22 The fruit of the Spirit is love, joy, peace, forbearance, kindness, goodness, faithfulness, 23 gentleness and self-control. Against such things there is no law. ( Galatians 5:22-23 )  

Monday, April 30, 2012

အမေရိကန်အခြေစိုက် MFFLA အဖွဲ့မှ အနုပညာသက်တမ်း ၄၀နှစ် နှင့် အထက်ရှိ မြန်မာအနုပညာရှင် တစ်ဦးကို ရွေးချယ်ပြီး တစ်သက်တာ အနုပညာထူးချွန်ဆု ပေးအပ်ရန် စီစဉ်

e7302
NetMAA အဖွဲ့မှပြုလုပ်သော Myanmar Film Festival 2011သို့ တက်ရောက်ခဲ့သည့် အနုပညာရှင်များ
အမေရိကန်နိုင်ငံ အခြေစိုက် အဖွဲ့တစ်ဖွဲ့ဖြစ်သည့် Myanmar Film Festival of Los Angeles (MFFLA) အဖွဲ့မှ မြန်မာနိုင်ငံရှိ အနုပညာသက်တမ်း ၄၀ နှစ်နှင့် အထက် သက်ရှိထင်ရှားရှိနေသည့် အနုပညာရှင်များထဲမှ တစ်သက်တာ အနုပညာထူးချွန်ဆု ရွေးချယ်ပေးအပ်သွားမည်ဟု သိရသည်။
ယခုလက်ရှိတွင် အနုပညာသက်တမ်း နှစ်(၄၀)နှင့်အထက်ရှိ သည့် အနုပညာရှင်ဆယ်ဦးကို ရွေးချယ်ထားပြီး ၎င်းတို့မှာ မင်းသား ကြီးစိုးရွှေ၊ ညွန့်ဝင်း၊ ကြည်စိုး၊ ဇော်ခင်နှင့် မင်းသမီးကြီးများ ဖြစ်ကြသည့် မေလွင်၊ နွဲ့နွဲ့စန်း၊ ခင်ယုမေ၊ မြင့်မြင့်ခင်၊ စံရှားတင်နှင့် မေသဇင်တို့ ဖြစ်ကြသည်။ ထိုသို့ ရွေးချယ်ထားသည့် ဆယ်ဦးကို www.myanmarfilmfest.org တွင် ပရိသတ်၏ မဲပေးမှုဖြင့် မဲအများဆုံး ရရှိသူအား ဆုချီးမြှင့်မည်ဖြစ်သည်။
Myanmar Film Festival of Los Angeles (MFFLA) အဖွဲ့သည် အမေရိကန်အခြေစိုက် The Network of Myanmar American Association (NetMAA) အဖွဲ့၏ အဖွဲ့ခွဲတစ်ခုဖြစ်ကာ ၂၀၀၇ခုနှစ်တွင် စတင်ထူထောင်ခြင်းဖြစ်သည်။ ယင်း အဖွဲ့အနေဖြင့် နှစ်စဉ်မြန်မာနိုင်ငံမှ အနုပညာရှင်များကို အမေရိကန်နိုင်ငံသို့ ဖိတ်ကြားမှုများ ပြုလုပ်ခဲ့ပြီး ယခုတစ်သက်တာ အနုပညာထူးချွန်ဆု ပေးအပ်ခြင်းမှာ ပထမဦးဆုံးအကြိမ်ဖြစ်ကာ ယခုနှစ်မှစတင် ၍ နှစ်စဉ်ပေးအပ်သွားမည်ဖြစ်ကြောင်း သိရသည်။
Print Friendly and PDFPrintPrint Friendly and PDFPDF

0 comments:

Post a Comment

သတင်း၊ ဆောင်းပါး ၊တိုင်ကြားစာ ၊ နည်းပညာ ၊ တရားဟောချက် etc မည်သူမဆို လွှတ်လပ်စွာရေးသား ပေးပို့နိုင်ပါသည်။

သင်၏ဝေဖန်အကြံပြုစာသည် ကျတော်တို့အတွက် နောက်တဖန်ရေးသားဖို့ရန်အတွက် အားဆေးဖြစ်စေလိုပါသည်။ အချိန်ယူကာ ဝင်ရောက်ဖတ်ရှုခြင်းအတွက် အထူးကျေးဇူးတင်ပါသည်။

ခင်မင်လေးစားစွာဖြင့်- Admins
Email - simonkamta@thespiritfruit.com

Zawgyi Converter

Note - If you don't install zawgyi myanmar font in your computer, can be use this zawgyi converter

ရှာလို့လွယ်အောင် အသစ်တင်သမျှ ခေါင်းစဉ် ( 70 )