22 The fruit of the Spirit is love, joy, peace, forbearance, kindness, goodness, faithfulness, 23 gentleness and self-control. Against such things there is no law. ( Galatians 5:22-23 )  

Monday, April 30, 2012

မိမိ၏ အိပ်မက်အသင်း ချယ်လ်ဆီးတွင် ကစားရန် စပါးကို ငြင်းဆန်ခဲ့ဟု မာရင်ပြောကြား

မိမိ၏ အိပ်မက်အသင်း ချယ်လ်ဆီးကို ရွေးချယ်ရန် အတွက် တော့တင်ဟမ် ဟော့စပါးကို ငြင်းဆန်ခဲ့ကြောင်း မာကိုမာရင်က ဖွင့်ဟ ပြောကြားလိုက်သည်။

ဂျာမန် လက်ရွေးစင် တောင်ပံ တိုက်စစ်မှူး မာရင်သည် ရာသီကုန်တွင် ၀ါဒါဘရီမင် အသင်းကို စွန့်ခွာကာ ချယ်လ်ဆီးသို့ ပြောင်းရွှေ့လာမည် ဖြစ်သည်။ အသက်(၂၃)နှစ်သာ ရှိသေးသည့် မာရင်သည် ဖလောရင့် မာလူဒါကဲ့သို့ အသက်အရွယ် အရ အကျပိုင်း ရောက်လာသည့် တောင်ပံ ကစားသမား နေရာတွင် အသင့်တော်ဆုံး အစား ထိုးနိုင်မည့် ရွေးချယ်မှု ဖြစ်လာဖွယ် ရှိနေသည်။ ၎င်းကို ချယ်လ်ဆီးက ပေါင်စတာလင် (၆.၅)သန်းမျှဖြင့် ခေါ်ယူ စာချုပ် နိုင်ခဲ့ခြင်းလည်း ဖြစ်သည်။
ဂျာမနီ၏ မက်ဆီဟု တင်စားခံရသူ မာရင်

မာရင်သည် ဂျာမနီ၏ လီယွန်နယ်လ် မက်ဆီဟု တင်စားခံရသူဖြစ်ပြီး တောင်ပံနှစ်ဖက်လုံးတွင် ကျွမ်းကျွမ်းကျင်ကျင် ကစားနိုင်သည်။ ၎င်းက စပါး၏ လေးစားဖွယ် ကမ်းလှမ်းမှုကို ရခဲ့သော်လည်း အိပ်မက်အသင်းအတွက် ကစားရမည့် အခွင့်အလမ်းကို မငြင်းဆန်နိုင်ခဲ့ဟု ပြောကြားသွားသည်။ Bildနှင့် အင်တာဗျူးတွင် မာရင်က “ချယ်လ်ဆီးဟာ ကျွန်တော့် အိပ်မက် အသင်းပါ။ သူတို့နဲ့ အတူ လက်တွဲ ကစားခွင့် ရလာတဲ့ အခွင့်အရေးကြောင့် ကျွန်တော် အရမ်း ပျော်ပါတယ်။ တစ်ဖက်မှာလည်း ဒါဟာ ကျွန်တော့်အတွက် စိန်ခေါ်မှု တစ်ခု ဖြစ်လာပါပြီ။ စပါးက ကျွန်တော့်ကို လိုချင်ခဲ့ပါတယ်။ ဒါပေမဲ့ ကျွန်တော်က ချယ်လ်ဆီးကိုပဲ ရွေးခဲ့တယ်။ သူတို့က ကျွန်တော်နဲ့ ပိုသင့်တော်မယ် ထင်လို့ပါ” ဟု ပြောကြားသွားသည်။

မာရင်သည် ဘရီမင်နှင့် အတူ ဘွန်းဒစ်လီဂါတွင် (၈၇)ပွဲ ကစားပြီး (၈)ဂိုးထိ သွင်းယူ ပေးနိုင်ခဲ့သည်။
Ref: Goal
ချယ်လ်ဆီးဟာ ကျွန်တော့် အိပ်မက် အသင်းပါ။ သူတို့နဲ့ အတူ လက်တွဲ ကစားခွင့်ရလာတဲ့ အခွင့်အရေးကြောင့် ကျွန်တော် အရမ်း ပျော်ပါတယ်...
Print Friendly and PDFPrintPrint Friendly and PDFPDF

0 comments:

Post a Comment

သတင်း၊ ဆောင်းပါး ၊တိုင်ကြားစာ ၊ နည်းပညာ ၊ တရားဟောချက် etc မည်သူမဆို လွှတ်လပ်စွာရေးသား ပေးပို့နိုင်ပါသည်။

သင်၏ဝေဖန်အကြံပြုစာသည် ကျတော်တို့အတွက် နောက်တဖန်ရေးသားဖို့ရန်အတွက် အားဆေးဖြစ်စေလိုပါသည်။ အချိန်ယူကာ ဝင်ရောက်ဖတ်ရှုခြင်းအတွက် အထူးကျေးဇူးတင်ပါသည်။

ခင်မင်လေးစားစွာဖြင့်- Admins
Email - simonkamta@thespiritfruit.com

Zawgyi Converter

Note - If you don't install zawgyi myanmar font in your computer, can be use this zawgyi converter

ရှာလို့လွယ်အောင် အသစ်တင်သမျှ ခေါင်းစဉ် ( 70 )