် အော်ငိုတတ်သည်။ မနှစ်သက်၍ ကြောက်လန့်၍မဟုတ် ထိုအချိန်တွင် မိ ဘများအပြင်ထွက်တော့မည်ကို သိသော ကြောင့်ဖြစ်သည်။
ဆက်သွယ်မှု
တစ်နှစ်ခွဲခန့်အရွယ်တွင်ကလေး သည် စကားလုံး ၂၀ ကျော်ခန့်ကို ပြော နိုင်နေမည်။ သို့သော် လူကြီးပြောသည်ကို နားလည်နိုင်စွမ်းရှိမှုမှာများစွာတိုးတက်နေ ပြီဖြစ်သည်။ ကလေးနှင့်စကားအပြန်အ လှန်ပြောပါ။ လသားအရွယ်ဝူးဝူးဝါးဝါးပြော နေလျှင်ပင် ဂရုစိုက်နားထောင်၍ တုံ့ပြန် ပါ။ ကလေးက စကားပြောလျှင်အလေး ထားနားထောင်ပါ။ ရပ်သွားလျှင် မိမိ ဘက်မှ မေးပေးပါ။ ပတ်ဝန်းကျင်နှင့် ပတ်သက်၍ မေးမြန်းလျှင် စိတ်ရှည် လက်ရှည် ရှင်းပြပါ။ အမေးအမြန်းထူစေ ကာမူ ကလေးကို မည်သည့်အခါမျှ ဒေါ သမထွက်ပါနှင့်။ အခြားစိတ်ဝင်စားစရာ အလုပ်ပေး ၍ အာရုံပြောင်းပါ။ ကလေးကိုဘယ်ညာ ခွဲခိုင်းပါ။ မှန်လျှင် ချီးကျူး၍ မှားလျှင် ပြင်ပေးပါ။ ကိုယ်အ၈င်္ါအစိတ်အပိုင်းများကို လက်ထိုးပြခိုင်းပါ။ ပုံပြင်များ၊ ရုပ်ပြများ ကို ပြ၍ ကလေးအားမေးကြည့်ပါ။ သိ သောပုံများဖြစ်၍ ကလေးပြောနိုင်လျှင် ချီးကျူးပါ။ ကလေးများ အလွန်ပျော် ကြသည်။ မဂ္ဂဇင်းအဟောင်းများကို က လေးအားအပိုင်ပေး၍ လူကြီးမပါဘဲ စိတ် ကြိုက်လှန်လှောပြီးအရုပ်ကြည့်ပါစေ။ ကလေးသီချင်း၊ ကလေးကဗျာများ နား ထောင်စေခြင်း၊ လိုက်ဆိုစေခြင်း၊ အဓိ ပ္ပာယ်ရှင်းပြ၍ အမူအရာလုပ်စေခြင်းများ လုပ်ပါစေ။ ကလေး၏ကာယပိုင်းသာမက Óဏ်ရည်ဖွံ့ဖြိုးမှုနှင့် စိတ်ပိုင်းဆိုင်ရာဖွံ့ဖြိုး မှုအတွက်ပါ အရေးပါသည်။
Print Friendly and PDFPrintPrint Friendly and PDFPDF

0 comments:

Post a Comment

သတင်း၊ ဆောင်းပါး ၊တိုင်ကြားစာ ၊ နည်းပညာ ၊ တရားဟောချက် etc မည်သူမဆို လွှတ်လပ်စွာရေးသား ပေးပို့နိုင်ပါသည်။

သင်၏ဝေဖန်အကြံပြုစာသည် ကျတော်တို့အတွက် နောက်တဖန်ရေးသားဖို့ရန်အတွက် အားဆေးဖြစ်စေလိုပါသည်။ အချိန်ယူကာ ဝင်ရောက်ဖတ်ရှုခြင်းအတွက် အထူးကျေးဇူးတင်ပါသည်။

ခင်မင်လေးစားစွာဖြင့်- Admins
Email - simonkamta@thespiritfruit.com

Zawgyi Converter

Note - If you don't install zawgyi myanmar font in your computer, can be use this zawgyi converter

ရှာလို့လွယ်အောင် အသစ်တင်သမျှ ခေါင်းစဉ် ( 70 )