ချယ်လ်ဆီး အသင်းသည် ဖော်မြူလာဝမ်း ပြိုင်ပွဲဝင် Sauber မော်တော်ကား ကုမ္ပဏီနှင့် လုပ်ငန်း ပူးပေါင်းမှု သဘော တူညီမှု ရရှိ ခဲ့သည့်နောက် ချယ်လ်ဆီး ကြယ်ပွင့်များသည် လေ့ကျင့်ရေး ကွင်းတွင် ပြိုင်ကားနှင့် တွဲဖက်ကာ ဓာတ်ပုံ အရိုက် ခံခဲ့ကြသည်။ ချယ်လ်ဆီးသည် ဆွစ်ဇာလန် အခြေစိုက် ဖော်မြူလာဝမ်း ပြိုင်ပွဲဝင် အသင်းနှင့် စီးပွားရေး အခွင့်အလမ်း အတော်များများ အတွက် ပူးပေါင်း ဆောင်ရွက်ရန် သဘော တူညီမှု ရရှိထားသည်။ ထို့နောက် ကော့ဘ်ဟမ်းရှိ လေ့ကျင့်ရေး ကွင်းထဲသို့ ပြိုင်ကားကို မောင်းဝင်လာကာ ချယ်လ်ဆီး ပထမ အသင်းနှင့် တွဲဖက် ဓာတ်ပုံ ရိုက်ခဲ့ခြင်း ဖြစ်သည်။
Sauber မော်တော်ကား အသင်းသည် ဆာဂျီယိုပီရက်ဇ်နှင့် ကာမူအီ ကိုဘေရှီတို့ မောင်းနှင်သော မော်တော်ကားပေါ်တွင် ချယ်လ်ဆီး တံဆိပ်ကို ဖော်ပြပေးမည်ဖြစ်ပြီး တနင်္ဂနွေနေ့ စပိန်ဂရင်းပရီ ပြိုင်ပွဲတွင် အဆိုပါ စီမံကိန်းကို စတင်မည် ဖြစ်သည်။ Sauber ကားအသင်းသည် ယခုရာသီ ဖော်မြူလာဝမ်း ပြိုင်ပွဲတွင် (၃၁)မှတ် ရရှိထားသည်။ အပြန်အလှန်အားဖြင့် ချယ်လ်ဆီးကလည်း Sauber ၏ အမှတ် တံဆိပ်ကို ကွင်းအတွင်းရှိ ကြော်ငြာ ဘုတ်များနှင့် ကစားသမားများ အင်တာဗျူး ဖြေကြားရာ နေရာရှိ နောက်ခံ ဘုတ်ပေါ်တွင် ဖော်ပြရမည် ဖြစ်သည်။
ပြိုင်ကားနှင့် တွဲကာ ဓာတ်ပုံ အရိုက်ခံနေသည့် ချယ်လ်ဆီး အသင်းသားများ
ချယ်လ်ဆီး ကစားသမားများ အနက် ဖော်မြူလာဝမ်း ကားပြိုင်ပွဲများကို အခိုင်အမာ အားပေးနေသူ တစ်ဦးမှာ ဂျူအန်မာတာ ဖြစ်သည်။ စပိန်သား တောင်ပံလူက "ကျွန်တော်က ဖော်မြူလာဝမ်း ပရိသတ်လေ။ ကျွန်တော် ဖာနန်ဒို အလွန်ဆိုကို အားပေးတယ်။ ဖော်မြူလာဝမ်းဟာ တကယ် ကြီးကျယ် ခမ်းနားတဲ့ အားကစား တစ်ခုပါ" ဟု ပြောကြားသွားသည်။
Ref: Daily Mail
Sauber မော်တော်ကား အသင်းသည် ဆာဂျီယိုပီရက်ဇ်နှင့် ကာမူအီ ကိုဘေရှီတို့ မောင်းနှင်သော မော်တော်ကားပေါ်တွင် ချယ်လ်ဆီး တံဆိပ်ကို ဖော်ပြပေးမည်ဖြစ်ပြီး တနင်္ဂနွေနေ့ စပိန်ဂရင်းပရီ ပြိုင်ပွဲတွင် အဆိုပါ စီမံကိန်းကို စတင်မည် ဖြစ်...
10:44 AM
Admin
Posted in: 

0 comments:
Post a Comment
သတင်း၊ ဆောင်းပါး ၊တိုင်ကြားစာ ၊ နည်းပညာ ၊ တရားဟောချက် etc မည်သူမဆို လွှတ်လပ်စွာရေးသား ပေးပို့နိုင်ပါသည်။
သင်၏ဝေဖန်အကြံပြုစာသည် ကျတော်တို့အတွက် နောက်တဖန်ရေးသားဖို့ရန်အတွက် အားဆေးဖြစ်စေလိုပါသည်။ အချိန်ယူကာ ဝင်ရောက်ဖတ်ရှုခြင်းအတွက် အထူးကျေးဇူးတင်ပါသည်။
ခင်မင်လေးစားစွာဖြင့်- Admins
Email - simonkamta@thespiritfruit.com