22 The fruit of the Spirit is love, joy, peace, forbearance, kindness, goodness, faithfulness, 23 gentleness and self-control. Against such things there is no law. ( Galatians 5:22-23 )  

Monday, April 30, 2012

တောရက်စ် Hat-Trick နှင့် အတူ ဂိုးပြတ် အောင်ပွဲခံခဲ့သော ချယ်လ်ဆီး ~ ချယ်လ်ဆီး ၆ - ၁ QPR

ချယ်လ်ဆီး အသင်းသည် QPR အသင်းကို အိမ်ကွင်းတွင် ဖာနန်ဒို တောရက်စ်၏ Hat-Trick အပါအ၀င် ဂိုးဒါဇင်ဝက် သွင်းကာ အပြတ်အသတ် အနိုင် ရရှိ သွားခဲ့သည်။

ချယ်လ်ဆီးတွင် တောရက်စ် အပြင် ဆော်လမန်ကာလူး၊ ဒန်နီရယ်လ် စတားရစ်ဂ်ျ၊ ဖရန့်ခ်လမ်းပတ်၊ မိုက်ကယ် အက်ဆီယန်၊ ဂျူအန်မာတာ၊ အက်ရှ်လေကိုးလ်၊ ဂျွန်တယ်ရီ၊ ဟိုဆေး ဘော့ဆင်ဝါ၊ ပေါ်လိုဖာရဲရားနှင့် ပီတာဆက်ခ်ျတို့ ပါဝင် ကစားခဲ့သည်။ တန်းဆင်းဇုန်တွင် ရုန်းကန်နေရသော QPR အသင်းမှာမူ ဂျီဘရယ်လ်ဆစ်ဆီ၊ ဘော်ဘီဇာမိုရာ၊ ဂျေမီမက်ကေး၊ အေကို့စ် ဘူဇ်ဆာကီ၊ ရှောင်ဒယ်ရီ၊ ဂျိုယေးဘာတန်၊ တေယီတိုင်ဝို၊ ကလင့်ဟေးလ်၊ အန်တန်ဖာဒီနန်၊ နီဒမ် အိုနူဟာ၊ ပက်ထရစ်ကန်နီ တို့ဖြင့် ပွဲထွက် လာခဲ့သည်။
Hat-Trick သွင်းယူပေးခဲ့သည့် တောရက်စ်

ပွဲအစ (၄၆)စက္ကန့်ကတည်းက ချယ်လ်ဆီးတို့ အဖွင့်ဂိုး စရသည်။ စတားရစ်ဂ်ျ ဧရိယာထဲ ဘောလုံးဆွဲယူကာ ဂိုးတိုင်ထောင့်ထဲ လှမ်းကန် သွင်းယူသွားခြင်း ဖြစ်သည်။ (၁၃)မိနစ်တွင် လမ်းပတ်က ဂိုးဧရိယာ ထိပ်နားမှ ကျော်ကန်သွင်းယူရန် ကြိုးစားမှုကို ဂိုးသမား ကန်နီ ပုတ်ထုတ် ကာကွယ်သွားခဲ့သည်။ (၁၄)မိနစ်တွင် ချယ်လ်ဆီးတို့ ဒုတိယဂိုးကို ရရှိသွားသည်။ မာတာ ကန်တင်ပေးလိုက်သော ထောင့်ကန်ဘောကို ပထမအကျော့ ပွဲစဉ်တွင် လူမျိုးရေး ခွဲခြားမှုအတွက် စွပ်စွဲခံခဲ့ရသည့် အသင်းခေါင်းဆောင် တယ်ရီက ခေါင်းတိုက် သွင်းယူသွားခြင်း ဖြစ်သည်။ (၁၉)မိနစ်တွင် တောရက်စ်က ချယ်လ်ဆီးအတွက် တတိယဂိုးကို ရယူခဲ့သည်။ ကာလူး ထုတ်ပေးလိုက်သည့် ဘောလုံးအား တောရက်စ်က ဂိုးသမား ကန်နီကိုပါ ကျော်ဖြတ် လိမ်ခေါက်ယူကာ ကန်သွင်းခဲ့ခြင်းဖြစ်သည်။ ထိုဂိုးသည် ဘာစီလိုနာဘက်သို့ ချန်ပီယံလိဂ် အကြိုဗိုလ်လုပွဲတွင် ၎င်းသွင်းယူသည့်ဂိုးနှင့် ဆင်တူနေသည်ကို တွေ့ရသည်။

(၂၅)မိနစ်တွင် တောရက်စ်က ချယ်လ်ဆီးအတွက် စတုတ္ထမြောက်ဂိုးကို ရယူနိုင်ခဲ့သည်။ QPRနောက်ခံလူ အိုနူဟာနှင့် ဂိုးသမား ကန်နီတို့ကြား နားလည်မှု လွဲရာမှ ရလာသည့် ဘောလုံးကို တောရက်စ်က အမှားမခံဘဲ ဘယ်ခြေဖြင့် ကန်ထည့်သွားခဲ့သည်။ ထို့နောက်ပိုင်းတွင်လည်း ချယ်လ်ဆီးကပင် ပွဲကို စိုးမိုးထားခဲ့ပြီး QPRမှာမူ မြို့ခံပြိုင်ဘက်၏ ကစားကွက်အောက်တွင် နစ်မြုပ်နေခဲ့သည်။ (၄၅)မိနစ်တွင် တောရက်စ်အနေဖြင့် ပထမပိုင်းကတည်းက Hat-Trick ရမည့် အခွင့်အရေး ကြုံခဲ့သော်လည်း မာတာ ပေးပို့သည်ကို ကန်သွင်းသောဘောလုံး ဂိုးပေါက်လွဲသွားခဲ့သည်။ ပထမပိုင်း အပြီးတွင် ချယ်လ်ဆီးက (၄-၀)ဖြင့် ဦးဆောင်နေသည်။

(၅၁)မိနစ်တွင် ကိုးလ်က ထိုးပေးလိုက်သည့် ဘောလုံးကို လူကျွံထောင်ချောက်မှ ဖောက်ထွက်သွားသည့် မာတာ လွတ်လွတ်ကျွတ်ကျွတ် ကန်ခွင့်ရသော်လည်း ကန်နီ အမိဖမ်းသွားသည်။ (၅၄)မိနစ်တွင် QPRမှ မက်ကေး၏ အဝေးကန်ချက် အလွန်တိကျ ကောင်းမွန်သော်လည်း ချယ်လ်ဆီး ဂိုးသမားဆက်ခ်ျ အကောင်းဆုံး လက်စွမ်းပြ ပုတ်ထုတ်သွားခဲ့သည်။ (၅၈)မိနစ်တွင် တောရက်စ် ဧရိယာ ထောင့်နားမှ လှမ်းကန်သော ဘောလုံးကို ကန်နီ ကာကွယ်ခဲ့ပြန်သည်။ (၆၄)မိနစ်တွင် တောရက်စ်က ၎င်း၏ Hat-Trickဘွဲ့ခံ ဂိုးကို ရယူခဲ့သည်။ မာတာ ထုတ်ပေးလိုက်သည့် ဘောလုံးကို တောရက်စ်က လူကျွံထောင်ချောက်မှ ဖောက်ထွက်ကာ ဆွဲပြေးပြီး ထောင့်ဖြတ် အနိမ့်ကန်သွင်းသွားခြင်း ဖြစ်သည်။ (၇၉)မိနစ်တွင် ချယ်လ်ဆီး လူစားဝင် ကစားသမား ဖလော်ရင့် မာလူဒါက အသင်းအတွက် (၆)ဂိုးမြောက်ကို ရာမီရက်စ်၏ ဖြတ်ပို့မှုမှ တစ်ဆင့် ဂိုးပေါက်နှင့် အနီးကပ် ပိတ်သွင်းကာ ရယူသွားခဲ့သည်။

ကာလူး ထုတ်ပေးလိုက်သည့် ဘောလုံးအား တောရက်စ်က ဂိုးသမား ကန်နီကိုပါ ကျော်ဖြတ် လိမ်ခေါက်ယူကာ ကန်သွင်း...
(၈၃)မိနစ်တွင် QPRအတွက် တစ်လုံးတည်းသော သိက္ခာဆည် ဂိုးကို ပြင်သစ် တိုက်စစ်မှူး ဆစ်ဆီက ဧရိယာထဲမှ ကန်သွင်းပြီးနောက် ပွဲအပြီးတွင် ချယ်လ်ဆီးက (၆-၁)ဖြင့် အနိုင် ရခဲ့သည်။ ချယ်လ်ဆီး အနေဖြင့် ပထမ အကျော့က (၂)ယောက် ထုတ်ခံရပြီး (၁-၀)ဖြင့် အရေး နိမ်ခဲ့သော ရှုံးကြွေးကို ယခုပွဲတွင် အတိုးရော၊ အရင်းပါ ပေါင်းဆပ် နိုင်ခဲ့ခြင်းလည်း ဖြစ်လာခဲ့သည်။
Ref: Eurosport
Print Friendly and PDFPrintPrint Friendly and PDFPDF

0 comments:

Post a Comment

သတင်း၊ ဆောင်းပါး ၊တိုင်ကြားစာ ၊ နည်းပညာ ၊ တရားဟောချက် etc မည်သူမဆို လွှတ်လပ်စွာရေးသား ပေးပို့နိုင်ပါသည်။

သင်၏ဝေဖန်အကြံပြုစာသည် ကျတော်တို့အတွက် နောက်တဖန်ရေးသားဖို့ရန်အတွက် အားဆေးဖြစ်စေလိုပါသည်။ အချိန်ယူကာ ဝင်ရောက်ဖတ်ရှုခြင်းအတွက် အထူးကျေးဇူးတင်ပါသည်။

ခင်မင်လေးစားစွာဖြင့်- Admins
Email - simonkamta@thespiritfruit.com

Zawgyi Converter

Note - If you don't install zawgyi myanmar font in your computer, can be use this zawgyi converter

ရှာလို့လွယ်အောင် အသစ်တင်သမျှ ခေါင်းစဉ် ( 70 )