22 The fruit of the Spirit is love, joy, peace, forbearance, kindness, goodness, faithfulness, 23 gentleness and self-control. Against such things there is no law. ( Galatians 5:22-23 )  

Monday, April 30, 2012

စတုတ်ခ်အား အဝေးကွင်းတွင် သရေသာ ကစား နိုင်ခဲ့သည့် အာဆင်နယ် ~ စတုတ်ခ်စီးတီး ၁ - ၁ အာဆင်နယ်

အာဆင်နယ် အသင်းသည် စတုတ်ခ်စီးတီးအား အဝေးကွင်းတွင် (၁)ဂိုးစီ သရေ ကျခဲ့သည့်နောက် အမှတ်ပေး ဇယား တတိယ နေရာအတွက် အတန်ငယ် စိုးရိမ်စရာ ဖြစ်လာခဲ့သည်။

စတုတ်ခ် အသင်းတွင် ပီတာခရော့ခ်ျ၊ ဂျိုနသန် ဝေါ်လ်တာ၊ မက်သရူး အီသရင်တန်၊ ဒင်းဝှိုက်ဟတ်၊ ဂလင်းဝှီလန်၊ ဂျာမိန်းပန်နန့်၊ မာ့ခ်ဝီလ်ဆင်၊ ရိုင်ယန်ရှောခရော့စ်၊ ရောဘတ်ဟုသ်၊ ရိုင်ယန်ရှက်တန်၊ အက်စ်မာဘီဂိုဗစ်တို့ ပါဝင် ကစားခဲ့သြသည်။ ဘရစ်တနီယာ ကွင်းကြီးသို့ လာရောက်ခဲ့ရသည့် ဧည့်သည် အာဆင်နယ်တွင်မူ ရော်ဘင် ဗန်ပါစီ၊ ယိုဆေး ဘီနာယောင်၊ တိုမက်စ် ရိုဆစ်စကီး၊ ဂါဗင်ဟို၊ အေရွန်ရမ်ဆေး၊ အဲလက်စ်ဆောင်း၊ ကီရန်ဂစ်ဘ်၊ သောမတ်စ် ဗာမေလန်၊ လောရင့် ကိုစီရယ်လ်နီ၊ ဘာကလေ ဆက်ဂ်ညာ၊ ဝေါ့ဆစ်ခ်ျ ဆက်ဇနီတို့ ပွဲထွက်လာကြသည်။
အောင်ပွဲခံနေသည့် ဘီနာယောင်းနှင့် ဗန်ပါစီ

ပွဲအစ (၅)မိနစ်ကတည်းက စတုတ်ခ် တိုက်စစ်မှူး ခရော့ခ်ျ ခေါင်းတိုက်ခွင့် တစ်ကြိမ် ရရှိခဲ့သော်လည်း ဂိုးပေါက်လွဲသွားသည်။ (၆)မိနစ်တွင် ဗန်ပါစီနှင့် ဘီနာယောင်တို့၏ ပူးပေါင်း ထိုးဖောက်မှုကို စတုတ်ခ်ဂိုးသမား ဘီဂိုဗစ် ပိတ်ဆို့နိုင်ခဲ့သည်။ (၈)မိနစ်တွင် ရိုဆစ်စကီး၏ အကောင်းဆုံး ဖြတ်ပို့မှုကို ဗန်ပါစီ ခေါင်းတိုက် ဂိုးသွင်းသော်လည်း ဘီဂိုဗစ်က အထူးလက်စွမ်းပြ ကာကွယ်နိုင်ခဲ့သည်။ (၁၀)မိနစ်တွင် စတုတ်ခ်တို့ ဂိုးစရသွားသည်။ အီသရင်တန် ကန်တင်ပေးသော ဘောလုံးကို ခရော့ခ်ျက ခေါင်းတိုက်ခဲ့ရာ ဆက်ဇနီ မည်သို့မျှ မတတ်နိုင်ဘဲ ဂိုးတိုင်ထောင့်ထဲ ၀င်သွားခြင်းဖြစ်သည်။ သို့သော် နောက်(၅)မိနစ် အကြာတွင် အာဆင်နယ်တို့ ဂိုးပြန်သွင်းသည်။ ရိုဆစ်စကီး ထိုးဖောက်လာပြီး  အသာအယာ ကော်ကန်ပေးလိုက်သော ဘောလုံးသည် ဘီဂိုဗစ်ကိုကျော်ပြီး ဗန်ပါစီထံ ခူးပြီးခပ်ပြီး အနေအထားဖြင့် ကျလာရာ အာဆင်နယ် အသင်းခေါင်းဆောင်က နေရာယူမှန်မှန် ပိတ်သွင်း သွားခဲ့သည်။ ပထမပိုင်း အပြီးတွင် နှစ်ဖက်စလုံး (၁)ဂိုးစီ သရေ ဖြစ်နေခဲ့သည်။

မိနစ်(၅၀)တွင် ဆက်ဂ်နာ ကန်တင်ပေးသော ဘောလုံးကို ဗန်ပါစီ ခေါင်းတိုက်ခွင့် ရခဲ့သော်လည်း ဘီဂိုဗစ် ကာကွယ်ခဲ့ပြန်သည်။ (၇၂)မိနစ်တွင် ဗန်ပါစီ၏ ပြစ်ဒဏ်ဘောမှ စင်ထွက်လာသည့် ဘောလုံးကို ဗာမေလန် ဂိုးသွင်းရန် ကြိုးစားစဉ် စတုတ်ခ် နောက်တန်းက တားဆီးခဲ့သော်လည်း ဒိုင်လူကြီး ခရစ်ဖွိုင်းက ပင်နယ်တီပေးရန် ငြင်းဆန်ခဲ့သည်။ (၇၅)မိနစ်တွင် ဘီနာယောင်အား ၀ှီလန်က နောက်မှတွန်းသည်ကို အာဆင်နယ် ကစားသမားများ ပင်နယ်တီ တောင်းခဲ့သော်လည်း မအောင်မြင်ပြန်ချေ။ (၈၂)မိနစ်တွင် စတုတ်ခ်၏ လူစားဝင် ကစားသမား ကင်မရွန် ဂျရိုမီ၏ အားထုတ်မှုကိုလည်း ဆက်ဇနီ ကာကွယ်ခဲ့ရသည်။ ပွဲပြီးခါနီးတွင် စတုတ်ခ်  အသင်း၏ စုပြုံ တိုက်စစ်ဆင်မှုကို အာဆင်နယ် နောက်ခံလူ ဆောင်းက အကောင်းဆုံး ရှင်းထုတ် နိုင်ခဲ့သည့်နောက် ဒုတိယပိုင်းတွင် နှစ်သင်းလုံး ဂိုးမရဘဲ (၁-၁)ဖြင့်သာ ပွဲပြီးဆုံးခဲ့သည်။
Ref: Eurosport
အီသရင်တန် ကန်တင်ပေးသော ဘောလုံးကို ခရော့ခ်ျက ခေါင်းတိုက်ခဲ့ရာ ဆက်ဇနီ မည်သို့မျှ မတတ်နိုင်ဘဲ ဂိုးတိုင်ထောင့်ထဲ ၀င်သွား...
Print Friendly and PDFPrintPrint Friendly and PDFPDF

0 comments:

Post a Comment

သတင်း၊ ဆောင်းပါး ၊တိုင်ကြားစာ ၊ နည်းပညာ ၊ တရားဟောချက် etc မည်သူမဆို လွှတ်လပ်စွာရေးသား ပေးပို့နိုင်ပါသည်။

သင်၏ဝေဖန်အကြံပြုစာသည် ကျတော်တို့အတွက် နောက်တဖန်ရေးသားဖို့ရန်အတွက် အားဆေးဖြစ်စေလိုပါသည်။ အချိန်ယူကာ ဝင်ရောက်ဖတ်ရှုခြင်းအတွက် အထူးကျေးဇူးတင်ပါသည်။

ခင်မင်လေးစားစွာဖြင့်- Admins
Email - simonkamta@thespiritfruit.com

Zawgyi Converter

Note - If you don't install zawgyi myanmar font in your computer, can be use this zawgyi converter

ရှာလို့လွယ်အောင် အသစ်တင်သမျှ ခေါင်းစဉ် ( 70 )