ယူ-၂၂ အသင်းသည် ကိုရီးယားလူမျိုး ပတ်ဆောင်ဟွာ၏ စီစဉ်မှုဖြင့် ကိုရီးယားတွင် (၃)ပတ်ကြာ လေ့ကျင့်ရေးနှင့် ခြေစမ်းပွဲများ သွားရောက် ကစားခဲ့သည့် အသင်းဖြစ်ကာ ရန်ကုန်သို့ မေလ (၈)ရက်နေ့က ပြန်ရောက် လာခဲ့သည်။ မေလ (၉)ရက်နေ့ နံနက်ပိုင်းက ဘောလုံး အဖွဲ့ချုပ် ဥက္ကဋ္ဌနှင့် တွေ့ဆုံခဲ့ပြီး နောက်တွင် အသင်းသား များအား သက်ဆိုင်ရာ ကလပ်အသင်း များထံသို့ ပြန်လည် စေလွှတ်ခဲ့ပြီး ဖြစ်သော်လည်း နည်းပြချုပ် ပတ်ဆောင်ဟွာ၏ တောင်းဆိုမှုအရ တစ်ပတ်လျှင် နှစ်ရက်၊ သုံးရက်ခန့် စုစည်း လေ့ကျင့်ခွင့် ရရန် ပြင်ဆင်နေခြင်း ဖြစ်သည်။ ထို့အတူ AFC Cup ပြိုင်ပွဲကြောင့် အသင်းနှင့်အတူ လိုက်ပါနိုင်ခြင်း မရှိခဲ့သည့် ရန်ကုန် ယူနိုက်တက်နှင့် ဧရာဝတီ ယူနိုက်တက်တို့မှ ကစားသမား များကိုလည်း ပြန်လည် စုစည်းစေမည် ဖြစ်သည်။
သို့သော် ရပ်နားထားသည့် မြန်မာ နေရှင်နယ်လိဂ် ပြိုင်ပွဲမှာ ယခုတစ်ပတ် ပိတ်ရက်တွင် ပြန်လည် စတင်တော့မည် ဖြစ်ရာ ကလပ်အသင်း များအနေဖြင့် ကြားရက်များတွင် ၎င်းတို့၏ ကစားသမား များအား ယူ-၂၂ အသင်းအတွက် စေလွှတ်ပေးရန် ကိစ္စနှင့် ပတ်သက်၍ မည်ကဲ့သို့ ဆုံးဖြတ်မည် ဆိုသည်မှာ စောင့်ကြည့်ရမည် ဖြစ်သည်
10:43 AM
Admin
Posted in: 

0 comments:
Post a Comment
သတင်း၊ ဆောင်းပါး ၊တိုင်ကြားစာ ၊ နည်းပညာ ၊ တရားဟောချက် etc မည်သူမဆို လွှတ်လပ်စွာရေးသား ပေးပို့နိုင်ပါသည်။
သင်၏ဝေဖန်အကြံပြုစာသည် ကျတော်တို့အတွက် နောက်တဖန်ရေးသားဖို့ရန်အတွက် အားဆေးဖြစ်စေလိုပါသည်။ အချိန်ယူကာ ဝင်ရောက်ဖတ်ရှုခြင်းအတွက် အထူးကျေးဇူးတင်ပါသည်။
ခင်မင်လေးစားစွာဖြင့်- Admins
Email - simonkamta@thespiritfruit.com