စပိန်ထိပ်သီး အသင်းကြီးမှ ကမ္ဘာ့အကောင်းဆုံး ဘောလုံးသမား ဆုကို (၃)နှစ်ဆက် ရရှိထားသည့် အာဂျင်တီးနား လက်ရွေးစင်သည် မိမိအား လူမျိုးရေး ခွဲခြားခဲ့ကြောင်း ရွိုင်စတန် ဒရန်သီက စွပ်စွဲထားသည်။ နယ်သာလန် တောင်ပံ ကစားသမား ဒရန်သီသည် ရီးယဲလ်မက်ဒရစ်မှ အင်္ဂလန်ကလပ် အဲဗာတန်သို့ အငှားလာရောက် ကစားနေသူဖြစ်သည်။ ၎င်းက စပိန် ဘောလုံး ပြိုင်ပွဲများတွင် မက်ဆီနှင့် မကြာခဏ ရင်ဆိုင်ခဲ့ရစဉ်က မက်ဆီသည် နှုတ်မစောင့်စည်းဘဲ မိမိကို နီဂရိုးဟု စော်ကား ခေါ်ဝေါ်လေ့ ရှိကြောင်း စွပ်စွဲခဲ့သည်။
ဘာစီလိုနာသည် အစောပိုင်းက ထိုကိစ္စအပေါ် မဖြေရှင်းဘဲ နှုတ်ဆိတ် နေခဲ့သော်လည်း ယခုအခါ မက်ဆီဘက်မှ ကာကွယ် ပြောကြားလာခဲ့သည်။ အသင်းက ကြေညာချက် တစ်စောင် ထုတ်ပြန် ဖြေရှင်းရာတွင် "မက်ဆီဟာ ပြိုင်ဘက်အပေါ် အမြဲတမ်း လေးစားမှု ရှိရှိနဲ့ အားကစား ပီပီသသ ဆက်ဆံလေ့ ရှိသူပါ။ စွပ်စွဲချက်တွေက အခြေအမြစ် မရှိပါဘူး" ဟု ဖော်ပြသွားသည်။ လူမည်းတစ်ဦး ဖြစ်သော ဒရန်သီက နီဂရိုးဆိုသော အသုံးအနှုန်းသည် မိမိအတွက် ရင့်သီးသည်ဟု ခံယူ ထားခဲ့သည်။
မက်ဆီဟာ ပြိုင်ဘက်အပေါ် အမြဲတမ်း လေးစားမှုရှိရှိနဲ့ အားကစား ပီပီသသ ဆက်ဆံလေ့ ရှိသူပါ။ စွပ်စွဲချက်တွေက အခြေအမြစ် မရှိပါဘူး...
ယခု ဘောလုံးရာသီ အတွင်း လီဗာပူးလ် အသင်းမှ တိုက်စစ်မှူး လူးဝစ်ဆွာရက်ဇ်သည် မန်ချက်စတာ ယူနိုက်တက် ခံစစ်မှူး ပက်ထရစ် အီဗရာကို နီဂရိုးဟု ခေါ်ဝေါ် မိသဖြင့် (၈)ပွဲပယ် ပြစ်ဒဏ် ကျခံရပြီး ဒဏ်ငွေပါ တပ်အရိုက် ခံခဲ့ရသည်။
Ref: The World Game
10:41 AM
Admin
Posted in: 

0 comments:
Post a Comment
သတင်း၊ ဆောင်းပါး ၊တိုင်ကြားစာ ၊ နည်းပညာ ၊ တရားဟောချက် etc မည်သူမဆို လွှတ်လပ်စွာရေးသား ပေးပို့နိုင်ပါသည်။
သင်၏ဝေဖန်အကြံပြုစာသည် ကျတော်တို့အတွက် နောက်တဖန်ရေးသားဖို့ရန်အတွက် အားဆေးဖြစ်စေလိုပါသည်။ အချိန်ယူကာ ဝင်ရောက်ဖတ်ရှုခြင်းအတွက် အထူးကျေးဇူးတင်ပါသည်။
ခင်မင်လေးစားစွာဖြင့်- Admins
Email - simonkamta@thespiritfruit.com